ဆီဆိုင်မြို့မစျေး စစ်ကောင်စီ လက်နက်ကြီး ကြောင့် မီးလောင်

သျှမ်းပြည် ဆီဆိုင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့မဈေးတစ်ခုလုံး မီးလောင်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မြို့မဈေး၏ အရှေ့တောင်ဘက်မှ ဆိုင်ခန်းများ စတင်မီးလောင် သွားပြီး တစ်ညလုံးမီးငြိမ်းသတ်နိုင်ခြင်းမရှိကာ လောင်ကျွမ်းနေကြောင်း ဆီဆိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးထိလို့ လောင်သွားတာ။ မနေ့ညတစ်ညလုံး မီးမငြိမ်းနိုင်တော့ ဒီနေ့မနက်အထိလည်း မီးလောင်နေတယ်။ မြို့မဈေးတစ်ခုလုံး မီးလောင်သွားပြီ။ ဆိုင်ခန်းတွေလည်း လောင်ကုန်ပြီ။ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူး” ဟု ဆီဆိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့မဈေးတွင် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ရှိရာ လက်ရှိအချိန် လောင်ကျွမ်းနေဆဲကြောင့် မြို့မဈေးတစ်ခုလုံး ပြာကျနိုင်ခြေရှိကြောင်း ၎င်းဆက်ပြောသည်။

အလားတူ ဆီဆိုင်မြို့၏ မြောက်ဘက်တစ်နေရာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

မြို့တွင်းလုံခြုံရေးနေသည့် PNLA ၏စစ်ကြောင်းအား စစ်ကောင်စီနှင့်အပေါင်းအပါများက ချောင်းမြင်း ပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားရပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် အပေါင်းအပါများ ဘက်မှ ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း PNLA က ယနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်)တွင် ထုတ်ပြန်လာခဲ့သည်။

ထို့အပြင် မူးယစ်ဆေးဝါး အထုပ်ကြီး ၂ ထုပ်၊ အထုပ်သေး ၂ ထုပ်နှင့် ခဲယမ်းကျည်ဆံအချို့များလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ယင်းတိုက်ပွဲနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ဆီဆိုင်မြို့ခံ စစ်ဘေးရှောင်တစ်ဦးက ယခုလိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...