TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများက ပြောသည်။

“နမ္မတူမြစ်တောင်ဘက် မြို့ထဲကို ကျတာ။ အရင် အစိုးရဝန်ထမ်းတွေ နေတဲ့ သတလရပ်ကွက်ထဲ ကျတာ ဖြစ်လောက်တယ်၊ နေရာတော့ သေချာ မသိသေးဘူး။ တချို့လည်း သတလရပ်ကွက်လို့ ပြောတယ်၊ တချို့လည်း သတ္တုချက်စက်ရုံဘက် ကျတယ်လို့ ပြောတယ်။ အခုက စတားလင့်တွေလည်း ပိတ်ထားလို့ ဆက်သွယ်ဖို့ ခက်နေတယ်”ဟု နမ္မတူစစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့ပေါ် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေပြီး ယခု အောက်တိုဘာလ တတိယပတ်အထိ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကို စစ်ကော်မရှင်တပ်က (၆) ကြိမ်ထက်မနည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ်သည် ခြေမြန်တပ်ရင်း ခလရ-(၂၃) ကို ကျော်ကာ သီပေါ-နမ္မတူကြား ကွန်စံလိတ်ရွာ၊ မိုးတေရွာဘက် မြေပြင်ထိုးစစ် ရောက်ရှိလာပြီး မိုးတေတံတားလည်း မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းကြောင့် နမ္မတူဒေသခံ (၅၀၀) နီးပါး ဘေးလွတ်ရာ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ရှေ့ရက်က စစ်တပ်နဲ့ TNLA မိုးတေတံတားနား တိုက်ပွဲဖြစ်တယ်။ TNLA ဘက်က တပ်ဆုတ်ပြီးတော့ အခု စစ်တပ်က မိုးတေတံတားမှာ တပ်စွဲထားတယ်၊ အဲ့တံတား ကျော်သွားရင် နမ္မတူနယ်ထဲ ရောက်ပြီဆိုတော့ ဒေသခံတွေလည်း စိုးရိမ်ပြီး ထွက်ပြေးနေကြတယ်။ အခက်အခဲကတော့ အများကြီး၊ ကူတဲ့လူ မရှိဘူး”ဟု သီပေါမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

EORE 6

လက်ရှိတွင် နမ္မတူမြို့နယ်ရှိ ဆိုက်ခေါင်၊ မန်စံ၊ နမ့်တောင်ကုန်း၊ မိုင်းမု၊ ပန်လုံ စသည့် ကျေးရွာအုပ်စုများမှ ဒေသခံများသည် လားရှိုးမြို့နှင့် တန့်ယန်းမြို့ဘက်ထိ ထပ်မံထွက်ပြေးနေရကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

အောက်တိုဘာ လဆန်းပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံတစ်ထောင်ကျော် လားရှိုးမြို့ဘက် (၂) ပတ်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သို့သော် တောင်ယာရိတ်သိမ်းချိန် ဖြစ်ခြင်းကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားခဲ့ရာ လက်ရှိ စစ်ကော်မရှင်တပ်၏ နမ္မတူမြို့ကို ဦးတည်နေသည့် မြေပြင်ထိုးစစ်တွင် စစ်ဘေးထပ်မရှောင်နိုင်ဘဲ ငွေကြေးနည်းပါးခြင်းကြောင့် တိုက်ပွဲကြား ကျန်နေသူများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အခြားတစ်ဘက်တွင် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အပြင် စတားလင့် Starlink ဝိုင်ဖိုင်များလည်း ပိတ်ပင်ထားခြင်းကြောင့် ဆက်သွယ်ရေး ခက်ခဲနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...