ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယခု နိုဝင်ဘာ လဆန်းပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၌ နမ့်မောချောင်းတစ်လျှောက် စိုက်ပျိုးထားသည့် စပါးခင်းများ တောင်ကျရေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နမ့်ဖတ်ကာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တချို့က စပါးတွေ ရိတ်ပြီးတော့ လယ်ကွင်းထဲမှာ ဒီအတိုင်း ပုံထားမိတာ။ မိုးလည်း ညကနေ မနက်ထိ အဲဒီလို ရွာလိုက်တော့ တောင်ကျရေကြီးလို့ မနက်သွားကြည့်တဲ့ အချိန်မှာ ရိတ်ထားတဲ့ စပါးတွေ မကျန်ဘဲ ရေထဲ အကုန်ပါသွားတာမျိုး ကြုံရတာ ရှိတယ်။ ချောင်းနဲ့ နီးတဲ့ စပါးခင်းတွေ တော်တော်များများလည်း ရေတွေဝင်တယ်” – ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

ထိုသို့ မိုးကြီးပြီး တောင်ကျရေကြောင့် နမ့်မောချောင်းတစ်လျှောက်တွင် စိုက်ပျိုးထားသည့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးခဲ့ရသည့်အပြင်၊ ရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးအနီးရှိ လယ်ခင်းများ ပျက်စီးသွားသည့် ဒေသခံများလည်း ရှိကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“တချို့လယ်ကွက်တွေကျတော့ ရေတိုက်စားသွားတာ။ ချောင်းနဲ့ နီးတော့ ကမ်းပါးပြိုကျတာမျိုး ပါ။ သူတို့တွေဆို နောက်နှစ် ဘယ်လို စပါးပြန်စိုက်ရမလဲတောင် မပြောတတ်ဘူး။ အခုချိန်ထိ ဧက ဘယ်လောက် ပျက်စီးသွားလဲ ဆိုတာမျိုးတော့ အတိအကျ မပြောနိုင်ဘူး။ များတာကတော့ များတယ်” – ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ သဘာဝဘေးကြောင့် ရိတ်သိမ်းထားသည့် စပါးများ ရေမြုပ်ပြီး ပျက်စီးဆုံးရှုံးသည့်အပြင် မရိတ်သိမ်းရသေးသည့် စပါးများလည်း အခါလွန်မိုး ရွာသွန်းမှုကြောင့် စပါးနှံများကြွေခြင်း၊ ရွှံ့နွံများအောက် ရောက်သွားခြင်း၊ ရိတ်သိမ်းရန်မလွယ်ကူခြင်းတို့ကြောင့် ယခုနှစ်အတွင်း အထွက်နှုန်း မကောင်းမည်ကို စိုးရိမ်မိကြောင်း နမ့်ဖတ်ကာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအပြင် ခမောပါ ပန်ကိုင်ရွာတစ်လျှောက်တွင်လည်း တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်မှုရှိနေပြီး ပျက်စီးဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက် နေအိမ်နစ်မြုပ် (ဓာတ်ပုံ-TNLA)

အလားတူ နမ္မတူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ မြို့မရပ်ကွက်တွင် နေအိမ်(၄) လုံး နစ်မြုပ်ခဲ့ကြောင်း၊ နမ္မတူနှင့် မိုင်းဘော်သို့ ဆက်သွယ်ထားသည့် နမ့်ရီးတံတား ရေနစ်မြှုပ်ကာ နမ္မတူ-မန်တုံ ဆက်သွယ်ထားသည့် လမ်းမကြီးလည်း မြေပြိုမှုကြောင့် လမ်းမကြီး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် နိုဝင်ဘာလဆန်းပိုင်းအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာနှင့် သိန္နီမြို့နယ် တို့တွင်လည်း ချောင်းရေမြင့်တက်ကာ စပါးခင်းနှင့် ပြောင်းခင်းများ ဧက ရာနှင့်ချီ ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...