Tuesday, January 27, 2026

PNLO

အပစ်ရပ်ထပ်တိုးနေ့တွင် PNLO ဌာနချုပ်နှင့်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

အပစ်အခတ်ရပ်စဲကြောင်း သက်တမ်းထပ်တိုးကြေညာသည့်နေတွင် စစ်ကောင်စီတပ်က သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ PNLO ၏ ဌာနချုပ်နှင့် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA မှ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသား...

စစ်ကောင်စီနှင့် ဆွေးနွေးလိုသည့် အတွေးခေါ်ရှိနေလျှင် အာဏာရှင်ကို အမြစ်ပြတ်ဖြစ်မည်ကို မကြိုက်သည့် သဘောဆောင်ကြောင်း ဗိုလ်ချုပ် ခွန်သူရိန်ဆို

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလိုသည့် အတွေးအခေါ်မျိုးမရှိသင့်ကြောင်း၊ စစ်ကောင်စီနှင့် ဆွေးနွေးချင်သည့် အတွေးခေါ်ရှိနေလျှင် အာဏာရှင် ကို အမြစ်ပြတ်ဖြစ်မည်ကို မကြိုက်သည့် သဘောဆောင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLA/PNLO)မှ ဗိုလ်ချုပ် ခွန်သူရိန် က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ (မတ် ၁၃)ရက် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ “စစ်ကောင်စီနဲ့...

အတိတ်နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်မြုပ်နေသော ပအိုဝ်းအဖွဲ့အစည်းများ

“ပအိုဝ်းပြည်နယ်သစ်‌ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာ အသာထား အခုကိုယ့်ရှိနေတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းက လူထုနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုပါသည်။ သို့သော်လည်း ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် နွေဦးတော်လှန်ရေးစတင်ပြီးနောက် အသစ်စုဖွဲ့လိုက်သော ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့၏...

PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီနှင့် PNO ထိုးစစ်ဆင်၊ ထိတွေ့တိုက်ပွဲဖြစ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်တို့က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲအချိန်မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးသုံးလုံး...

NCA အတိုင်း ဆက်သွားမည့် PNLO လက်ကျန်အဖွဲ့ကို ဦးဆောင်သူ ခွန်ဥက္ကာပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်သွားရန် ကျန်ရှိခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO )လက်ကျန်အဖွဲ့ကို ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်လက် ဦးဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) တွင် စစ်ကောင်စီတပ်နှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်...

ဆီဆိုင်စစ်ရှောင် ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ၊မိုးကာ၊အခင်းများအရေးပေါ်လိုအပ်

သျှမ်းပြည် တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ ယခုသြဂုတ်လအတွင်း စစ်ရှောင် ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ ၊မိုးကာများ၊အခင်းများ အရေးပေါ်လိုအက်လျက်ရှိကြောင်း သိရသည်။ သြဂုတ်လ ၃ရက်မှစပြီး တိုက်ပွဲကြောင့် ဆီဆိုင်မြို့အရှေ့ဘက်ကျေးရွာ (၁၁)ရွာ မှ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရပြီး ဒေသခံအများစုသည် တောင်ယာခြံရှိသော တောတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ "ဒီတကျော့ပြန် တိမ်းရှောင်ကြရတဲ့ ဒေသခံပြည်သူတွေက...

ဆီဆိုင်တွင် PNLO ခေါင်းဆောင် မိသားစု နေအိမ်အပါအဝင် နေအိမ် ၇ လုံးကို PNO မီးရှို့

သျှမ်းပြည် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဌ ၂ ၊ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်အပါအဝင် ဒေသခံနေအိမ် ၇ လုံးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ဖြိုချဖျက်စီးကာ မီးရှို့ခဲ့ကြောင်း စုံစမ်းသိရသည်။  တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်များဟုဆိုကာ ဧပြီလ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင်...

ကျောက်ဂူထဲရောက်တဲ့ စစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲမြင်ကွင်း

မဲမှောင်နေတဲ့ ကျောက်ဂူ၊ ကျောက်ဆောင်တွေအောက်မှာ မိုးကာလေးကို အခင်းလုပ်ပြီး စစ်ရှောင်ကလေး၊ သက်ကြီးရွယ်အိုတွေဟာ ထိုင်သူကထိုင်၊ အိပ်သူကအိပ်နဲ့ တွေ့မြင်နေရပါတယ်။ အချို့သူတွေကလည်း ကျောက်ဂူ၊ ကျောက်ဆောင်နံဘေးမှာ မိုးကာအစိမ်းနဲ့ တဲထိုးပြီးနေနေကြပါတယ်။ ဒါ့အပြင် သခင်နဲ့အတူပါလာတဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်လေးတွေကလည်း စားရယုံတမယ် အစာစားပြီးတော့ ထပ်စားရဖို့အရေး မျှော်နေပါတယ်။ အဲ့နေရာကတော့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ ၄...

ဆီဆိုင်မြို့သို့ ပစ္စည်းပြန်ယူသူ ၂ လ အတွင်း ၂၀ဦးထက်မနည်း ပျောက်ဆုံးနေ

ဆီဆိုင်မြို့သို့ ပစ္စည်းပြည် ယူသူများ မိသားစု နှင့် အဆက်သွယ် ပျက်ကား နှစ်လ အတွင်း ပျောက်ဆုံးနေသူ ၂၀ ဦးထက်မနည်းရှိနေကြောင်း စုံးစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့တွင် ပြီးခဲ့သည့် မတ်လ ပထမ ပတ်မှစ၍ ယခုအချိန် ထိ ၂လအတွင်း စစ်ဘေးရှောင်များ ပစ္စည်းပြန်ယူခြင်း၊စာနပ်ရိက္ခာ ပြန်ယူခြင်းကြောင့်...

ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေး ၁ လကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် PNLO နာယကပြော

ပအိုဝ်းအမျိုးသားလုံး အထွဋ်အမြတ်ထားသည့် ပအိုဝ်းအမျိုးသားနေ့ကို စည်းလုံးညီညွတ်စွာနှင့် အောင်မြင်စွာ ကျင်းပရေးအတွက် ပအိုဝ်းနယ်မြေအတွင်း ၁ လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာက ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယမန်နေ့ (မတ်လ ၁၉ ရက်) တွင် ထုတ်ပြန်ခဲ့သည့်...

Latest news