စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃)ဉီး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး (၂)ဉီးဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနေ့ မနက်မှာ နမ္မတူမြို့ထဲနဲ့ နမ့်ဆန်မြို့နယ် ဟိုမိန်းရွာထဲကို ဗုံးကြဲသွားတာ။ ဟိုမိန်းမှာတော့ ၃ယောက်ဆုံးတယ်။ နမ္မတူမှာတော့ ၃ဦးအထက်ပဲ ဒဏ်ရာရတာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယနေ့ (အောက်တိုဘာ ၁၇)ရက် မနက် ၇နာရီဝန်းကျင်တွင် နမ္မတူမြို့ရှိ အမှတ်(၁) အထက်တန်း ကျောင်းအနီးကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲမှု ထပ်မံပြုလုပ်ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် နေပြည်တော်၌ အောက်တိုဘာ ၁၅ရက်တွင် ၁၀နှစ်ပြည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီ စာချုပ် (NCA) လက်မှတ်ထိုးအခမ်းအနားကို ကျင်းပပြီးနောက် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲ ကို ဆက်လက်ကျင်းပနေချိန် ၎င်းတို့ “၁၀၂၇” စစ်ဆင်ရေးအတွင်း ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်ရရှိရန် လေကြောင်းဗုံးကြဲမှုကို နေ့စဉ်ကျူးလွန်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်၌ စစ်ကော်မရှင်နှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် TNLA ဘက်က ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်ထံ ပြန်လွှဲအပ်ပေးမည်ဟု ကမ်းလှမ်းပြောဆိုခဲ့သော်လည်း စစ်ကော်မရှင်ဘက်က ပြန်လည်တိုက်ယူမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၎င်းဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး အခြားတဘက်မှာလည်း “ငြိမ်းချမ်းရေး”ဟု ပြောဆိုကာ ၎င်းဆုံးရှုံးလိုက်သည့် နယ်မြေများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် စစ်ကော်မရှင်တပ်သည် နောင်ချိုမြို့ကို TNLA လက်ထဲမှ ပထဆုံးပြန်လည် ထိန်းချုပ် နိုင်ခဲ့သည်။

ထို့ပြင် စစ်ကော်မရှင်နှင့် TNLAတို့သည် သြဂုတ် ၂၇ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်သည် TNLA ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည့် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ်၊မန်တုံမြို့နယ်၊နမ့်ဆန်မြို့နယ်နှင့် မိုးကုတ်မြို့နယ် အတွင်းသို့ လေကြောင်းပစ်ခတ်မှု ယခင်ကထက်ပိုပြီး ပြုလုပ်လာသည်။

စစ်ကော်မရှင်သည် ယခု အောက်တိုဘာလအတွင်းကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိသည့် မြို့နယ်များကို လေကြောင်းဖိအားဖြင့်ဆက်တိုက်ဗုံးကြဲသွားနိုင်ကြောင်းလည်း သျှမ်းပြည် စစ်ရေးပဋိပက္ခနယ်မြေတွင် နေထိုင်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...