နှစ်ပတ်အတွင်း ဆီဆိုင် စစ်ရှောင် ၄သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲများကြောင့် နှစ်ပတ်အတွင် စစ်ဘေးရှောင် လူဦးရေ ၄ သောင်းကျော်ထိရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။

ထိုတိုက်ပွဲများကြောင့် ကယား (ကရင်နီ)ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်သည့် ဒေသခံပြည်သူများ ပါဝင်ပါပြီး စစ်ဘေးရှောင် စုစုပေါင်း ၄,၃၇၃၀ အထက်ရှိနေသည်။

ထိုစစ်ဘေးရှောင်များသည် တောင်ကြီး၊ဟိုပုံး စသည့်မြို့နယ်တို့တွင် စစ်ဘေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်း အခက်အခဲများကြုံတွေ့နေရကြောင်း Pa-o Youth Organization မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုစစ်ရှောင်ဦးရေ တိုးလာပါတယ်။ ၄၃၀၇၀ နှင့် အထက် စစ်ဘေးရှောင်စာရင်းထဲမှာ ကယား (ကရင်နီ)ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်တဲ့ ဒေသခံပြည်သူများ ပါဝင်ပါတယ်” ဟု ၎င်းကဆိုသည်။

PNLA နှင့် PNA ၊ စစ်ကောင်စီအုက်စုတို့ ဇန်နဝါရီလ ၂၁ရက်တွင် ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသ စံဖူးကျေးရွား၌ ထိတွေ့တိုက်ပွဲများစတင်ခဲ့ပြီး၊ဇန်နဝါရီ ၂၂ ရက် ဆီဆိုင်မြို့ အရှေ့တောင်ဘက် နောင်ထောဝ်ကျေးရွာကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲမှုများပြုလုပ်ခဲ့သည်။

ထိုကျေးရွာအနီးတဝိုက်ရှိ စစ်ကောင်စီဂိတ်နှင့် PNO/PNA တပ်စခန်း ၄ ခုကိုလည်း PNLO/PNLA နှင့် ပူးပေါင်းမဟာမိတ်များမှ ပစ်ခတ်တိုက်ခိုက်မှုများမရှိဘဲ သိမ်းပိုက်နိုင်ခဲ့ကြောင့် Pa-o Youth Organization မှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၁ ရက်နေ့မှ ၃၁ ထိတိုက်ပွဲများ ပြင်ထန်ခဲ့ပြီး လက်ရှိ ဆီဆိုင်မြို့နယ်မှ ထွက်ပြေးနေ့သည့်ဒေသခံများ၏ နေအိမ်ရှိပစ္စည်းများကို သူခိုးအဖွဲ့များက ဖောက်ထွင်းခိုးယူမှုများရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA သည် ရပ်ရွာလုံခြုံရေး အကြောင်းပြချက်ဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုတိုက်ရန် အထူးဒေသ (၆) အတွင်းရှိ ဒေသခံအမျိုးသားတိုင်းကို သေနတ် ၁ လတ်တပ်ဆင်ပေးနေကြောင်း သိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ဘာသာ‌ရေး အဆောက်အဦး ၄ခု နှင့် အရပ်သားနေအိမ် ၃၂လုံး အထိ ထိခိုက်ပျက်စီးသွားကြောင်း Pa-o Youth Organization မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...