မဲနယ်တောင်ဒေသ စိုက်ပျိုးလုပ်ကိုင်သူများ လျော့နည်းလာ

သျှမ်းပြည် ဟိုပုံးမြို့နယ် ၊မဲနယ်တောင်ဒေသ နေထိုင်သူများသည် ထပ်ဆင့်စစ်ဘေးရှောင်ရမည်စိုး၍ စိုက်ပျိုးရေးလုပ်ကိုင်သူများ လျော့နည်းလာကြောင်း သတင်းရရှိသည်။

သျှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသ ဇန်နဝါရီ ၂၁ရက်နေ့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ် ပအိုဝ်းပြည်သူ့စစ်တပ်မတော်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO) တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်ခဲ့ရပြီး စိုက်ခင်းများပျက်စီးခဲ့ရသည်။

ယခုကာလတွင် တိုက်ပွဲများ ရပ်တန့်နေသော်လည်း ထပ်မံဖြစ်လာမည်စိုး၍ စီးပွားဖြစ်စိုက်ပျိုးနေကြဖြစ်သည့် ကော်ဖီ၊ သနပ်ဖက်၊ပန်း၊ ကြက်သွန်ဖြူနှင့် ဘိန်း များကို ယခင်လထက် ထက်ဝက်မျှလျော့ချစိုက်ပျိုးနေကြောင်း မဲနယ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနှစ်က ထပ်ဖြစ်မှာ စိုးရိမ်နေသေးတယ်။ အရင်က ဘိန်းတွေဆို စစ်ရှောင်နေရတော့ ဒီတိုင်းထားခဲ့ရတာ အကုန်ရင့်သွားတယ်။ကြက်သွန်ဖြူဆိုလဲ ရေမလောင်းနိုင်တော့ အကုန်သေကုန်တယ်။ အရင်းတောင်မရလိုက်ဘူး”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထပ်မံစစ်ရှောင်ရမှာစိုး၍ နှစ်ရှည်ပင်များကို မစိုက်ပျိုးတော့ဘဲ(၃)လဖြင့် စားသုံးနိုင်ရသည့် သီးနှံပင်များကို တပိုင်တနိုင် စိုက်ပျိုးကြကာ မိသားစုစားဝတ်နေရေး ကိုဖြေရှင်းနေရကြောင်း သိရသည်။

ဆက်လက်ပြီး ပအိုဝ်းပြည်သူစစ်(PNO) နှင့် စစ်ကောင်စီတပ်ဖွဲ့များက မဲနယ်တောင်ဒေသတွင် ဂိတ်များချထားပြီး စစ်ဆေးမှုများလုပ်နေကြောင်းသိရသည်။

“ကျေးရွာထဲမာ တခါတလေး ပြည်သူစစ်တွေက သွားလာလုပ်တယ်။ ဂိတ်တွေထားထားတယ်။ အဝင်အထွက်တွေစစ်တယ်။ ပြည်သူစစ်တွေ ရှိနေသေးတော့ တိုက်ပွဲ ထပ်မံဖိမာကို စိုးရိမ်မူတော့ ရှိနေသေးတာပေါ့”ဟုဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် တိုက်ပွဲကြောင့်ဒေသခံအများအပြား စစ်ရှောင်နေခဲ့ရပြီး ယခုလက်ရှိတွင် တိုက်ပွဲငြိမ်နေတာကြောင့် နေရပ်ဒေသတွင် ပြည်လည်နေထိုင်နေကြကာ ပျက်စီးသွားသည့် နေအိမ်များကိုလည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ဆောက်လုပ်နေကြကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...