ဆီဆိုင်တွင် PNLO ခေါင်းဆောင် မိသားစု နေအိမ်အပါအဝင် နေအိမ် ၇ လုံးကို PNO မီးရှို့

သျှမ်းပြည် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဌ ၂ ၊ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်အပါအဝင် ဒေသခံနေအိမ် ၇ လုံးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ဖြိုချဖျက်စီးကာ မီးရှို့ခဲ့ကြောင်း စုံစမ်းသိရသည်။ 

တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်များဟုဆိုကာ ဧပြီလ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပအိုဝ်းပြည်သူ့စစ် PNO မှဖြိုချဖျက်ဆီးပြီး တချို့နေအိမ်အား မီးရှို့ခဲ့ကြောင်း၊ နေအိမ်အတွင်းရှိ တန်းဖိုးရှိပစ္စည်းများ၊ အိမ်တွင်းပရိဘောဂပစ္စည်းများကိုလည်း သယ်ယူသွားခဲ့ကြောင်း PNLO ၏ပြန်ကြားရေး ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့ဖြိုချဖျက်ဆီးတဲ့အကြောင်းအရင်း အဓိကကတော့ ကျနော်တို့ဒုဥက္ကဌက တော်လှန်ရေးကို ဦးဆောင်တဲ့သူတွေ၊ နေအိမ်တွေဆိုပြီးတော့မှ ဖြိုချဖျက်စီးတာပေါ့လေ။ အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေ၊ အိမ်တွင်း ပစ္စည်းတွေအကုန်လုံးယူသွားပေါ့။ ပြီးတော့အိမ်ကလည်းနှစ်ထပ်အိမ်၊ ခေတ်ကာလတန်းဖိုးက သိန်းထောင်ဂဏန်းလောက်တန်တယ်” ဟု ၎င်းကပြောသည်။ 

မီးရှို့ခံရသည့်နေအိမ်များ စုစုပေါင်း ၇ လုံးရှိသည့်အနက် နေအိမ် ၆ လုံးသည် ကျေးရွာအတွင်းက ဒေသခံနေအိမ်များဖြစ်ပြီး၊ ထိုထဲတွင်ကုန်စုံဆိုင်ဖွင့်လှစ်ထားသော ဒေသခံနေအိမ် ၂ လုံးလည်း ဖြိုချဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

ယင်းနေအိမ်များကို မီးရှို့သွားသည့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင် ထွန်းနောင်ဆိုသူကဦးဆောင်ပြီး အဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း PNLO က ယနေ့ (ဧပြီလ ၂၁) ရက်၌ ထုတ်ပြန်ထားသည်။ 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA အနေဖြင့် စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင် တိုက်ခိုက်သည့်အချိန်ကတည်းကပင် ပအိုဝ်းအချင်းချင်းတိုက်ခိုက်မည်မဟုတ်ကြောင်း ထုတ်ပြန်အသိပေးခဲ့ပြီး ကျင့်သုံးခဲ့သော်လည်း စစ်ကောင်စီက လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ကတော့ စစ်ကြောင်းထိုး တိုက်ခိုက်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်းများကို ဖမ်းဆီးသတ်ဖြတ် ခြင်းများ လုပ်ဆောင်နေသည်ဟု PNLOဘက်ကပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...