Tuesday, January 27, 2026

TNLA ထိန်းချုပ် နမ္မတူမြို့ တစ်ပတ်ထဲ ၃ ကြိမ်မြောက် ဗုံးထပ်ကြဲခံရ၊ ဘုန်းကြီးကျောင်းထိမှန်ပျက်စီး

သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပုဗ္ဗာရုံဘုန်းကြီးကျောင်း ထိမှန်ပြီး ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၆ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပုဗ္ဗာရုံပရိယတ္တိ ရွှေကျင်ကျောင်းတိုက်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်များ အားလုံးနီးပါး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

နမ္မတူမြို့ပေါ် ယမန်နေ့ (အောက်တိုဘာ ၆ ရက်) သီတင်းကျွတ်လပြည့်နေ့တွင် လေကြောင်းဗုံးကြဲခံရပြီးနောက် Starlink စတားလင့် အင်တာနက်ဝိုင်ဖိုင်များ အသုံးပြုခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ယနေ့ လေကြောင်းဗုံးကြဲခံရမှုအတွင်း ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးဘဲ သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

ဓာတ်ပုံ – နမ္မတူမြို့ပေါ် ပုဗ္ဗာရုံပရိယတ္တိ ရွှေကျင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ)

ယခုထပ်မံ ဗုံးကြဲခံရသည့် နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက် နယ်မြေ(၈)တွင် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းကလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်ဘေးရှောင် ၄ ဉီး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် စစ်ကော်မရှင်တပ် စစ်ကြောင်းများသည် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ဘက်သို့ မြေပြင်စစ်ကြောင်း ဆက်လက်ချီတက်လျက်ရှိရာ သီပေါမြို့နှင့် (၁၀) အကွာခန့်တွင် ရောက်ရှိနေပြီး ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...