Tuesday, January 27, 2026

နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် ဒုချုပ်စိုးဝင်းရေပတ်နေဟု ဓာတ်ပုံဟောင်းသုံးပြီး သတင်းမှားဖြန့်

နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟု ဖြန့်ချိနေပါသည်။

စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Naung Taw Lay အကောင့်မှ “နေပြည်တော်၊ မြို့တော်ဝန် မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း” ဟုဆိုကာ ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး ပြည်သူလူထုကို လှည့်ဖျားမှားယွင်းတင်ဆက်ချက်ဖြင့် ဖြန့်ချိနေ လျက်ရှိသည်။

အဆိုပါသတင်းမှားကို ကြည့်ရှု့သူပေါင်း ၅ ထောင်ကျော်ရှိသည်။

မူရင်းလင့် – https://archive.ph/3mA9z

အလားတူ လှုမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဒရုန်းတိုက်ခိုက်ခံရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား နေပြည်တော်မဟာသင်္ကြန်မဏ္ဍပ်၌ ကျန်းမာစွာ တွေ့မြင်ရပါသည်ဟု ထပ်မံဖြန့်ချိထားပါသည်။

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ လော်ဘီဖြန့်ချိသည့် ဓာတ်ပုံ၏အနောက်တွင် မြန်မာသက္ကရာဇ် (၁၃၈၄ ခုနှစ်) ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ယခုကျရောက်သည့် အတာသင်္ကြန်သည် မြန်မာသက္ကရာဇ်အားဖြင့် (၁၃၈၆ ခုနှစ်) သို့ ကူးပြောင်းသောနှစ်ဖြစ်ပါသည်။

ထို့ကြောင့် ဓာတ်ပုံသည် ပုံအဟောင်းကို အသုံးပြုထားခြင်း ဖြစ်သည်။

BBC သတင်းဌာန၏ ဖော်ပြချက်အရ စစ်ကောင်စီ ဒုချုပ်ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တော်လှန်ရေး အင်အားစုများ၏ ဒရုန်းတိုက်ခိုက်ခံမှုကိုခံရပြီးသည့်နောက် သင်္ကြန်ဖွင့်သို့မတက်ရောက်နိုင်သကဲ့သို့ လူမြင်ကွင်းမှ ပျောက်ကွက်နေသည်ဟု ရေးသားဖော်ပြထားပါသည်။

မူရင်းလင့်- https://shorturl.at/ezLOR

ယုံကြည်စိတ်ချရသည့် အခြားသတင်းဌာနများတွင်လည်း ဒရုန်းတိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လှုမြင်ကွင်းမှ ပျောက်ကွက်နေသည်မှာ နှစ်ပတ်နီးပါးရှိပြီဟု ဖော်ပြထားပါသည်။

မဇ္ဓျိမမှဖော်ပြထားသော သတင်းကိုအောက်ကလင့်ကို ကြည့်ပါ။

မူရင်းလင့် – https://shorturl.at/iFMZ3

ထို့ကြောင့် ဓာတ်ပုံအဟောင်းအား လှည့်ဖျားအသုံးပြု၍ နေပြည်တော်၊ မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး ပြည်သူလူထုကို လှည့်ဖျားနေခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...