လားရှိုးမြို့ပေါ်ရောက် သီပေါ၊ နမ္မတူ စစ်ဘေးရှောင် ထောင်နှင့်ချီ အတွက် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်

စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် လားရှိုးမြို့ပေါ်သို့ရောက်ရှိလာသည့် သီပေါမြို့နှင့် နမ္မတူမြို့မှ စစ်ဘေးရှောင် ထောင်ချီအတွက် စားဝတ်နေရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် နမ္မတူမြို့ဘက်သို့ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

နမ္မတူမြို့ပေါ် လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် လားရှိုးမြို့ဘက် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဦးရေ (၁၀၀၀) ကျော်အထိ ရှိလာပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“အခက်ဆုံးကတော့ စစ်ရှောင်ထားမယ့် နေရာပေါ့။ ရပ်ကွက်ဓမ္မာရုံတို့၊ လိုင်းခန်းငှားပေးတာတို့ အဲ့လို လိုက်ရှာပြီး ထားပေးရတယ်။ နမ္မတူကနေ လားရှိုးရောက်နေတာ မနေ့ကအထိ စာရင်းဆိုရင် ၅၀၀ ကျော် ရှိတယ်။ မြို့ပြင် နောင်လိုင် ကြာကန်သုဿာန်ဘက်မှာလည်း စစ်ရှောင် ၅၀၀ ကျော် ရောက်နေတော့ အားလုံးပေါင်းလိုက်ရင် ၁၀၀၀ ကျော် ရှိတယ်၊ နမ္မတူစစ်ရှောင်အတွက်က နေဖို့ စားဖို့ ခက်နေတာ”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့သို့ ထပ်မံတိမ်းရှောင်လာသည့် နမ္မတူစစ်ဘေးရှောင် (၁၀၀၀) ကျော်သည် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် ဂေဟာ (၁၀) နေရာတွင် ခိုလှုံနေပြီး အိပ်ယာခင်း၊ ခြုံစောင်နှင့် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ကတည်းက လားရှိုးမြို့ပေါ် စစ်ရှောင်စခန်း (၁၆) ခုတွင် ရောက်ရှိနေသည့် ကျောက်မဲ၊ နောင်ပိန်ဘက်မှ စစ်ရှောင် (၂၀၀၀) ခန့်လည်း စစ်ကော်မရှင်တပ်နှင့် TNLA ကြား သီပေါတိုက်ပွဲကြောင့် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

“ကျောက်မဲစစ်ရှောင်လည်း ရောက်တာ ၂ လ ကျော်ရှိပြီလေ၊ သူတို့ကို နေရပ်ပြန်ပို့ဖို့ လုပ်နေပေမယ့် သီပေါမှာ တိုက်ပွဲဖြစ်နေတော့ ပြည်ထောင်စုလမ်းမကြီး မပွင့်သေးလို့ ပြန်မပို့နိုင်သေးဘူး။ ရပ်နီးရပ်ဝေး အလှူရှင်တွေလည်း လှူရတာ များလာတော့ အားလျော့လာတယ်။ လားရှိုးမြို့ပေါ်မှာ စစ်ရှောင်အားလုံးပေါင်း ၃၀၀၀ နီးပါးလောက် ရှိမယ်”ဟု အဆိုပါ စစ်ရှောင်ကူညီသူ အမျိုးသားက ဆက်ပြောသည်။

EORE 6

အလားတူ စစ်ကော်မရှင်တပ်သည် ကျောက်မဲမြို့မှ TNLA ထိန်းချုပ် သီပေါမြို့ဘက် မြေပြင် စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကျေးရွာများနှင့် သီပေါမြို့ပေါ် ရပ်ကွက်များမှ ပြည်သူများမှာ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်သည့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သီပေါစစ်ရှောင်များထံမှ သိရသည်။

“သီပေါထဲက အများစုတော့ နောင်အန်၊ နားကန်းဘက် ပြေးကြတယ်။ တချို့လည်း နမ့်လန်အထိ ရောက်တယ်၊ တချို့လည်း ကိုးကန့်ထိန်းထားတဲ့ သီပေါတံတားကြီး တဖက်ခြမ်း ဆွတ်လန်း၊ နားမခေါ်၊ ကုန်းသာ အဲ့ဘက်ထိ ရောက်တယ်။ စစ်ရှောင်ဦးရေကတော့ ထောင်ချီရှိတယ်၊ ဒီဘက်က တောင်းစရာ အဖွဲ့အစည်းလည်း မရှိတော့ စားနပ်ရိက္ခာ ခက်ခဲကြပ်တည်းနေတာ”ဟု သီပေါမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ (အောက်တိုဘာ ၈ ရက်) တွင် ကျောက်မဲ-သီပေါကြားရှိ ချောင်းချောက်ကျေးရွာထဲ ရိက္ခာပြန်ယူသည့် ဒေသခံ (၃) ဦးသည် တိုက်ပွဲကြား သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေသည်။

ပုံစာ – လားရှိုးရောက် နမ္မတူစစ်ဘေးရှောင်များ (ဓာတ်ပုံ-ဒေသခံ)

လက်ရှိတွင် ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် စစ်ကော်မရှင်တပ် စစ်ကြောင်းများသည် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ဘက်သို့ မြေပြင်စစ်ကြောင်း ဆက်လက်ချီတက်လျက်ရှိရာ သီပေါမြို့နှင့် (၁၀) အကွာခန့်တွင် ရောက်ရှိနေပြီး တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ္မတူမြို့နှင့် နမ့်ဆန်မြို့တို့ကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဖိအားပေး တိုက်ခိုက်နေခြင်းကြောင့် အရပ်သားသေဆုံးမှု မြင့်တက်နေပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...