သျှမ်းပြည် ဟိုပုံးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာနှင့် ကုန်းညောင်ရွာ ယမန့် မေလ ၁၅ ရက် ညနေ ၂ နာရီခွဲဝန်းကျင်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ် ၃ လုံးခန့်ပျက်စီးခဲ့ကြောင်း အသက် ၄၀ ဝန်းကျင်ရှိ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲ့ဒါ မနေ့က မိုးတွေ လေတွေအရမ်းတိုက်တော့ ကျနော်အိမ်လည်း ခေါင်မိုးတွေလှန်ကုန်တာ။ပျက်စီးမှုက များတယ် ခေါင်မိုးတောင်မရှိတော့ဘူး။ဟိုပုံးနဲ့ တခြားရွာတွေလည်း ဖြစ်လောက်မှာ လေတွေ အရမ်းတိုက် တာကို။ဆုံးရှုံးမှုကတော့ သိန်းနဲ့ရှိတာပေါ့။ “ဟု ၎င်းကပြောသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၉ ရက်တွင်လညည်း ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာ နှင့် နမ့်ပျဉ်းကျေးရွာတွင်လည်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၉ အိမ်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။











Leave a Comments