Wednesday, April 24, 2024

ဟိုပုံးမြို့နယ်

သျှမ်းတောင် ၂ လကြာတိုက်ပွဲ စစ်ကောင်စီတပ်က ဒရုန်းကိုပိုအသုံးပြုလာ

သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝေဟင်မှ တိုက်လေယာဉ်အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ သိသိသာသာပိုလုပ်လာနေကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်အင်းအားစုတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်မှ လက်နက်ကြီး၊ ဝေဟင်မှ တိုက်လေယာဉ်နှင့် ဒရုန်းများဖြင့်...

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာနေ အမျိုးသားတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ထိုအသတ်ခံရသည့်အမျိုးသားသည် ပြီးခဲ့သည့် မတ် ၁၆ရက်တွင် ပျောက်ဆုံးခဲ့ပြီး၊ ယမန်နေ့ (မတ် ၁၇)ရက် တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာရှိ မြောင်းထဲတွင် သတ်ဖြတ်ခံရသည့်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦး က...

ဟိုပုံးမြို့နယ် ကျောက္ကဆျာကျေးရွာ စစ်ကောင်စီလေတပ် ပေါင် ၅၀၀ ဗုံးကြဲချ ဖျက်ဆီး

သျှမ်းပြည်နယ် တောင်ပိင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီ လေတပ် ဂျက်ဖိုက်တာဖြင့် ယမန်နေ့ (မတ်လ ၁၆ ရက်နေ့) နေ့လယ် ၂ နာရီခန့်က ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး...

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအား PNLA မှမီးရှို့ခဲ့ကြောင်း ထုတ်ပြန်စာအတု

သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရန်သူများဆက်ပြီး ထိုးစစ်မဆင်နိုင်ရန် ကျေးရွာအားမီးရှို့ခဲ့သည်ဟု ထုတ်ပြန်စာစောင် အတု ပျံ့နှံ့နေလျှက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်နယ်ချယ်တယ်ရီဂရမ်ဖြစ်သည့် (Ko Thet) ဆိုသည့်အကောင့်မှ “PNLA/PNLOအဖွဲ့က ပအိုဝ်းကျေးရွာများကို ၎င်းတို့ကိုယ်တိုင် မီးရှို့တာဖြစ်ကြောင်းနှင့် ဒီမိုကရေစီရမှ အလျှော်ပြန်ပေးမည်ဟု...

ဟိုပုံးမြို့နယ် နမ်ဟူးကျေးရွာ ပြာကျသည့်အထိ စစ်ကောင်စီ မီးရှို့

သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာကို စစ်ကောင်စီ က ယမန်နေ့ (မတ် ၁၃)ရက် တွင် ပြာကျသည့်အထိ မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့မှ မီးရှို့လိုက်သော ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာသည် အိမ်ခြေ (၁၀၀)ခန့်ရှိကြောင်း၊ ထိုအိမ်များသည် ပြာကျသည့်အထိ မီးလောင်ပျက်စီးသွားကြောင်း...

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ မီးလောင်ဗုံးသုံး၊ နေအိမ်အများအပြား မီးလောင်

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုကြောင် ပြည်သူနေအိမ် ၁၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ (မတ်လ ၁၀ရက်)မနက် ၇ နာရီမှ ၅ နာရီထိ စစ်ကောင်စီစစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွားများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး...

ဟိုပုံးမြို့နယ် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက် အရပ်သား ၁ဦးသေ၊နေအိမ် ၆ လုံးထက်မနည်း ပျက်စီး

သျှမ်းပြည် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီက ယနေ့ (မတ် ၈)ရက် နေ့လည် ၁၁ နာရီခန့်တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို ယနေ့ (မတ်လ ၈ )ရက် နေ့လည် ၁၁ နာရီခန့်တွင် စစ်ကောင်စီက...

ဟိုပုံးမြို့နယ်ထဲ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များ မပေါက်ကွဲသေး

သျှမ်းပြည် ဟိုပုံးမြို့နယ် ကျေးရွာများထဲသို့ စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် မပေါက်ကွဲသေးဘဲ ကျန်ရှိနေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်ကစတင်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတို့အကြား တစ်ဖန်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့သည်။ ထိုတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သည် ထမ်စမ်းဂူရွှေတီဂုံစေတီတောင်ပေါ်မှတပ်စွဲနေ၍ လက်နက်ကြီးဖြင့် ကျေးရွာဘက်သို့ ပစ်ခတ်နေလျက်ရှိကြောင်း...

စစ်ရေးတင်းမာနေသည့် ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲပြန်ဖြစ်

ဟိုပုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ၏ ယာဉ်ကြောင်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO အဖွဲ့က ပိတ်ဆန့်ဟန့်တား ခြင်းကြောင့် ဇန်နဝါရီလ...

မဲနယ်တောင် ဒေသခံများ တိုက်ပွဲကြားနေရပ်ပြန်ရ

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးရွာမှ ထွက်ပြေးတိမ်းရှောင်ရသူများသည် တိုက်ပွဲကြား စိုးရိမ်ပူပန်မှုဖြင့် နေရပ်ပြန်နေကြကြောင်း စုံစမ်းသိရသည်။ ဟိုပုံးနှင့် ဆီဆိုင်ကြားရှိ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဟိုပုံးမြို့ပေါ်တွင်လည်း တိုက်ပွဲများ ကူးစက် ဖြစ်ပွားလာနိုင်သည့်အတွက် ဟိုပုံးမြို့ မဲနယ်တောင်ဒေသ စံဖူးရွာက စစ်ရှောင်များမှာ လုံခြုံရေးအရ စိတ်ချရမှုမရှိသေးသော်လည်းနေရပ်ကို...

Latest news