နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က ဖယ်ရှားပေးရန် ညွှန်ကြားထားခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ ၁၀ အိမ်ထက်မနည်း စတင်ဖယ်ရှားခံနေရကြောင်း နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုလက်ရှိ အုပ်ချုပ်စီမံနေတဲ့ TNLA တွေက ဖယ်ရှားခိုင်းတာ။ ဘာကြောင့် ဖယ်ရှားခိုင်းတာလဲဆိုတာ ခိုင်မာတဲ့ အကြောင်းပြချက် မရှိဘူး။ ကနဦးတုန်းကတော့ ဒီမှာနေတဲ့သူတွေအတွက် အန္တရာယ်ရှိတယ်လို့ ပြောပေမဲ့ အခုကတော့ ဖယ်ရှားရမယ်ပဲ ပြောနေတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ရပ်ကွက်တွင် အိမ်ခြေ ၁,၀၀၀ ခန့်ရှိပြီး နေထိုင်သူအများစုမှာ ဗြိတိသျှခေတ်ကတည်းက ကျော်ကြားခဲ့သည့် နမ္မတူဘော်တွင်း သတ္တုတွင်းလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ကြသည့် ဝန်ထမ်းဟောင်းများ၊ အငြိမ်းစားယူထားသူများနှင့် မိသားစုဝင်များ ဖြစ်ကြသည်။

၎င်းတို့သည် အစိုးရလက်ထက်မှစ၍ ယခု TNLA အုပ်ချုပ်သည့်တိုင်အောင် အဆိုပါနေရာတွင် ဘိုးဘွားစဉ်ဆက် အခြေချနေထိုင်လာကြသူများ ဖြစ်ကြောင်း သိရသည်။

နမ္မတူဘော်တွင်း

ယခုကဲ့သို့ ဝန်ထမ်းအိမ်ရာများ ဖယ်ရှားခိုင်းမှုကြောင့် နှစ်ရှည်လများ နေထိုင်လာသူများ၏ လူမှုစီးပွားဘဝကို ရိုက်ခတ်စေကြောင်း ဒေသခံများက ပြောသည်။

“ဘိုးဘွားလက်ထက်ကတည်းက နေလာခဲ့ကြတာ။ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ ဒညှင်းပင်၊ ထောပတ်ပင်တွေက ကျနော်တို့တွေအတွက် အသက်မွေးဝမ်းကျောင်းပဲ။ အခုလို ရုတ်တရက်ကြီး ဖယ်ရှားခိုင်းတော့ ဘယ်သူမှ မကျေနပ်ကြဘူး။ သံယောဇဉ်တွေလည်း ရှိနေတာလေ” ဟု ၎င်းက ထပ်လောင်းပြောသည်။

နမ္မတူမြို့သည် ၂၀၂၃ ခုနှစ်ကုန်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မြို့များအနက် တစ်မြို့ဖြစ်သည်။

TNLA သည် “၁၀၂၇ စစ်ဆင်ရေး” ဖြင့် ၂၀၂၃ ဒီဇင်ဘာလအတွင်းက မြို့အနောက်ဘက် ၁၄ မိုင်အကွာရှိ ဘော်တွင်းကိုပါ သိမ်းပိုက်ခဲ့သည်။

မြို့သိမ်းတိုက်ပွဲများအပြီး TNLA က နယ်မြေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး ယန္တရားများကို စတင်ထူထောင်လာစဉ် ၂၀၂၄ ခုနှစ် ဧပြီလဆန်းကတည်းက နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို ၁၀ ရက်အတွင်း နေရာပြောင်းရွှေ့ပေးရန် TNLA က အတင်းအကြပ် ဖိအားပေးခဲ့သည်။

ထိုစဉ်က ဖယ်ရှားခိုင်းမှုသည် လုံခြုံရေးစိုးရိမ်မှုကြောင့်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသော်လည်း ယခု ဖယ်ရှားမှုမှာ ဝန်ထမ်းအိမ်ရာများ၌ ပလောင်လူမျိုးများကို ထားရှိရန် လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာများကို TNLA က ဖယ်ရှားခိုင်းခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က TNLA သတင်းနှင့် ပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...