RCSS အပေါ် ခြိမ်းခြောက်ခဲ့သည့် ဓနု PDF အဖွဲ့ကို RCSS ကထိရောက်စွာအရေးယူမည်ဟု သတင်းမှားဖြန့်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်မတော် RCSS/SSA ကို ခြိမ်းခြောက်စာထုတ်ပြန်ခဲ့သည့် ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် DANU PDFကို RCSS ကပြန်ပြီး ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ဖြန့်ချိနေသည်။

စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “ဓနုဒေသအတွင်းရှိ ရပ်စောက်၊ အင်တောကျောက်ဂူဒေသတွင် RCSS/ SSA အနေဖြင့် တပ်သားသစ်များ အတင်းအဓမ္မ မစုဆောင်းရန် ဓနုလူမျိုးအမည်ခံ PDF အဖွဲ့က ခြိမ်းခြောက်စာထုတ်ပြန်၍ အသိပေးခဲ့၊ RCSS အပေါ်ခြိမ်းခြောက်ခဲ့တဲ့ ဓနု PDF အဖွဲ့ကိုထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ RCSS/ SSA တပ်မဟာ ၂၄၉ လက်အောက်ခံတပ်ရင်းမှ စိုင်းနာလိန်က MSM သို့ပြော” ဟုဆိုကာ လုပ်ကြံသတင်းများ ဖန်တီးပြီး ချဲ့ကားဝါဒဖြန့်ချိနေလျက်ရှိသည်။

အဆိုပါ စစ်ကောင်စီ ဝါဒဖြန့်ပိုစ့်ကို ကြည့်ရှု့သူပေါင်း ၁ ထောင်ကျော်ရှိသည်။

မူရင်လင်း- https://archive.ph/gSI9w

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ဓနုလူမျိုးအများစုနေထိုင်သည့် ရွာငံမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် နောင်ချို့မြို့နယ်တို့တွင် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများက အဓမ္မတပ်သားသစ်စုဆောင်းခြင်းအပေါ် DANU PDF က ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကြေညာခဲ့သည်မှာ မှန်ကန်သည်။

မူရင်းလင့်- https://shorturl.at/BHJR0

သို့သော် အဓမ္မတပ်သားသစ်စုဆောင်းသည့်နေရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ကဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြထားခြင်းမရှိပေ။

ထိုကဲ့သို့ ပြောဆိုခြင်းမရှိသည်ကို စစ်တပ်လော်ဘီများက တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား ပဋိက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် သတင်းလုပ်ကြံဖန်တီးပြီး ရေးသားကာ သွေးထိုးလှုံ့ဆော် နေခြင်းဖြစ်သည်။

ထို့အပြင် ခိုင်လုံသည့်သက်သေ အထောက်အထားများ ဖော်ပြထားခြင်းမရှိဘဲ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS “တပ်မဟာ ၂၄၉ လက်အောက်ခံ တပ်ရင်းမှ စိုင်းနာလိန်က MSM သို့ပြော”သည်ဟု လုပ်ကြံဖန်တီးရေးသားထားသည်။

ဝါဒဖြန့်ပိုစ့်အောက်တွင်ဖော်ပြထားသော RCSS ဥက္ကာဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရွက်ဆစ် မိန့်ခွန်းစကားပြော ဓာတ်ပုံသည်လည်း ဧပြီလ ၂၁ ရက်က မိုးပန်မြို့နယ်မှာပြုလုပ်ခဲ့သည့် စစ်သင်တန်းဆင်းပွဲမှာ မှတ်တမ်းရိုက်ကူး ထားသည့် ဓာတ်ပုံဖြစ်သည်။

မူရင်းလင့်- https://shorturl.at/lASY5

ထို့ကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကို ခြိမ်းခြောက်စာထုတ်ပြန်ခဲ့သည့် ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် DANU PDFကို RCSS ကပြန်လည်အရေးယူမည်ဟု သတင်းဟာ လုပ်ကြံသတင်းမှားဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

တောင်ကြီးတွင် အမျိုးသမီးများ ပေါ်တာဆွဲသည့်သတင်းကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြစ်သည်ဟု ပုံဖျက်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးများအား ပေါ်တာဆွဲနေသည်ဆိုသော ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်သည် သတင်းမှားသာဖြစ်ပြီး ဒေသခံများက အဆိုပါသတင်းဌာနကို ပြန်လည်တုံပြန်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော “Ko Thet” တယ်လီဂရမ်ချန်နယ်မှ မတ်လ ၅ ရက်နေတွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...