နမ္မတူမြို့ပေါ် စစ်တပ် လေကြောင်းဗုံးကြဲ စစ်ဘေးရှောင် ၄ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ယနေ့ (အောက်တိုဘာ ) ၂ရက် မနက် ၇နာရီဝန်းကျင်တွင်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ၄ ဉီးသေဆုံးခဲ့ပြီး၊ ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်တပ်သည် ယနေ့ မနက် ၇နာရီခွဲတွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ္မတူမြို့ပေါ် ရပ်ကွက်(၈) တွင်နေထိုင်သည့် အသက်ကြီး ကျန်းမာရေးချို့တဲ့သည့် စစ်ဘေးရှောင် အမျိုးသားတစ်ဉီးအပါအဝင် စစ်ဘေးရှောင် (၄)ဦး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးထက်မနည်းရှိကြောင်း နမ္မတူမြို့ဒေသခံ မျက်မြင်တွေ့ရှိသူ အသက် (၃၅)အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ၃ဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတာ၊ အမျိုးသမီးတစ်ဉီးကတော့ ဆေးရုံပေါ်ရောက်တော့ဆုံးသွားတယ်။ စုစုပေါင်း ၄ဦး ဆုံးတယ်။ ထိခိုက်တာတော့ ကျနော်တွေ့တာ ၅ဦးရှိတယ်။ ဒဏ်ရာပြင်းထန်တာ ဆေးရုံပို့တာပေါ့။ ကျန်သူတော့ နည်းနည်း ထိတာရှိမယ်” ဟု ၎င်းက ဆိုသည်။

ထိုသေဆုံးသူများသည် အသက်ကြီး ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဉီးနှင့် အမျိုးသမီး (၃)ဦးတို့ ဖြစ်ပြီး၊ ထိုသူများသည် ကျောက်မဲမြို့မှ နမ္မတူမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများဖြစ်သည်။

စစ်ကော်မရှင်သည် TNLA ထိန်းချုပ်သည် နမ္မတူမြို့ပေါ်ကို ယနေ့ (စက်တင်ဘာ ၂)ရက်မှ စတင်ပြီး လေကြောင်း ဗုံးကြဲမှုပြုလုပ်ခဲ့ပြီး၊ ထိုဗုံးကြဲချသည့်နေရာသည် နောင်ချိုမြို့နယ်၊ နောင်ပိန်တိုက်နယ် နှင့် ကျောက်မဲမြို့နယ်ဘက်မှ စစ်ဘေးတိမ်းရှောင်လာသည့် သူများနေထိုင်သည့်နေရာဖြစ်ပြီး လက်ရှိ နမ္မတူမြို့တွင် စစ်ဘေးရှောင် နှစ်ထောင်နီးပါးရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“ ဒီနေ့က နမ္မတူမြို့ကို ပထမအကြိမ်ကြဲတာပဲ။ ဘယ်သူမှ မထင်ထားဘူး။ ဒီမှာကလည်း စစ်ဘေးရှောင် နှစ်ထောင်ကျော် ရှိတယ်” ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

လေကြောင်းဖြင့် လာရောက်ဗုံးကြဲသည့်အချိန်သည် မနက်အစောပိုင်းအချိန် ဖြစ်ကြောင်း၊ ထိုကဲ့သို့ လာရောက် ဗုံးကြဲမည် ကိုလည်း ဒေသခံများက ထင်မှတ်မထားကြောင်း နမ္မတူမြို့မှ ဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီမှာက စစ်ရှောင်တွေ အများကြီးရှိတယ်။ မနက်အချိန်လည်းဖြစ်တယ်။ နောက် ထင်မှတ်မထားတာလည်းဖြစ်တယ်။ ကျမတို့ သတိနဲ့နေဖို့ပဲ။ လေကြောင်းလာရင်တော့ လုံခြုံတဲ့နေရာမှာနေဖို့ လုပ်ရမယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

အောက်တိုဘာ ၂ရက် စစ်ကော်မရှင် လေကြောင်းဗုံးကြဲ ပျက်စီးသွားသည့်နေအိမ်

အလားတူ ယနေ့ ‌(အောက်တိုဘာလ ၂ ရက်) မနက် ၇ နာရီဝန်းကျင်တွင် မန်တုံမြို့ပေါ်ရှိ TNLA ထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ် ခလရ – ၁၃၀ စခန်းကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ခလရ(၁၃၀) တပ်စခန်းကို ၂၀၂၃ (ဒီဇင်ဘာ ၂၂ ရက်)တွင် TNLAက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာ ၂၈ရက်တွင် ပြုလုပ်ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲနီးပါးလာချိန် ဖြစ်သဖြင့် “၁၀၂၇ စစ်ဆင်ရေး” တွင် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် သျှမ်းမြောက် နယ်မြေတကြောကို ပြန်ရယူရန် မြေပြင်ထိုးစစ်ဆင်မှု နှင့် လေကြောင်းထိုးစစ်ဆင်မှုများ အပြင်းအထန် ပြုလုပ်နေသည်။

ယမန်နေ့တွင်လည်း ကျောက်မဲမြို့ကို စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး သီပေါမြို့၊ နမ္မတူ၊ မန်တုံ ၊ နမ့်ခမ်း၊ ကွတ်ခိုင်နှင့် သိန္နီတို့ကိုလည်း ပြန်ရယူနိုင်ရန် ပြင်ဆင်နေပြီး၊ ထိုဒေသတွင်နေထိုင်သူများအနေဖြင့် သတိဖြင့် နေထိုင်ရန်နှင့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် သျှမ်းမြောက် လူငယ်တစ်ဉီးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...