Wednesday, January 28, 2026

PNLO

ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည့် အရပ်သား အလောင်း (၇) မကယ်ထုတ်နိုင်သေး

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီမှ ပစ်လိုက်သည့် ဒရုန်း ဗုံးကြဲမှုကြောင့် အရပ်သား များ သေဆုံးမှုရှိကာ အလောင်းများကို ယနေ့အချိန်ထိ မကယ်ထုတ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ် ဝါးတောရွာအနီး တောင်ယာသွားလမ်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စကစဖက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇...

“စစ်အာဏာရှင်စနစ်ဆိုးဆိုတဲ့ ရောဂါဆိုးကြီးအတွက်ကို အခုကျနော်တို့ ဆေးကြမ်းကြီး သောက်နေတာ။”

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဇန်နဝါရီလ ၂၁ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)၏ ယာဉ်ကြောင်းကို ပိတ်ဆို့ ဟန့်တားခြင်းကြောင့် စစ်ကောင်စီ စစ်တပ်နှင့်ပူးပေါင်းထားသော အသွင်ပြောင်းပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ထို့နောက် PNLO ဗဟိုဌာနချုပ်ရှိရာ ဆီဆိုင်မြို့နယ်ထဲသို့ စစ်ကောင်စီက...

စစ်ရေးတင်းမာနေသည့် ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲပြန်ဖြစ်

ဟိုပုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ၏ ယာဉ်ကြောင်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO အဖွဲ့က ပိတ်ဆန့်ဟန့်တား ခြင်းကြောင့် ဇန်နဝါရီလ...

ဆီဆိုင်မြို့မစျေး စစ်ကောင်စီ လက်နက်ကြီး ကြောင့် မီးလောင်

သျှမ်းပြည် ဆီဆိုင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့မဈေးတစ်ခုလုံး မီးလောင်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မြို့မဈေး၏ အရှေ့တောင်ဘက်မှ ဆိုင်ခန်းများ စတင်မီးလောင် သွားပြီး တစ်ညလုံးမီးငြိမ်းသတ်နိုင်ခြင်းမရှိကာ...

ဆီဆိုင်-ဟိုပုံးမြို့နယ်အစပ် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ ပြည်သူ ၂ ဦးသေဆုံး

သျှမ်းပြည် ဆီဆိုင်- ဟိုပုံးမြို့နယ် အစပ် ဆီဆိုင်မြို့နယ် ပဆျားကြိုးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၂ ဦးသေဆုံးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA၏ ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်း...

ဆီဆိုင်မြို့နယ် ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲထဲ စစ်ကောင်စီအပေါင်းအပါ ၆၀ ခန့် သေဆုံး

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်အဖွဲ့ PNO တို့အကြား တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်တွင် စစ်ကောင်စီအပေါင်းအပါ ၆၀ ခန့်သေဆုံးသွားကြောင်း သိရသည်။ ဇန်နဝါရီလ ၂၂ ရက်မှစတင်ပြီး ဆီဆိုင်မြို့နယ် နော်ထော်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်...

ဆီဆိုင်မြို့ကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ဖျက်ဆီး၊ စစ်သား အလောင်းများ PNLA သင်္ဂြိုဟ် ပေးနေရ

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးနေပြီး မြို့တွင်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သား အလောင်းအများအပြား ကျန်ခဲ့၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်နေ့)...

စစ်အာဏာရှင်အမြစ်ပြတ် ဆက်လက်ချီတက်မည်ဟု PNLAပြော

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်ချီ တက်သွားမည်ဟု PNLA ကပြောဆိုလိုက်သည်။ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ၎င်းတို့လက်လွတ်ဆုံးရှုံးရသည့် မြို့များ၊ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေး သဘောထားဖြင့် တိုက်ခိုက်ဖျက်ဆီးနေကြောင်း...

နှစ်ပတ်အတွင်း ဆီဆိုင် စစ်ရှောင် ၄သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲများကြောင့် နှစ်ပတ်အတွင် စစ်ဘေးရှောင် လူဦးရေ ၄ သောင်းကျော်ထိရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။ ထိုတိုက်ပွဲများကြောင့် ကယား (ကရင်နီ)ပြည်နယ်မှ...

ဆီဆိုင်မြို့ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၊  ဒေသခံများ ထပ်မံထွက်ပြေး

သျှမ်းပြည် ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA တို့အကြား တိုက်ပွဲပြင်းထန် လာမည်ကိုစိုးရိမ်၍ ဒေသခံများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်)မှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြား ပိတ်မိနေကြသည့် ဒေသခံများသည် တိုက်ပွဲပြင်းထန် လာနိုင်သည့် အခြေအနေများကြောင့် မိမိပိုင်ဆိုင်ထားသော ပစ္စည်းဥစ္စာများကို သိမ်းဆည်းပြီး...

Latest news