ဟိုပုံး မဲနယ်တောင်ဒေသ တောင်ကျချောင်းရေကြောင့် ယာယီတံတားပျက်စီး၊ သွားလာရခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် တောင်ကျချောင်းရေကြောင့် ယာယီတံတား ပျက်စီးသွားသဖြင့် သွားလာရေးအတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်းအတွင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး တောင်ကျရေများကြောင့် ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင် စငေါကျေးရွာမှ ယာယီတံတား ပျက်စီးခဲ့သည့်အပြင် စံဖူးနှင့် ကျောက္ကချားကျေးရွာကို ဆက်သွယ်ထားသည့် တံတားလည်း မပြီးသေးခြင်းကြောင့် သွားရေးလာရေးအတွက် ခက်ခဲနေကြောင်း စံဖူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုမိုးတွေရွာတော့ တောင်ကျရေတွေ ကြီးလာတယ်၊ စငေါတံတားတောင် ပျက်သွားပြီ။ စံဖူးနဲ့ ကျောက္ကချား တံတားလည်း မပြီးသေးဘူး၊ ရေစီးသန်ရင် သွားလို့မရဘူး။ မိုးကြီးရင်တော့ ရေစီးသန်ပြီး သွားမရ လာမရ ဖြစ်တယ်။ စငေါနဲ့ စံဖူးဘက်တို့ ဆက်ထားတဲ့ ကားလမ်းလည်း ပျက်သွားပြီ။ တောင်ကျရေကြောင့် သောက်သုံးရေတွေ နောက်ကုန်လို့ သောက်စရာ ရေမရှိဘူး” ဟု စံဖူးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကဲ့သို့ တောင်ကျရေများကြောင့် စမ်းချောင်းများတွင် ရေနှောက်နေပြီး မဲနယ်တောင်ဒေသတွင် သောက်သုံးရေလိုအပ်လျက်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားသောက်ကုန်အချို့လည်း လိုအပ်မှုရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စငေါကျေးရွာမှ ယာယီတံတားသည် ကျေးရွာပေါင်း (၈)ရွာ အဓိက အသုံးပြုနေရသည့် လမ်းဖြစ်ပြီး ယခုကဲ့သို့ ယာယီတံတား ပျက်စီးချိန် ထမ်းအယ်ကျေးရွာဘက်မှ တစ်ဆင့် သွားလာနေကြရသည်ဟု သိရသည်။

“စငေါဘက်က လမ်းက မြို့တက်မယ် ဘာညာဆို အဲ့လမ်းက ကောင်းတော့ အဲ့လမ်းကပဲ သွားကြတယ်။ အခုတံတား ပျက်၊ မြေပြိုပြီး လမ်းကလည်း အရင်လို မကောင်းတော့ ထမ်းအယ်ဘက်ကနေ လမ်းမကောင်းလည်း သွားနေရတယ်” ဟုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းသော်လည်း ရက်ဆက်ရွာသွန်းခြင်း မဟုတ်သည့်အတွက် မြေပြိုမှုများ မဖြစ်ပေါ်သေးသော်လည်း မြေပြိုမှု၊ ရေကြီးမှု အန္တရာယ် ရှိလာနိုင်ကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

“အခုက မိုးသိပ်မကြီးသေးပေမဲ့ ဝါခေါင်လတို့ သီတင်းကျွတ်လမှာ မိုးကြီးနိုင်တယ်။ အရင်ကလိုမျိုး ထပ်ဖြစ်မှာကြောက်တယ်။ မနှစ်က မိုးများတော့ မြေပြိုတယ်၊ ရေတွေနောက်ကုန်တယ်။ စိုက်ခင်းတွေလည်း ပျက်စီးပြီး ရစရာလည်း မရှိတော့ဘူး။ ဒီနှစ်က အဲလိုဖြစ်မှာစိုးလို့ ချောင်းဘေးမှာ ဘယ်သူမှ သီးနှံမစိုက်ပျိုးတော့ဘူး”ဟု ၎င်းက ပြောသည်။

မဲနယ်တောင်ဒေသတွင် စံဖူးကျေးရွာ၊ ကျောက္ကချား၊ လုံးဟီ၊ တလျနွိုး၊ နောင်စုံ၊ ဗန်းစောက်၊ ထမ်းအယ်နှင့် လုဲင်းကင်၊ စငေါ၊ နမ်းဟူး၊ တဖူးကဲင်းလုဲင်းလောင်း၊ ယုတ်ပေနှင့် ပင်လျမ်း စသည့် ကျေးရွာများရှိပြီး အဆိုပါကျေးရွာများသည် သဘာဝ ချောင်းရေကို အမှီပြုကာ နေထိုင်သည့် ဒေသဖြစ်သည်။

ယခုကဲ့သို့ တောင်ကျရေကြောင့် ယာယီတံတားပျက်စီးပြီး သွားသောကြောင့် စုဆောင်းထားသည့် စားသောက်ကုန်များနှင့် ရေတိုဖြေရှင်းနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း မဲနယ်တောင်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တောင်ကျချောင်းရေကြောင့် ရေကြီး၊ မြေပြိုမှုဖြစ်ကာ စံဖူးကျေးရွာအုပ်စုတွင် နေအိမ် (၈၀)ကျော် ပျက်စီးပြီး ဒေသခံ (၁၉)ဦး သေဆုံးသွားခဲ့သည်။

အဆိုပါရေကြီးမှုကြောင့် ယနေ့အထိ စိုက်ခင်းများတွင် ဖုံးလွှမ်းသွားသော သဲမြေ၊ ကျောက်တုံး သစ်တုံးများကို ဖယ်ရှားရန်နှင့် ပြန်လည်ပြင်ဆင်ရန် မတတ်သေးကြောင်းလည်း သိရသည်။

မဲနယ်တောင်ဒေသသည် PNO စိုးမိုးသည့် နယ်မြေဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်း ပအိုဝ်းပြည်သူ့စစ်(PNO)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံများမှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် များကို ခံစားခဲ့ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

မြေသိမ်းရန် ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးအနက် (၆)ဦးသာ ပြန်လွတ်လာ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေသိမ်းရန်ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး (၆)ဦးသာ ပြန်လွှတ်ပေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၃၀)ရက် ညပိုင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ အပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူးက ဒေသခံ၏...

စစ်တပ် မြေသိမ်းရန် ကန့်ကွတ်မှုကြောင့် ဖမ်းဆီးခံရသူ (၁၂)ဉီးပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ ရွာသူကြီး အပါအဝင် ဒေသခံ (၁၂)ဦးသည် မြေသိမ်းရန် ကန့်ကွက်မှုကြောင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ...

ဟိုပုံး စစ်ကော်မရှင်တပ်က ပြည်သူ (၈)ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်(၈)ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး ဟိုပုံးမြို့ပေါ်တွင် ညနေပိုင်း ဆိုင်ကယ်ဖြင့် အလုပ်မှ ပြန်လာသည့် လူငယ်များကို ဦးတည်ကာ စစ်ကော်မရှင်တပ်မှ ပေါ်တာဆွဲ ဖမ်းဆီးနေသောကြောင့် လူငယ်(၈)ဦး ထက်မနည်း ပေါ်တာဆွဲခံရပြီး အချို့သော လူငယ်များကို...

ဟိုပုံး သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်ပေးရေး ဒေသခံတောင်သူများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်လည်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်သည့် ဟိုပုံးတောင်သူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ ဌာနေတောင်သူများ၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်ယာစိုက်ပျိုးမြေများနှင့် ရပ်ရွာနေအိမ်များကို...