သနပ်ဖက်ခြံ
မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး
SHAN -
ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့် အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။





