Monday, February 2, 2026

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။

ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက် (၄) ရှိ “ကျော်သရဖူ ရွှေဆိုင်”၏ ရွှေပန်းတိမ် လုပ်ငန်းရှိရာ နေအိမ်သို့ အမည်မသိ လက်နက်ကိုင် လူတစ်စုမှ ဓားပြတိုက် လုယက်ခဲ့ခြင်းကြောင့် ရွှေသား (၅) ပိဿာခန့်နှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ဆုံးရှုံးသွားခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“မနေ့က ကျော်သရဖူ ရွှေဆိုင်ရဲ့ နေအိမ်ကို ဓားပြဝင်တိုက်သွားတာ ဟုတ်တယ်၊ သူတို့က အိမ်မှာလည်း ရွှေဆိုင်ဖွင့်ထားတာ။ လားရှိုးဈေးကြီးထဲမှာလည်း ရွှေဆိုင်ဖွင့်ထားတာ မကြာသေးဘူး၊ ဓားပြတိုက်ခံရတာက သူတို့ အိမ်ဆိုင်မှာ။ ရွှေ ၅ ပိဿာနဲ့ ငွေသား သိန်းတစ်ထောင်ကျော် ပါသွားတယ်လို့လည်း ပြောနေကြတယ်” ဟု လားရှိုးဒေသခံ အသက် (၄၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြတိုက် လုယက်ခံခဲ့ရသည့် ရွှေပန်းတိမ်လုပ်ငန်းရှိရာ နေအိမ်သည် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် မဟာဗောဓရုံ ကျောင်းတိုက်အနီး တည်ရှိပြီး ဆရာတော်ဈာပနပွဲ လူစည်ကားနေစဉ် အခွင့်ကောင်းယူကာ အမည်မသိ လက်နက်ကိုင် လူ(၇) ဦးမှ ကား(၃) စီးဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“အခု ဈေးထဲမှာ ပြောသံကြားတာ ရွှေတော့ မပါသွားဘူး။ ဓားပြတွေ အိမ်ထဲဝင်တုန်းက အိမ်ရှင်က သေနတ်အရင်ပစ်လိုက်လို့ ငွေထုပ်ကိုပဲ ဓားပြတွေ ဆွဲသွားနိုင်တယ်လို့ ပြောတယ်။ အခုထိတော့ ကျူးလွန်တဲ့လူတွေကိုလည်း ဖမ်းမိတယ်လို့ မကြားသေးဘူး။ စစ်တပ်ပြန်အုပ်ချုပ်တော့ သူခိုးဓားပြတွေ အရင်လို ပြန်များလာတယ်၊ တချို့လည်း စစ်တပ်ကလူတွေ လုပ်တာလို့တောင် ပြောနေကြတယ်။ ဒီလိုဖြစ်ပြီးရင် တစ်ခါမှလည်း ပြန်မဖမ်းမိဘူးလေ” ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

လားရှိုးမြို့ရှိ “ကျော်သရဖူ” ရွှေဆိုင်သည် ရွှေသန့်စင်လုပ်ငန်းနှင့် ရွှေထည်ပစ္စည်း အပေါင်ခံ လုပ်ငန်းတို့လည်း လုပ်ကိုင်ပြီး လားရှိုးမြို့မဈေးတွင် မကြာသေးခင်မှ ရွှေဆိုင် ထပ်မံဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မြို့တွင်းလုံခြုံရေး ယူထားသည့်ကြားမှ လူသတ်မှု၊ ဓားပြတိုက် လုယက်မှုတို့ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် မြို့နေပြည်သူများအကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး အခြေအနေအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လျက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...