ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO) နှင်ပူးပေါင်းသည့် မြေပွဲစားများက သိမ်းယူခဲ့ပြီး အတင်းအဓမ္မ ရွှေ့ပြောင်းရန် ဖိအားပေးခဲ့သည်။

စစ်ကော်မရှင်တပ်နှင့် PNO တပ်ဖွဲ့၏ဖိအားပေးမှုကြောင့် ညောင်ဗက်ကျေးရွာမှ အိမ်ခြေ၂၀၀ကျော်သည် ယခု မေလ ကုန်တွင် အပြီးပြောင်းရွှေ့ရန် ဖိအားပေးသောကြောင့် ဟိုပုံးမြို့နယ် ဘုရားဖြူဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ထိုသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ညောင်ဗက်ကျေးရွာတွင် ကျန်ရှိသည့် နေအိမ်များကို ဖြိုဖျက်ရန် စစ်တပ်နှင့် PNOတပ်က တစ်အိမ်လျှင် ငွေကျပ်ငါးသိန်းစီ ထပ်မံကောက်သောကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ချပေးတဲ့ မြေနေရာကလည်း သိန်းငါးဆယ် ပြန်ပေးရမယ်လို့ပြောတယ်။ အခုအဲနေရာမှာ တဲထိုးပြီး နေနေရသေးတယ်။အရာအားလုံးကို အစကနေ ပြန်စနေရတော့ အဆင်မပြေဘူး၊ အခုကျန်ခဲ့တဲ့ နေအိမ်ကို ဖြိုဖို့ ငါးသိန်းထပ်ပေးရမယ်တဲ့ စားစရာကမရှိ နေစရာအိမ်မရှိပါဘူးဆို ပိုက်ဆံထပ်တောင်းတာ အရမ်းလွန်တယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မြေဝယ်လျှင် နောက်ခံအကြောင်းရာကို သေချာစုံစမ်းပြီးမှ ဝယ်သင့်ကြောင်းနှင့် လက်နက်ကိုင်များနှင့် ဆက်နွယ်နေသည့် မြေများကို ရှောင်ရှားစေလိုကြောင်း ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၃၀)ရက်က မြေသိမ်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါဝင် ဒေသခံ (၆)ဦးကို စစ်ကော်မရှင်တပ်က မြေယာဥပဒေဖြင့် တရားစွဲထောင်ချလိုက်ပြီး ဒေသခံများကို လက်နက်အာားကိုးဖြင့် ခြိမ်းခြောက် သိမ်းယူသွားကြောင်း ဒေသခံ အသက် (၅၀)ကျော်အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ကလက်နက်ရှိတော့ လုပ်ချင်တိုင်းလုပ်တာပေါ့၊ လက်နက်ရှိရင် အာဏာရှိတယ်လေ ပြည်သူတွေပဲ ခံရတာ၊ရွာသား (၆) ဦးကိုလည်း ထောင်ချလိုက်ပြီ၊ ကျမတို့လည်း အခုပြောင်းပေးလိုက်ရပြီ၊ အဆင်မပြေဘူး လုပ်စားဖို့ မြေလည်းမရှိဘူး နေဖို့လည်း အိမ်မဆောက်ရသေးဘူး၊ အဲမြေနဲ့ပဲ စားဖို့၊နေဖို့၊ ပညာသင်ဖို့ အကုန်ဖြေရှင်း လုပ်စားနေရတာ။” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ(၃၀)ရက်တွင် ညောင်ဗက်ကျေးရွာသို့ စစ်ကော်မရှင်တပ် လက်အောက်ခံ ရဲနှင့် PNOတပ်သားများက အင်အားသုံးလာရောက်ကာ ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဘူဒိုဇာဖြင့် ဖယ်ရှားရန် လာရောက်ခြိမ်းခြောက်ခဲ့သည်။

လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်တွင် ဟိုပုံး-လွိုင်လင် လမ်းမကြီးမှ မြေဧက နှစ်သောင်းနီးပါးကို စစ်တပ်မှ သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စစ်ကော်မရှင်မှ ပအိုဝ်းပြည်သူ့စစ် (PNO) မှတစ်ဆင့် ဒေသခံများထံသို့ လွှဲပြောင်းခဲ့သော်လည်း ပအိုဝ်းပြည်သူ့စစ် (PNO) က ဒေသခံများကို မပေးဘဲ ပွဲစားများနှင့် အကွက်ရိုက်ရောင်းချ မှုများ ရှိခဲ့သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...