Tuesday, January 27, 2026

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာနေ အမျိုးသားတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။

ထိုအသတ်ခံရသည့်အမျိုးသားသည် ပြီးခဲ့သည့် မတ် ၁၆ရက်တွင် ပျောက်ဆုံးခဲ့ပြီး၊ ယမန်နေ့ (မတ် ၁၇)ရက် တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာရှိ မြောင်းထဲတွင် သတ်ဖြတ်ခံရသည့်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စနေနေ့ (မတ် ၁၆)ရက်နေ့က ပျောက်သွားတာ။ မနေ့က ပြန်တွေ့တော့ လည်ပင်းလှီးဒဏ်ရာနဲ့ ရွာရဲ့ မြောင်းထဲမှာ ပြန်တွေ့တယ်။ ဘယ်အဖွဲ့ လက်ချက်ဆိုတာတော့မသိဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုသတ်ဖြတ်ခံရသော အမျိုးသားသည် အသက် ၅၀ ဝန်းကျင်ရှိပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့အစည်း (PNO/PNA) ကို မကြိုက်နှစ်သက်သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် အတွင်းတွင် စစ်ကောင်စီ၊ PNO/PNA ပူးပေါင်းနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့သည် ဇန်နဝါရီ လကုန်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေသည့် နေရာဖြစ်သည်။

ထိုစစ်ရေးတင်းမာမှုကြား ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် ဒေသခံများလည်း မကြာခဏ လူပျောက်မှုများ ရှိနေသည်။

ထို့ပြင် ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် PNAနှင့် PNLA တို့သည် ဖေဖော်ဝါရီ မှ မတ်လအထိ အရပ်သား ၂၀ဖမ်းဆီးခဲ့သည်။


အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား ၂၀ ဦးထဲတွင် PNLA ဘက်မှ အရပ်သား ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ PNA ဘက်မှ အရပ်သား ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ PNA ဘက်က ၄ဦးပြန်လည်လွတ်ပေးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။

ထို ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့ (၂)ဖွဲ့ အပြိုင်အဆိုင် ဖမ်းဆီးမှုနှင့် ဒေသခံများပျောက်ဆုံးပြီး သတ်ဖြတ်ခံနေရမှုနှင့် ပတ်သတ်ပြီး ဟိုပုံးမြို့နယ် အတွင်း နေထိုင်သည့် သူများက စိုးရိမ်နေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုဆိုရင် ပိုဆိုးလာတယ်။ နိုင်ငံရေး နည်းနည်းသိတဲ့သူဆိုရင် သတ်နေတဲ့သဘောပဲ။ ရွာတွေဘက်မှာ ပိုဖြစ်တယ်။ နိုင်ငံရေး နည်းနည်းပါးပါး သိရင် အခုလို မျိုးရက်ရက်စက်စက် သတ်ခံရမယ်ဆိုပြီး လုပ်ပြတဲ့သဘောပဲ” ဟု ဟိုပုံးမြို့ တွင်နေထိုင်သည့် အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) တွင်လည်း ဆီဆိုင်မြို့တိုက်ပွဲကြောင့် ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာသည့် လူငယ် ၃ ဦးသည် စောင်နှင့်အဝတ်အထည်များ ပြန်ယူရန် နေအိမ်ရှိ ဆီဆိုင်မြို့သို့ ပြန်နေစဉ် လမ်း၌ပျောက်ဆုံးသွားရာ ယနေ့အချိန်ထိ မတွေ့ရှိသေးပေ။

ထို့အပြင် ပြီးခဲ့သည့် (မတ်လ ၁၆ ရက်နေ့)တွင်လည်း ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီ လေတပ် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...