ဆီဆိုင်မြို့ကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ဖျက်ဆီး၊ စစ်သား အလောင်းများ PNLA သင်္ဂြိုဟ် ပေးနေရ

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးနေပြီး မြို့တွင်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သား အလောင်းအများအပြား ကျန်ခဲ့၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်နေ့) တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့်PNO ပြည်သူ့စစ် ပူးပေါင်းတပ်က ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးပြီး မြို့တွင်း ဝင်ရောက်ရန် ကြိုးစားနေသဖြင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေကြောင်း PNLA ကဆိုသည်။

ဆီဆိုင်မြို့နယ် အတွင်း ဖမ်းမိထားသည့် ပြည်သူ့စစ်များကို နှိပ်စက်ခြင်း မပြုဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်မှု မရှိကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ ရက်) နံနက် ၈ နာရီခန့်က ဆီဆိုင်မြို့ကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရားဖြူ အထက်တန်းကျောင်း အရှေ့ဘက်၊ အောင်ချမ်းသာရပ်ကွက် အတွင်းရှိ ဆိုင် မီးလောင်ပျက်စီးခဲ့ကြောင်း ဆိုသည်။

ယင်းဆိုင်တွင် လူမရှိသောကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း နေအိမ်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ပြီး မြို့တွင်း တနေရာကို ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLA က အသိပေးသည်။

စစ်ရေးအခြေအနေ အလွန်ရှုပ်ထွေးနေသည့် တိုက်ပွဲ ကာလ ဖြစ်သောကြောင့် ဆိုက်ခေါင်မှ ဆီဆိုင်မြို့သို့ ဆက်သွယ်သည့် ပြည်ထောင်စု ကားလမ်းမကြီးအား ဖေဖော်ဝါရီလ ၁၀ ရက်မှ စတင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း PNLA က ထုတ်ပြန်ထားသည်။

ထို့အပြင် ဆိုက်ခေါင်အနီးတဝိုက် ဆီဆိုင်မြို့သို့ ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းမှ ဆက်သွယ်ထားသည့် ကျေးရွာလမ်းငယ်များ၊ နမ်းတဘက်ချောင်း အနောက်ဘက်ရှိ ကက္ကူမှ ဆီဆိုင်မြို့ အနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်းများ သွားလာခွင့် ပိတ်ထားကြောင်း ဆိုသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်များ ဖေဖော်ဝါရီလ ၅ ရက်မှ စတင်ကာ ဆိုက်ခေါင်ကျေးရွာ အရှေ့ဘက်တွင် အမြှောက်များ တပ်ဆင် တပ်စွဲထားသကဲ့သို့ ဇောတိကရာမကျောင်းတိုက် အတွင်း အင်အား ၃၀၀ ခန့်ရှိသည့် တပ်များ တပ်စွဲ အင်အားဖြည့်တင်းခဲ့ကြောင်း ဆိုက်ခေါင် ဒေသခံအချို့က ပြောဆိုထားသည်။

ယင်းအပြင် ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ် ကျေးရွာများ၏ အရှေ့ဘက်မှ တွေးပူး၊ ပြင်သာယာ၊ လွယ်ပွတ်၊ ဗန်းကန်၊ ဗန်းနောင်ကား၊ ကောင်းဗန်တန်း၊ ဆောဆား၊ ဗန်းဗလန်၊ ထီဗွာ စသည့် ကျေးရွာပေါင်း ၁၃ ရွာခန့်တွင် ပအိုဝ်းတပ်ဖွဲ့ PNLA တပ်ဖွဲ့များ ရောက်ရှိနေ သဖြင့် နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း ဆိုက်ခေါင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

ဆီဆိုင်မြို့နယ် နေရာ အများအပြား စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဘာသာရေး အဆောက်အအုံ ၇ ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် အနည်းဆုံး ဒေသခံ ၄ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...