နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် ဒုချုပ်စိုးဝင်းရေပတ်နေဟု ဓာတ်ပုံဟောင်းသုံးပြီး သတင်းမှားဖြန့်

နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟု ဖြန့်ချိနေပါသည်။

စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Naung Taw Lay အကောင့်မှ “နေပြည်တော်၊ မြို့တော်ဝန် မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း” ဟုဆိုကာ ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး ပြည်သူလူထုကို လှည့်ဖျားမှားယွင်းတင်ဆက်ချက်ဖြင့် ဖြန့်ချိနေ လျက်ရှိသည်။

အဆိုပါသတင်းမှားကို ကြည့်ရှု့သူပေါင်း ၅ ထောင်ကျော်ရှိသည်။

မူရင်းလင့် – https://archive.ph/3mA9z

အလားတူ လှုမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဒရုန်းတိုက်ခိုက်ခံရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား နေပြည်တော်မဟာသင်္ကြန်မဏ္ဍပ်၌ ကျန်းမာစွာ တွေ့မြင်ရပါသည်ဟု ထပ်မံဖြန့်ချိထားပါသည်။

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ လော်ဘီဖြန့်ချိသည့် ဓာတ်ပုံ၏အနောက်တွင် မြန်မာသက္ကရာဇ် (၁၃၈၄ ခုနှစ်) ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ယခုကျရောက်သည့် အတာသင်္ကြန်သည် မြန်မာသက္ကရာဇ်အားဖြင့် (၁၃၈၆ ခုနှစ်) သို့ ကူးပြောင်းသောနှစ်ဖြစ်ပါသည်။

ထို့ကြောင့် ဓာတ်ပုံသည် ပုံအဟောင်းကို အသုံးပြုထားခြင်း ဖြစ်သည်။

BBC သတင်းဌာန၏ ဖော်ပြချက်အရ စစ်ကောင်စီ ဒုချုပ်ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တော်လှန်ရေး အင်အားစုများ၏ ဒရုန်းတိုက်ခိုက်ခံမှုကိုခံရပြီးသည့်နောက် သင်္ကြန်ဖွင့်သို့မတက်ရောက်နိုင်သကဲ့သို့ လူမြင်ကွင်းမှ ပျောက်ကွက်နေသည်ဟု ရေးသားဖော်ပြထားပါသည်။

မူရင်းလင့်- https://shorturl.at/ezLOR

ယုံကြည်စိတ်ချရသည့် အခြားသတင်းဌာနများတွင်လည်း ဒရုန်းတိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လှုမြင်ကွင်းမှ ပျောက်ကွက်နေသည်မှာ နှစ်ပတ်နီးပါးရှိပြီဟု ဖော်ပြထားပါသည်။

မဇ္ဓျိမမှဖော်ပြထားသော သတင်းကိုအောက်ကလင့်ကို ကြည့်ပါ။

မူရင်းလင့် – https://shorturl.at/iFMZ3

ထို့ကြောင့် ဓာတ်ပုံအဟောင်းအား လှည့်ဖျားအသုံးပြု၍ နေပြည်တော်၊ မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး ပြည်သူလူထုကို လှည့်ဖျားနေခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...