SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA နှစ်ဘက်အရာရှိများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ SSPP ထိန်းချုပ် မိုင်းရယ်၊ နမ့်ပေါင်နှင့် ဆင်ကျော့အနီးတဝိုက်တွင် MNDAA မှ တပ်သားစုဆောင်းခြင်း၊ အုပ်ချုပ်ရေးချမှတ်ခြင်းနှင့် အခွန်(ဆတ်ကြေး) ကောက်ခံခြင်း မပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဓိကတော့ စစ်ရေးအခြေအနေ ရှုပ်ထွေးတဲ့ ကာလမှာ ကိုးကန့်ဘက်က တပ်မဆုတ်သေးဘူး။ ဒါပေမယ့် နှစ်ဘက်တပ်ကို မထိခိုက်အောင်၊ အသွားအလာ တားဆီးပိတ်ပင်တာ မရှိအောင် ပြောဆိုကြတယ်။ SSPP နယ်မြေထဲ စစ်သားကောက်တာ၊ အုပ်ချုပ်ရေးပုံစံ ချတာနဲ့ အခွန်ကောက်တာတွေ ထပ်မဖြစ်ဖို့၊ ဖြစ်ပြီးတာလည်း နှစ်ဘက်ကြားထဲ နောက်ပိုင်း ဆက်ညှိသွားကြဖို့ သဘောတူကြတယ်”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့နယ်အတွင်း ကျင်းပခဲ့သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ MNDAA ဘက်မှ ဒုတိယစစ်ဦးစီးချုပ်၊ အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ (၂၁၁) (၃၁၁) (၅၁၁) (၆၁၁) တပ်မဟာမှူးများနှင့် ပြင်ပဆက်ဆံရေး ဒုဌာနမှူးတို့ (၁၃) ဦး တက်ရောက်ခဲ့ကြသည်။

အလားတူ SSPP ဘက်မှ ဒုတိယစစ်ဦးစီးချုပ်နှင့် အကောက်ခွန်ဌာနမှူး ဒုတိယဗိုလ်ချုပ်ကြီး ငေါဝ်းဖ နှင့် ဗိုလ်ချုပ် ဝင်းအောင် တို့ ဦးဆောင်ပြီး ဗဟိုစစ်ဦးစီးအဖွဲ့ဝင်၊ (၉၈၉) (၉၇၉) (၇၃၈) တပ်မဟာများမှ နိုင်ငံရေးမှူးများ စုစုပေါင်း (၁၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကြားနေကိုယ်စားလှယ်အဖြစ် ‘ဝ’တပ်ဖွဲ့ UWSA လည်း အစည်းအဝေးတွင် တက်ရောက်ပြီး ဆွေးနွေးမှုရလဒ်များကို မှတ်တမ်းတင်ခဲ့ကြောင်း ကိုးကန့်သတင်းကွန်ရက်မှ ယမန်နေ့ (ဇွန်လ ၁၈ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

SSPP နှင့် MNDAA တို့၏ ဒုတိယအကြိမ် ဆွေးနွေးပွဲမှ ရရှိခဲ့သည့် သဘောတူညီချက်များကို စုံစမ်းမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

ကနဦးတွင် SSPP ဌာနချုပ်သို့ MNDAA မှ လာရောက်ဆွေးနွေးရန် ပြောဆိုခဲ့ကြောင်း သိရသော်လည်း SSPP ဘက်မှ FPNCC ဥက္ကဋ္ဌရှိရာ UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ သွားရောက်ဆွေးနွေးလိုကြောင်း အကြောင်းပြန်ခဲ့ပြီးနောက် လားရှိုးမြို့နယ်အတွင်း သုံးပွင့်ဆိုင် တွေ့ဆုံခြင်း ဖြစ်လာကြောင်း အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခု ဒုတိယအကြိမ် ဆွေးနွေးပွဲပြီးနောက် SSPP နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ကြား ဆက်ဆံရေးအဖွဲ့ ထပ်မံထားရှိပြီး နယ်မြေအငြင်းပွားမှု ပြဿနာကို ဆက်လက်ဖြေရှင်းသွားမည်ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းတွင်လည်း နယ်မြေအငြင်းပွားမှု ပြဿနာများ ပြေလည်ရန်အတွက် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့သို့ SSPP ဘက်မှ ဗဟိုနိုင်ငံရေး ကော်မတီနှင့် MNDAA ဘက်မှ ဗဟိုအဆင့် တာဝန်ရှိသူများ နှစ်ဘက်တွေ့ဆုံပြီး စစ်ရေးတင်းမာမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

၎င်းနောက် ဇွန်လ ၁ ရက်နေ့တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စုအတွင်း SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ကိုးကန့်တပ်သား (၈) ဦး ကျဆုံးပြီး ဒဏ်ရာရသူရှိကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...