နိုင်ငံရေး ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှု လျစ်လျူရှုခံနေရခြင်းကို ကန့်ကွတ်ရှုတ်ချဟု TWO ပြော

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ နှင့် ၂၉ ရက် နှစ်ရက်တိုင်တိုင် နမ္မတူမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နမ္မတူမြို့တွင် ကျင်းပသည့် ၎င်းဖိုရမ်သို့ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နမ္မတူနှင့် မိုးမိတ်မြို့နယ်ရှိ တအာင်းအရပ်ဘက် အဖွဲ့အစည်းများ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကျေးရွာအကြမ်းဖက်မှု လျှော့ချရေးကော်မတီဝင်များမှ အမျိုးသမီး ကိုယ်စားလှယ် စုစုပေါင်း (၁၄၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တအာင်းအမျိုးသမီးအဖွဲ့သည် အမျိုးသမီးထုအား ကိုယ်စားပြုပြီး နိုင်ငံရေး ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတွင် အမျိုးသမီး ကိုယ်စားပြုပါဝင်မှု လျစ်လျူရှုခံနေရခြင်းကို ကန့်ကွက်ရှုတ်ချပြီး ကျား-မ တန်းတူရေး ရရှိလာရန်အတွက် ဖိုဝါဒ ကြီးစိုးမှုကို တော်လှန်တိုက်ထုတ်သွားမည်ဟုလည်း မတ်လ ၃၁ ရက် ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

နမ္မတူမြို့တွင် နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် တအာင်းအမျိုးသမီးဖိုရမ် ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စစ်ရေးပဋိပက္ခအတွင်း တအာင်းအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ စိန်ခေါ်မှုများကို သျှမ်းသံတော်ဆင့်မှ စိုင်းခွမ်မိန်းက တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ပြောရေးဆိုခွင့်ရှိသူထံသို့ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ တအာင်းအမျိုးသမီး ဖိုရမ် ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ။ ဖိုရမ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ (၁) နိုင်ငံရေး အခန်းကဏ္ဍ အပါအဝင် ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတိုင်းတွင် အမျိုးသမီးပါဝင်မှု ပိုမိုမြင့်မားလာစေရန်၊ (၂) တအာင်းဒေသ အသီးသီးမှာရှိတဲ့ အမျိုးသမီးတွေအပေါ် အန္တရာယ်ဖြစ်စေသည့် ဓလေ့ထုံးတမ်းများ ဖော်ထုတ်နိုင်ရန်နှင့် လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရန်၊ (၃) တအာင်းဒေသ အသီးသီးရှိ အမျိုးသမီး အချင်းချင်းကြား ကွန်ရက်တည်ဆောက်နိုင်စေရန်
(၄) ဖိုရမ်ရလဒ်အပေါ် အခြေခံပြီး ကျား-မ ရေးရာ မူဝါဒ ရေးဆွဲသွားရန် ဒီဟာတွေ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် အမျိုးသမီးတွေအတွက် စိန်ခေါ်မှုက ဘာတွေရှိမလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံရေး အခြေအနေအရ အမျိုးသမီးများအတွက် လုံခြုံမှု မရှိနေခြင်း၊ အကြမ်းဖက်မှုများ ပိုမို ဖြစ်ပွားလာစေခြင်း ဒီဟာတွေ ဖြစ်လာပါတယ်။ အမျိုးသမီး အကြမ်းဖက်ခံရမှုများ ရှိနေသော်လည်း တိုင်ကြားရန်နေရာ အခက်အခဲ ရှိနေခြင်း၊ ခေတ္တနားခိုရာ စင်တာ လိုမျိုး ထားရှိပေးဖို့ အခက်အခဲရှိနေခြင်း ဒီလိုမျိုးတွေ ကြုံလာရပါတယ်။

တအာင်းအမျိုးသမီးများအပေါ် အန္တရာယ်ရှိနေတဲ့ ဓလေ့ထုံးတမ်းတွေ၊ ဥပမာ – အိမ်ထောင်မကျသေးဘဲ ကိုယ်ဝန်ရသည့် အမျိုးသမီးများကို ရွာပြင်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံနေခြင်း စသဖြင့် များစွာ ရှိနေပါတယ်။

