Saturday, April 20, 2024

နမ္မတူ

နမ္မတူ အစိုးရအိမ်ရာတွင် နေထိုင်သည့် ပင်စင်စားဝန်ထမ်းများကို TNLA ရွှေ့ပြောင်းခိုင်းနေ

သျှမ်းပြည် နမ္မတူမြို့ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို နေရာပြောင်းရွှေ့ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားလာခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂ ရက်)မှ စတင်ပြီး နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄)ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို...

TNLA ထိန်းချုပ်နယ်မြေ နမ္မတူမြို့ပေါ် တအာင်းအမျိုးသမီးဖိုရမ် ကျင်းပ

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ နှင့် ၂၉ ရက်တို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့၌ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ ဦးဆောင်၍ ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို...

နမ္မတူ ဒေသခံများကို TNLA တပ်ဖွဲ့ ခေါင်းဆောင်များ သွားရောက်တွေ့ဆုံ

သျှမ်းပြည် နမ္မတူမြို့နယ် ဒေသခံများကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ခေါင်းဆောင်များက သွားရောက်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် TNLA တပ်ဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် လူထုတွေ့ဆုံပွဲ...

နမ္မတူ ဗုံးခိုကျင်းမြေပြိုပိ အမျိုးသမီး ၁ ဦး သေဆုံး

သျှမ်းပြည် နမ္မတူမြို့တွင် ဗုံးခိုကျင်း တူးနေစဉ် မြေပြို၍ မြေကြီးပိမိပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ မတ်လ ၉ ရက်တွင် နမ္မတူမြို့နယ် သတလရပ်ကွက်၌ တိုက်ပွဲစိုးရိမ်မှုကြောင့် နေအိမ်အနီး ဗုံးခိုကျင်း တူးနေစဉ် ဝင်ရောက်ကြည့်ရှုခဲ့သည့် အမျိုးသမီး အပါအဝင် လူ ၂...

TNLA နှင့် စစ်ကောင်စီတို့၏ မာရှယ်လောအကြား ဒေသခံများ ဒွိဟဖြစ်၊ လုံခြုံရေး စိုးရိမ်

သျှမ်းပြည် မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များတွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ မာရှယ်လောကြောင့် ဒေသခံများ ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်က မန်တုံ၊ နမ့်ဆန်နှင့်...

နမ္မတူ လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် နမ္မတူမြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၃ ရက်နေ့က နမ္မတူမြို့နယ် နမ့်ခွန်လုံ (ခ) တောင်သုံးလုံးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး...

သီပေါ-နမ္မတူကြား မိုးတေတံတားအနီး ကားတစ်စီး မိုင်းထိ ယာဉ်မောင်း ၁ ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါ- နမ္မတူကြားရှိ မိုးတေတံတားအနီးတွင် ပစ္စည်းတင်ဆောင်လာသော ကားတစ်စီး မိုင်းနင်းမိပြီး ပေါက်ကွဲကာ ယာဉ်မောင်းသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇန်ဝါရီလ ၂၂ ရက်) နေ့လည် ၁၂ ဝန်းကျင်တွင် နမ္မမြို့ဘက်မှ ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးသည် မိုးတေကျေးရွာရှိ ချောင်းကူးတံတားအနီးမှ လမ်းမပေါ်သို့...

လားရှိုး-နမ္မတူလမ်း နားကွမ်းလုံရွာမှ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံရ

သျှမ်းမြောက် လားရှိုး-နမ္မတူလမ်းကြားရှိ လားရှိုးမြို့နယ် နားကွမ်းလုံရွာမှ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံလိုက်ရသဖြင့် ဒေသခံများ ဖြတ်သန်းသွားလာရန် ခက်ခဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) ညပိုင်းတွင် လားရှိုး-နမ္မတူလမ်းကြားရှိ လားရှိုးမြို့နယ် နားကွမ်းလုံရွာမှ တံတားတစ်စင်းကို လက်နက်ကိုင်တစ်စုမှ လာရောက်မိုင်းခွဲ ဖျက်စီးသွားခဲ့ကြောင်း လားရှိုးမြို့လိုင်းကားမောင်းနှင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တံတားကကျိုးသွားတာ...

နမ္မတူ စစ်ရှောင်များနေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့်သတင်းကြောင့် စိုးရိမ်မှုမြင့်တက်

သျှမ်းပြည် နမ္မတူမြို့နယ် စစ်ရှောင်များ သတ်မှတ်ရက် နေရက်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့်သတင်းကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်နေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း နမ္မတူမြို့နယ်စစ်ရှောင်များ သတ်မှတ်ထားသည့်ရက် နေရပ်သို့မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောဆိုနေသည်ဆိုသော သတင်းကြောင့် တိုက်ပွဲကြား နေရပ်ပြန်နေရကြောင်း နမ္မတူမြို့ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “တဆင့်စကားအားဖြင့်...

နမ္မတူမြို့နယ် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး

သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၆) ရက် နံနက်ပိုင်း...

Latest news