ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာနေ အမျိုးသားတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။

ထိုအသတ်ခံရသည့်အမျိုးသားသည် ပြီးခဲ့သည့် မတ် ၁၆ရက်တွင် ပျောက်ဆုံးခဲ့ပြီး၊ ယမန်နေ့ (မတ် ၁၇)ရက် တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာရှိ မြောင်းထဲတွင် သတ်ဖြတ်ခံရသည့်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စနေနေ့ (မတ် ၁၆)ရက်နေ့က ပျောက်သွားတာ။ မနေ့က ပြန်တွေ့တော့ လည်ပင်းလှီးဒဏ်ရာနဲ့ ရွာရဲ့ မြောင်းထဲမှာ ပြန်တွေ့တယ်။ ဘယ်အဖွဲ့ လက်ချက်ဆိုတာတော့မသိဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုသတ်ဖြတ်ခံရသော အမျိုးသားသည် အသက် ၅၀ ဝန်းကျင်ရှိပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့အစည်း (PNO/PNA) ကို မကြိုက်နှစ်သက်သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် အတွင်းတွင် စစ်ကောင်စီ၊ PNO/PNA ပူးပေါင်းနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့သည် ဇန်နဝါရီ လကုန်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေသည့် နေရာဖြစ်သည်။

ထိုစစ်ရေးတင်းမာမှုကြား ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် ဒေသခံများလည်း မကြာခဏ လူပျောက်မှုများ ရှိနေသည်။

ထို့ပြင် ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် PNAနှင့် PNLA တို့သည် ဖေဖော်ဝါရီ မှ မတ်လအထိ အရပ်သား ၂၀ဖမ်းဆီးခဲ့သည်။


အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား ၂၀ ဦးထဲတွင် PNLA ဘက်မှ အရပ်သား ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ PNA ဘက်မှ အရပ်သား ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ PNA ဘက်က ၄ဦးပြန်လည်လွတ်ပေးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။

ထို ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့ (၂)ဖွဲ့ အပြိုင်အဆိုင် ဖမ်းဆီးမှုနှင့် ဒေသခံများပျောက်ဆုံးပြီး သတ်ဖြတ်ခံနေရမှုနှင့် ပတ်သတ်ပြီး ဟိုပုံးမြို့နယ် အတွင်း နေထိုင်သည့် သူများက စိုးရိမ်နေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုဆိုရင် ပိုဆိုးလာတယ်။ နိုင်ငံရေး နည်းနည်းသိတဲ့သူဆိုရင် သတ်နေတဲ့သဘောပဲ။ ရွာတွေဘက်မှာ ပိုဖြစ်တယ်။ နိုင်ငံရေး နည်းနည်းပါးပါး သိရင် အခုလို မျိုးရက်ရက်စက်စက် သတ်ခံရမယ်ဆိုပြီး လုပ်ပြတဲ့သဘောပဲ” ဟု ဟိုပုံးမြို့ တွင်နေထိုင်သည့် အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) တွင်လည်း ဆီဆိုင်မြို့တိုက်ပွဲကြောင့် ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာသည့် လူငယ် ၃ ဦးသည် စောင်နှင့်အဝတ်အထည်များ ပြန်ယူရန် နေအိမ်ရှိ ဆီဆိုင်မြို့သို့ ပြန်နေစဉ် လမ်း၌ပျောက်ဆုံးသွားရာ ယနေ့အချိန်ထိ မတွေ့ရှိသေးပေ။

ထို့အပြင် ပြီးခဲ့သည့် (မတ်လ ၁၆ ရက်နေ့)တွင်လည်း ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီ လေတပ် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...