Tuesday, January 27, 2026

မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် သနပ်ဖက်ခြံစောင့်သူ ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။​

ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့်  အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ထိုသေဆုံးသူ ၃ဦးသည် တလျနွိုးရွာက လင်မယား ၂ ဦးနှင့် ကျောက္ကချားရွာက အမျိုးသား ၁ ဦး  တို့ဖြစ်ကြသည်။​

တောင်ပြို

“ မနေ့က ခြံသွားရင်း တောင်ပြိုတဲ့နေရာကိုဖြတ်သွားတော့ အလောင်းတွေ့လိုက်တယ်။ ဆယ်ထုတ်လိုက်တော့  တလျနွိုးရွာက လင်မယား ၂ ဦးနဲ့ ကျောက္ကချားရွာက အမျိုးသား ၁ ဦး သေသွားတယ်။ ဘယ်နေ့ကတည်းက မြေဖိုပြီးသေတာတော့ အသိအကျမသိဘူး။ သူတို့အမျိုးတော့ခြံသွားစောင့်တယ်ပြောတယ်  “ ဟု ၎င်းကပြောသည်။

မဲနယ်တောင်ဒေသသည် သနပ်ဖက်လုပ်ငန်းကိုသာ အဓိကစိုက်ပျိုးသည့် ဒေသတစ်ခုလည်းဖြစ်သည်။

မဲနယ်တောင် ဒေသခံများသည် ရေကြီး၊ တောင်ပြိုကျမည်ကို သိရှိသော်လည်း  မိသားစုစားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်နေရသည်ဟုဒေသခံတစ်ဦးက ပြောသည်။

ဟိုပုံးဒေသ စိုက်ပျိုးသည့် သနပ်ဖက်စိုက်တောင်သူများသည် တောင်ကြီးဘက်သို့ သနပ်ဖက်ကို အဓိကတင်ပို့ပြီး ပင်းတယနှင့်ဘော်ဆိုင်းဒေသဘက်မှ သနပ်ဖက်သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ ရှိ ဆေးလိပ်ခုံများရှိရာကို အဓိကတင်ပို့ကြသည်။

“ ဒီဘက်မှာ သနပ်ဖက်ကိုပဲ အဓိကလုပ်ကြတယ်လေ။ ရေကြီး တောင်ပြိုတာလည်းသိကြတယ် ဒါမဲ့ စားဝတ်နေရေးအတွက် ထွက်ရှာနေရတယ်။ သတိထားခြင်းမရှိတော့ ခုလို တောင်ပြို ရေကြီးထဲမျောပါကြတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်)မှစပြီး မဲနယ်တောင်ဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီး၊မြေပြိုမှုဖြစ်ကာ စံဖူးကျေးရွာအုပ်စုတွင် နေအိမ်(၈၀)နီးပါးပျက်စီးပြီး သေဆုံးသူ (၁၉)ဦး ရှိကြောင်းသိရသည်။

လက်ရှိမဲနယ်တောင်ဒေသတွင် စစ်မှုထမ်းဥပဒေထွက်ပြီးနောက်ပိုင်း လူငယ်အများစုမှာ ပြည်ပရောက်ကုန်တာကြောင့် ကျေးရွာများတွင်သက်ကြီးရွယ်အိုများသာ ကျန်တာကြောင့် ပိုပြီးစိတ်ပူကြောင်း ထပ်လောင်းပြောသည်။

မဲနယ်တောင်ဒေသတွင် ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာအလှူရှင် များစွာလိုအပ်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

တောင်ကျရေနဲ့အတူ လူ့အသက်တွေ မျောပါနေရ

0
“မိုးရွာလာပြီဆိုရင် ကြောက်စိတ် ဝမ်းနည်းစိတ်က အလိုလို ဖြစ်လာတယ်။ မိုးရွာတဲ့ညဆိုရင် အိပ်မပျော်ဘူး” လို့ ဉီးကျော်က သူ့ ခံစားချက်ကို ရင်ဖွင့်ပြောလာပါတယ်။ ယခုနှစ် ဇူလိုင်လ ၂၇ ရက် ညအချိန်မှာ မိုးရွာသွန်းမှုကြောင့် ဉီးကျော်တို့မိသားစု အိပ်ယာကို စောစောစီးစီး ဝင်ခဲ့ကြပါတယ်။ ဇူလိုင်လ ၂၈ ရက် မနက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...