မဲနယ်တောင်
ဟိုပုံး မဲနယ်တောင်ဒေသ တောင်ကျချောင်းရေကြောင့် ယာယီတံတားပျက်စီး၊ သွားလာရခက်ခဲ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် တောင်ကျချောင်းရေကြောင့် ယာယီတံတား ပျက်စီးသွားသဖြင့် သွားလာရေးအတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်းအတွင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး တောင်ကျရေများကြောင့် ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင် စငေါကျေးရွာမှ ယာယီတံတား ပျက်စီးခဲ့သည့်အပြင် စံဖူးနှင့် ကျောက္ကချားကျေးရွာကို ဆက်သွယ်ထားသည့် တံတားလည်း...
မဲနယ်တောင်ဒေသတွင် ပြည်သူတစ်ဦးကို PNO စစ်သားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်
SHAN -
သျှမ်းပြည်နယ်တောင်းပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ လုံးဟီး(စံဖူး)ကျေးရွာရှိ ပြည်သူတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃)ရက် နံနက် ၃နာရီအချိန်တွင် PNOတပ်ဖွဲ့ဝင် ဘထူးဆိုသူသည် တစ်ရွာတည်းနေထိုင်သည့် ဦးညိုအား တလျနွိုးရွာကို လိုက်ခဲ့ရန် သေနတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်၍ တောထဲတစ်နေရာ၌...
မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး
SHAN -
ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့် အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မဲနယ်တောင်ဒေသတွင် မြေပြို၊ရေကြီး နေအိမ်အများပြားပျက်စီး၊ ထိခိုက်သေဆုံးသူ (၂၀)ဦးရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ရေကြီး၊ မြေပြိုမှုကြောင့် နေအိမ်အများပြားပျက်စီးခဲ့ပြီး၊ ထိခိုက်သေဆုံးသူ (၂၀) ဦးခန့်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) နေ့ကစပြီး မဲနယ်တောင်ဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီး၊ မြေပြိုမှုဖြစ်ကာ စံဖူးကျေးရွာအုပ်စုတွင် နေအိမ်(၈၀)နီးပါးပျက်စီးပြီး သေဆုံးသူ (၁၉)ဦး ရှိကြောင်းသိရသည်။ စံဖူးကျေးရွာအုပ်စုတွင်...
မဲနယ်တောင်ဒေသ စိုက်ပျိုးလုပ်ကိုင်သူများ လျော့နည်းလာ
SHAN -
သျှမ်းပြည် ဟိုပုံးမြို့နယ် ၊မဲနယ်တောင်ဒေသ နေထိုင်သူများသည် ထပ်ဆင့်စစ်ဘေးရှောင်ရမည်စိုး၍ စိုက်ပျိုးရေးလုပ်ကိုင်သူများ လျော့နည်းလာကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသ ဇန်နဝါရီ ၂၁ရက်နေ့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ် ပအိုဝ်းပြည်သူ့စစ်တပ်မတော်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO) တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်ခဲ့ရပြီး စိုက်ခင်းများပျက်စီးခဲ့ရသည်။ ယခုကာလတွင်...
မဲနယ်တောင် ဒေသခံများ တိုက်ပွဲကြားနေရပ်ပြန်ရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးရွာမှ ထွက်ပြေးတိမ်းရှောင်ရသူများသည် တိုက်ပွဲကြား စိုးရိမ်ပူပန်မှုဖြင့် နေရပ်ပြန်နေကြကြောင်း စုံစမ်းသိရသည်။ ဟိုပုံးနှင့် ဆီဆိုင်ကြားရှိ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဟိုပုံးမြို့ပေါ်တွင်လည်း တိုက်ပွဲများ ကူးစက် ဖြစ်ပွားလာနိုင်သည့်အတွက် ဟိုပုံးမြို့ မဲနယ်တောင်ဒေသ စံဖူးရွာက စစ်ရှောင်များမှာ လုံခြုံရေးအရ စိတ်ချရမှုမရှိသေးသော်လည်းနေရပ်ကို...





