နမ္မတူဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်း ဆက်တိုက် ဗုံးကြဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ (၂) ရက်မှ စတင်ပြီး အောက်တိုဘာ (၇)ရက်အထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ပတ်အတွင်း (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၄) ဦး သေဆုံးကာ (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ပေါ် နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း အဆောက်အဦ (၁၀) လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံ မျက်မြင်တွေ့ရှိသူ ပြောပြချက်အရ သိရသည်။

“စစ်တပ်က အချိန်မရွေး ဗုံးကြဲမှုတွေ ပြုလုပ်နိုင်တဲ့အတွက် ဒေသခံတွေ၊ နမ္မတူကို လာပြီး စစ်ရှောင်တဲ့ ပြည်သူတွေရော လွတ်ရာကို ပြေးနေရတယ်။ ဦးတည်ရာ ဘေးလွတ်မယ် ထင်တဲ့နေရာကို သွားကြတယ်၊ လားရှိုးရော နောက်ပြီး ဒီအနီးအနားရော။ နမ္မတူမြို့ပေါ်တော့ လူသိပ်မရှိတော့ဘူး” ဟု နမ္မတူဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူဒေသခံနှင့် အခြားမြို့နယ်မှ စစ်ဘေးလာရှောင်သူများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ များသောအားဖြင့် လားရှိုးမြို့သို့ စစ်ဘေးရှောင် သွားကြကြောင်း သိရသည်။

“ဆွေမျိုးရှိတဲ့ နေရာမျိုးကို သွားတာပေါ့။ လားရှိုးမှာ ဆွေမျိုးမရှိတဲ့သူတွေဆိုရင် အခန်းငှားနေတာ ရှိတယ်၊ တချို့လည်း အလှူရှင်နဲ့တွေ့ပြီး နေရာ မငှားရတာတွေလည်း ရှိတယ်။ နေ့တိုင်းလို လိုတော့ ရှောင်သွားနေကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပြေးနေရတာ၊ တော်တော်တော့ ခက်ခဲတယ်။ ခန့်မှန်းချေ အယောက်ပေါင်း (၂၀၀) လောက်တော့ ရှိလောက်ပြီ” ဟု အဆိုပါ နမ္မတူစစ်ရှောင် အမျိုးသမီးက ပြောသည်။

ထို့အပြင် နမ္မတူမြို့အနီးရှိ ကျေးရွာဒေသခံများသည် လက်တလော ခြံထွက် ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန် ဖြစ်ခြင်းကြောင့် အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

“ကျနော်တို့က ဒီစိုက်ပျိုးရေးအတွက် အခြားသူတွေဆီမှာ ငွေတိုးယူပြီး စိုက်ထားတာ၊ တကယ်လို့ ကျနော်တို့ ဒါကို စွန့်ပြီး ထွက်ပြေးရင် အကြွေးပြဿနာ ကြုံရနိုင်တယ်။ ဒါကြောင့် ထွက်ပြေး တိမ်းရှောင်ဖို့က ခက်ခဲနေတယ်” ဟု နမ္မတူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးရေး လုပ်နေသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုတောင်သူများသည် စစ်ကော်မရှင်တပ်၏ အချိန်မရွေး လေကြောင်းဗုံးကြဲမှုကို စိုးရိမ်ထိတ်လန့်စိတ်ဖြင့် လယ်ယာလုပ်ကိုင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ဘေးတိမ်းရှောင်သွားသူများအတွက်လည်း ရေရှည် စားဝတ်နေရေး ခက်ခဲနိုင်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“အခုလောလောဆယ်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားနေရတာ။ မိသားစုက ၄ယောက်ရှိတယ်။ လူတယောက်က အနည်းဆုံး ကျပ်တစ်သောင်းကုန်တယ်။ အလုပ်ကလည်း မလုပ်ရတော့ ရေရှည်ဆိုရင် ခက်မယ်” ဟု လားရှိုးရောက်နေသည့် နမ္မတူစစ်ဘေးရှောင် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်ထားသည့် မြို့ (၁၂) မြို့ထဲမှ ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် နောင်ချိုမြို့ကို စစ်ကော်မရှင်တပ် ပထမဆုံး ပြန်လည်ထိန်းချုပ်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲမြို့သည် ဒုတိယမြို့ ဖြစ်လာသည်။

ထို့နောက် စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့၊ သီပေါမြို့၊ နမ္မတူမြို့၊ နမ့်ဆန်မြို့နှင့် မန်တုံမြို့တို့ကို ဆက်တိုက် လေကြောင်းဗုံးကြဲမှု ပြုလုပ်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...