ကျောက်ဂူထဲရောက်တဲ့ စစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲမြင်ကွင်း

မဲမှောင်နေတဲ့ ကျောက်ဂူ၊ ကျောက်ဆောင်တွေအောက်မှာ မိုးကာလေးကို အခင်းလုပ်ပြီး စစ်ရှောင်ကလေး၊ သက်ကြီးရွယ်အိုတွေဟာ ထိုင်သူကထိုင်၊ အိပ်သူကအိပ်နဲ့ တွေ့မြင်နေရပါတယ်။

အချို့သူတွေကလည်း ကျောက်ဂူ၊ ကျောက်ဆောင်နံဘေးမှာ မိုးကာအစိမ်းနဲ့ တဲထိုးပြီးနေနေကြပါတယ်။

ဒါ့အပြင် သခင်နဲ့အတူပါလာတဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်လေးတွေကလည်း စားရယုံတမယ် အစာစားပြီးတော့ ထပ်စားရဖို့အရေး မျှော်နေပါတယ်။

အဲ့နေရာကတော့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ ၄ မိုင်ခန့်ဝေးကွာပြီး မြို့ရဲ့အရှေ့ဘက်က လွယ်ကဖြီးတောင် ခြေအောက်တည်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်က စတင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်အချို့ဟာ လွယ်တဖြီးတောင်ခြေအောက်မှာ လာရောက်ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

အဲ့နေရာမှာက အခြားဒေသကလာတဲ့ စစ်ဘေးရှောင် လူဦးရေ ၂၀၀ ကျော်အပါအဝင် အနီးတဝိုက်ကျေးရွာက စစ်ဘေးရှောင် လူဦးရေ စုစုပေါင်း ၅၀၀ ကျော်ရှိပါတယ်။

သူတို့တွေဟာ ထွက်ပြေးလာတဲ့အချိန်ကတည်း ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေ များများစားစား မသယ်လာနိုင်တာ၊ အဝတ်တစ်ထည်နဲ့ ကိုယ်တစ်ခုသာ ပြေးလာရတာကြောင့် အခုစစ်ဘေးရှောင် ကာလ ၂ လကျော်ကြာမှာ စားနပ်ရိက္ခာပြတ်လပ်နေတယ်။

စားနပ်ရိက္ခာအချို့ သွားရောက်ဝေပေးတဲ့ စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက “အခုတလော ဟင်းဆိုရင်လည်း ဖြစ်သလိုပဲ စားနေရတယ်။ ဟိုတလောတုန်းကလည်း စစ်ရှောင်တစ်အုပ်စုက ဆန်မရှိလို့ ထမင်းခြောက်ကို ပြန်စားနေရတယ်။ ထမင်းခြောက်ကို ဆန်ပြုတ်လုပ်ပြီး ပြန်စားရတာ။ ဟင်းကတော့ မရှိပါဘူးဗျာ။ ဖြစ်သလိုကြုံသလို တောထဲကအသီးအရွက်တွေကို ရှာပြီးချက်စား၊ ဒါပဲရှိတယ်” လို့ ပြောပါတယ်။

အဲ့အပြင် တိုက်ပွဲဇုန်အတွင်း ကျရောက်နေတဲ့ ဆီဆိုင်မြို့ကို အလှူရှင်တွေကလည်း ရောက်မလာနိုင်ကြပါဘူး။
သောက်သုံးရေ၊ ချိုးရေကိုအသုံးပြုဖို့အတွက် စစ်ဘေးရှောင်တွေဟာ စစ်ရှောင်နေရာနဲ့ ၁ နာရီကြာ ဆိုင်ကယ်ဖြင့် မောင်းရတဲ့ တောင်တွင်းနေရာက ရေကိုသွားရောက်ခပ်ယူ သယ်ဆောင်လာကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

တိုက်ပွဲရက်ပေါင်း ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်တွေကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေနဲ့ ပိုပြီးကြပ်တည်းလာတာကြောင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေအနေနဲ့ သူတို့ကိုဦးစားပေး အကူညီစေချင်တယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက တောင်းဆိုထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...