မြေသိမ်းရန် ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးအနက် (၆)ဦးသာ ပြန်လွတ်လာ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေသိမ်းရန်ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး (၆)ဦးသာ ပြန်လွှတ်ပေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ (၃၀)ရက် ညပိုင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ အပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူးက ဒေသခံ၏ နေအိမ်များကို ဘူဒိုဇာဖြင့် ဖျက်ဆီးရန် လာရောက်ခဲ့၍ ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။

ထိုသို့ကန့်ကွက်ခဲ့သောကြောင့် ဒေသခံ (၁၂)ဦးဖမ်းဆီးခံခဲ့ရပြီး ဒေသခံများ ညောင်ပင်ကျေးရွာမှ ဒေသခံများ ပြောင်းရွှေ့ရန် လက်မှတ်ထိုးပေးလျှင် ပြန်လွှတ်ပေးမည်ဟုဆို၍ ဖိအားပေးသောကြောင့် လက်မှတ်ထိုးခဲ့သော်လည်း (၆)ဦးသာ ပြန်လည် လွတ်မြောက်လာသေးကြောင်း သိရသည်။

“သူတို့ကတော့ အတင်းဖိအားပေးနေတော့ မပြောင်းပေးလို့မှ မရတာ၊ လက်မှတ်ထိုးပေးထားလည်း (၆)ဦးပဲ လွှတ်ပေးသေးတယ်၊ ကျန်တဲ့သူတွေကို ခုထိမလွှတ်ပေးသေးဘူး။ ဥပဒေက ပြည်သူဘက်မှာမရှိဘူး၊ ပြည်သူတွေအားကိုးရတဲ့ ခေါင်းဆောင်ဆိုတာလည်း မရှိတော့ဘူး၊ လက်နက်ကိုင်တဲ့သူတွေကို ပြည်သူတွေက ကြောက်နေရတာ၊ အာဏာက သူတို့လက်ထဲမှာဆိုတော့ သူတို့သဘောပေါ့။”ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မလွတ်မြောက်သေးသည့် ဒေသခံ (၆)ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးစေလိုကြောင်းနှင့် ဒေသခံများ၏ အိုးမဲ့ အိမ်မဲ့ ဖြစ်နေမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက မျက်ကွယ်မပြုထားသင့်ကြောင်း အဆိုပါ ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အဆိုပါ ညောင်ပင်ကျေးရွာတွင် အိမ်ခြေ(၂၀၀)ကျော်ရှိပြီး စစ်ကော်မရှင်တပ်က ဖယ်ပေးရန် အတင်းဖိအားပေး လက်မှတ်ထိုးခိုင်းသောကြောင့် ‌ဒေသခံများပြောင်းရွှေ့နေကြရပြီး နေစရာနေရာမရှိတော့ဘဲ ဒုက္ခရောက်နေကြသည်ဟု သိရသည်။

“ကျမတို့ဒီမြေပေါ်မှာ နေလာခဲ့တာ နှစ်ပေါင်း (၃၀)ကျော်ရှိနေပြီ၊ ဒီမြေပေါ်မှာပဲ အနာဂတ်တွေတည်ဆောက်ခဲ့ကြတာ၊ အခုတော့ အိမ်နဲ့ ခြံနဲ့ နေခဲ့တဲ့ ဘဝကနေ အိုးမဲ့ အိမ်မဲ့ဘဝကို ရောက်နေရပြီ၊ ပွဲစားတွေက ဒီမြေကို တပ်ပိုင်မြေမှန်းသိရင် ဘာလို့ပြည်သူတွေကို လိမ်ရောင်းခဲ့တာလဲ ပွဲစားတွေကပဲ သူတို့ရောင်းတဲ့ မြေကိုသူတို့ပြန်သိမ်းပြီး ပြည်သူတွေကို နှင်ထုတ်နေပြီ၊ ကျမတို့ရဲ့ အနာဂတ်လည်းပျက်စီးကုန်ပြီ။”ဟု ဟိုပုံးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်တွင် ဟိုပုံး-လွိုင်လင် လမ်းမကြီးမှ မြေဧက နှစ်သောင်းနီးပါးကို စစ်တပ်မှ သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စစ်ကော်မရှင်မှ ပအိုဝ်းပြည်သူ့စစ် (PNO) မှတစ်ဆင့် ဒေသခံများထံသို့ လွှဲပြောင်းခဲ့သော်လည်း ပအိုဝ်းပြည်သူ့စစ် (PNO) က ဒေသခံများကို မပေးဘဲ ပွဲစားများနှင့် အကွက်ရိုက်ရောင်းချ မှုများ ရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အတွင်း ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးကွက်သစ် နှင့် နောင်တောင်းကျေးရွာရှိ နေအိမ် (၂၀၀)ကျော်ကို ဖယ်ရှားပေးရန် ဆင့်စာ(၃)ကြိမ်ကြိမ်တိုင်တိုင် ပေးပို့ခဲ့ကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

စစ်တပ် မြေသိမ်းရန် ကန့်ကွတ်မှုကြောင့် ဖမ်းဆီးခံရသူ (၁၂)ဉီးပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ ရွာသူကြီး အပါအဝင် ဒေသခံ (၁၂)ဦးသည် မြေသိမ်းရန် ကန့်ကွက်မှုကြောင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ...

ဟိုပုံး စစ်ကော်မရှင်တပ်က ပြည်သူ (၈)ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်(၈)ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး ဟိုပုံးမြို့ပေါ်တွင် ညနေပိုင်း ဆိုင်ကယ်ဖြင့် အလုပ်မှ ပြန်လာသည့် လူငယ်များကို ဦးတည်ကာ စစ်ကော်မရှင်တပ်မှ ပေါ်တာဆွဲ ဖမ်းဆီးနေသောကြောင့် လူငယ်(၈)ဦး ထက်မနည်း ပေါ်တာဆွဲခံရပြီး အချို့သော လူငယ်များကို...

ဟိုပုံး သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်ပေးရေး ဒေသခံတောင်သူများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်လည်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်သည့် ဟိုပုံးတောင်သူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ ဌာနေတောင်သူများ၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်ယာစိုက်ပျိုးမြေများနှင့် ရပ်ရွာနေအိမ်များကို...