စစ်ရေးတင်းမာနေသည့် ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲပြန်ဖြစ်

ဟိုပုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ဟိုပုံးမြို့နယ် စံဖူးကျေးရွာ

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ၏ ယာဉ်ကြောင်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO အဖွဲ့က ပိတ်ဆန့်ဟန့်တား ခြင်းကြောင့် ဇန်နဝါရီလ ၂၁ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေခြင်း ဖြစ်သည်။

“အခုရက်ပိုင်း တိုက်ပွဲပြန်ဖြစ်နေတာ။ ပဆျားကြိုး (ပဆျားကလိုး) ဘက်မှာ လေယာဉ်နဲ့ကော ဗုံးလာကြဲ သေးတယ်။ အခုကျောက္ကဆျားရွာမှာလည်း တိုက်ပွဲဖြစ်နေတယ်။ နှစ်ရက်လောက်ရှိပြီ သူတို့လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ညည သန်းခေါင်ကျော်ဆိုအသံအကျယ်ကြီးပဲကြားရတယ်” ဟု ဟိုပုံးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဖော်ဖော်ဝါရီ ၁၅ ရက်) နံနက်ပိုင်းတွင် မဲနယ်တောင်ဒေသ ကျောက္ကဆျားရွာမှာ တိုက်ပွဲဖြစ်ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ရွာခံအမျိုးသား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ (ဖေဖော်ဝါရီလ ၁၄ ရက်)တွင် မဲနယ်တောင်ဒေသ ပဆျားကြိုး (ပဆျားကလိုး) ကျေးရွာသို့ စစ်ကောင်စီ လေကြောင့်ဖြင့်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသကဲ့သို့ နောင်စုံရွာ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရှိခဲ့သည်။

လက်ရှိတွင် ဟိုပုံးမြို့ပေါ်သို့ စစ်ကောင်စီ လူအင်အားထပ်မံ ဖြည့်တင်းနေလျက်ရှိပြီး လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များ ပိုမိုချခင်းလာနေကြောင်း ဟိုပုံးမြို့ဒေသခံတစ်ဦးက ပြောသည်။

“ဟိုပုံး-ကျောက္ကဆျားဆိုတာကတော့ ဟိုပုံးဘက်ကိုလမ်းသာတယ်လေ။ အဲ့တော့ကျနော်တို့ဟိုပုံးကို ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေရှိတယ်။ ကျနော်ဒီနေ့ဟိုပုံးသွားတာတော့ လမ်းမှာသူတို့လုံခြုံရေး ချထားတာ ပိုပိုထက်တွေ့လာတယ်။ တကြော့ပြန်တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးတော့ ဖြစ်လာတယ်” ဟု ဟိုပုံးမြို့နယ်ခရီးသွားလာသူ ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲများကြောင့် မဲနယ်တောင်ဒေသအတွင်း ကျေးရွာများမှ ဒေသခံများအား အားထွက်ပြေးတိမ်း ရှောင်ရနေရပြီး တချို့မှာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်၍မရကာပိတ်မိနေကြောင်း သိရသည်။

ထို့အပြင် ဟိုပုံးမြို့ရှိ ဒေသခံတစ်ဦးကလည်း မြို့ပေါ်သို့ တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ကြိုတင်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုပြေးနေရတဲ့ ရွာတွေအများကြီးပဲ။ လွိုင်ကော်ကနေလာတဲ့သူတွေကော၊ ဆီဆိုင်ဘက်က လာတဲ့သူတွေ ဟိုပုံးမြို့မှာ ရောက်နေတာ။ တချို့ဆွေမျိုးအိမ်တွေမှာလိုက်နေတယ်။ တချို့တော့နမ့်ခုတ်ဘက်ကို ပြေးသွား တယ်။ အခုရုန်းရင်းဆန်ခတ် ဖြစ်ကုန်တာ။ သူတို့သာ တိုက်တာတိုက်နေကြတာဘာမှမထူးဘူး။ ကျနော်တို့တွေဘဲ ပြေးနေရတယ်” ဟု ဟိုပုံးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းတောင်တိုက်ပွဲသည် ဟိုပုံးမြို့နယ် စံဖူးရွာတွင် ဖြစ်ပွားခဲ့သည့် PNLA ၏ ယာဉ်ကြောင်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ PNO တို့ပိတ်ဆို့ဟန့်တားရာမှာ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ဆီဆိုင်မြို့-ဆိုက်ခေါက်-ဘန်းယဉ်-ဟိုပုံး အထိ တိုက်ပွဲကူးစက်သွားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...