မေး။ ။ အခုဆိုရင် တအာင်းအမျိုးသမီးအဖွဲ့အနေနဲ့ တိုက်ပွဲကြားမှာ နေထိုင်ပြီး မြေပြင်က အချက်အလက်တွေကို ကောက်ယူစုဆောင်းနေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နမ္မတူမြို့မှာ တအာင်းအမျိုးသမီးဖိုရမ်ကို ကျင်းပနိုင်ခဲ့တယ်၊ ဒီအပေါ်မှာ တအာင်းအမျိုးသမီးတွေ အနေနဲ့ ဘယ်လိုမျိုး အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေလဲ။

ဖြေ။ ။ လုပ်ငန်းအကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှု များစွာရှိတယ်။ ကွင်းဆင်းတဲ့အခါမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေ၊ စစ်လက်နက် အကြွင်းအကျန်တွေကို စိုးရိမ်နေရတာတွေ ရှိမယ်။ လုံခြုံရေးအတွက် စိုးရိမ်နေရခြင်း၊ လမ်းပန်းဆက်သွယ်ရေး အပိုင်းမှာဆိုရင် သွားလာရေး အခက်အခဲ ရှိနေခြင်း၊ အင်တာနက် ဖုန်းလိုင်း ပျက်တောက်မှု မကြာခဏ ကြုံတွေ့နေရတာတွေ ဖြစ်တာပေါ့။

တစ်ဘက်မှာလည်း စစ်ကောင်စီက နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေငြာတော့ မြေပြင်ဒေသ အခြေအနေက လုံးဝ လုံခြုံစိတ်ချရတဲ့ ပုံစံမျိုး မဟုတ်သေးတော့ သတိထားပြီး လုပ်ဆောင်နေရပါတယ်။

မေး။ ။ ဒေသအတွင်းမှာ ရှိတဲ့ အတူနေတိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသမီး အဖွဲ့အစည်းအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်နေလဲ။

ဖြေ။ ။ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ကွန်ယက်ချိတ်ဆက်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေ လုပ်တာရှိသလို ဒေသအတွင်းမှာလည်း သင်တန်းတွေပေးတယ်။ ဒီသင်တန်းတွေကို လူမျိုးတိုင်း မည်သူမဆို တက်ရောက်ခွင့်ပေးထားတယ်။

မေး။ ။ လက်ရှိမှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA တပ်ဖွဲ့က မြို့တွေကို သိမ်းပိုက်လာနိုင်တယ်။ ဒီလိုမျိုး သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီနေရာတွေမှာ လက်ရှိအချိန်ထိ အရပ်သားဦးဆောင်တဲ့ အုပ်ချုပ်မှုပုံစံမျိုး မလုပ်နိုင်သေးတာ၊ ဥပမာ- ကရင်နီမှာဆိုရင် IEC လိုမျိုးပေါ့။ အရပ်သားအစိုးရပုံစံ မကူးပြောင်းနိုင်သေးတဲ့ အပေါ်မှာ လက်ရှိနိုင်ငံရေးအပေါ် အရပ်သားအုပ်ချုပ်မှုပုံစံ ကူးပြောင်းနိုင်အောင် ဘယ်လိုမျိုး ဖိအားပေးသွားဖို့ရှိလဲ။

ဖြေ။ ။ ကျမတို့လည်း စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ကရင်နီနဲ့ သျှမ်းပြည်က မတူညီတာတွေ များတယ်။ သျှမ်းပြည်မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ERO လည်း များသလို တစ်ဘက်မှာလည်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ပြန်ကြေငြာထားတော့ လုံခြုံရေး အခြေအနေက ဘယ်လိုရှိမလဲဆိုတာကို သေချာ မသိနိုင်သေးတော့ တိတိကျကျ အဖြေပေးရခက်ပါတယ်။ သို့သော်ငြားလည်း အရပ်သားဦးဆောင်တဲ့ အုပ်ချုပ်မှု အစိုးရပုံစံ ဖြစ်ပေါ်လာဖို့ ကျမတို့ တိုက်တွန်းသွားဖို့ ရှိနေပါတယ်။

မေး။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...