ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကျနော်တို့ရွာ ကလေး လေးယောက် ခေါ်တယ်။ နှစ်ယောက်သွားလိုက်ရတယ်။ အဲ့သွားတဲ့ လူနှစ်ယောက်ကို ကျိုင်းတုံဘက်ကို ပြန်ပို့တာ။ကျနော်တို့က ရွာက တခြားရပ်ကွက်တွေလည်း ခေါ်သွားတယ်။တချို့ ရပ်ကွက်က ၃ ယောက် တချို့က ၂ ယောက်။အဲ့ခေါ်သွားတဲ့လူနှစ်ယောက်ကို ဖုန်းတွေ လိုတဲ့အဝတ်တွေ ဝယ်ပေးပြီး ပို့လိုက်တာ”ဟု ၎င်းက ပြောသည်။

ထိုပြင် ဟိုပုံးမြို့ပေါ်နှင့် အနီးတဝိုက်ကျေးရွာများကို စစ်မှုထမ်းရန် နှင့် လူငှားရမ်းရန် အတွက် ဟုဆိုကာ တစ်အိမ်လျှင်ကျပ်ငွေ ၅ သောင်း လိုက်‌ကောက်နေကြောင်း သိရသည်။

“ဟိုပုံးမြို့ထဲမှာတော့ စစ်မှုမထမ်းချင်ရင် တစ်လကို တစ်သိန်းခွဲ လောက်ပေးနေတာ တွေရှိတယ်။ တချို့ရပ်ကွက် တွေကြတော့လည်း ၁ အိမ်ကို ၅သောင်းက နေ ၁သိန်းကျော်ထိ ထည့်ပေးရတယ်။မြို့ပေါ် မှာကြတော့ ကောက်တဲ့ရပ်ကွက်တွေ‌ကောက်နေပြီး”ဟု ဟိုပုံးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုပြင် ဟိုပုံးမြို့နယ်တွက် ပြည်သူ့ စစ်မှုထမ်း မလုပ်ချင်ပါက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့ကို တစ်လ လျှင် တစ်အိမ် အလှည့်ကျ လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

“ဖြစ်နိုင်ပါတယ်။မလုပ်ချင်တာတွေ ရှိတယ်လေ။တချို့တွေဆို လုပ်ရတော့မယ်လို့ကြားရင် ထိုင်းကို ထွက်ပြေးနေကြတာ။စစ်မှုထမ်းပါတဲ့ ဟာတွေလည်းထွက်ပြေးတာတွေရှိတာပေါ့။ရွာတွေဖက်မှာလည်း အဲ့လိုပဲ။နမ့်ခုတ်က အုပ်ချုပ်ရေးမှူးတောင် မတွေ့ဘူးတောင်ကြီးမှာပဲနေတာ”ဟု ၎င်းက ပြောသည်။

စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် လက်ရှိ မြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များ ငွေရွှင်နေသည့် နည်းတူ လူငယ်လူရွယ် အများအပြား နည်းလမ်းပေါင်းစုံဖြင့် ပြည်ပသို့ ထွက်ခွာနေသည်မှာ သျှမ်းတောင်ရှိ ကျေးရွာ အချို့တွင် လူငယ် လုံးဝမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

ယခု ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဉပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသမီးများနှင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည် ဖြစ်သည်။

စစ်မှုထမ်းရန်အတွက် စစ်သင်တန်းကာလကို ၃ လလျာထားပြီး တစ်နှစ်လျှင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ဆိုထားရာ တစ်နှစ်လျှင် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကောက်ယူထားသည့် ကြားဖြတ်သန်းကောင်စာရင်းအရ စစ်မှုမထမ်းမနေရ ဉပေဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...