မဲနယ်တောင်ဒေသတွင် ပြည်သူတစ်ဦးကို PNO စစ်သားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်

သျှမ်းပြည်နယ်တောင်းပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ လုံးဟီး(စံဖူး)ကျေးရွာရှိ ပြည်သူတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၃)ရက် နံနက် ၃နာရီအချိန်တွင် PNOတပ်ဖွဲ့ဝင် ဘထူးဆိုသူသည် တစ်ရွာတည်းနေထိုင်သည့် ဦးညိုအား တလျနွိုးရွာကို လိုက်ခဲ့ရန် သေနတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်၍ တောထဲတစ်နေရာ၌ မှောက်လျက်နေခိုင်းးကာ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး ထားခဲ့ကြောင့် သေနတ်ပစ်ခံရသည့် ဦးညိုနှင့် နီးစပ်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“တော်သေးတာပေါ့။အသက်မသေခဲ့လို့။ ပြည်သူတွေကို ကာကွယ်ပေးဖို့ဆိုပြီး မထည့်မနေရ ကောက်ထားတဲ့ ဆပ်ကြေး လက်နက်တွေနဲ အပြစ်မဲ့ ပြည်သူကို ပြန်ပစ်သတ်တာက အရမ်းယုတ်ညံ မိုက်ရိုင်းတဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

သေနတ်ပစ်ခံရမှုကြောင့် ဦးညို၏ ဘက်ဘက်ပခုံးတွင် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသခံ နေကြောင်း သိရသည်။

ဦးညိုသည် လွန်ခဲ့သည့် နှစ်ပေါင်း၂၀ ကျော်တွင် ကျေးရွာသူကြီးလုပ်ခဲ့ဖူးသူဖြစ်ပြီး၊ သေနတ်ပစ်ခတ်ခဲ့သည့် ဘထူးတို့ လင်မယား ရန်ဖြစ်မှုကို ကူညီဖြေရှင်းပေးခဲ့ဖူးသူဖြစ်သည်။

PNO တပ်သားမှ ဦးညိုကို သေနတ်ပစ်ခတ်သည့်အတွက် ရရှိသည့် ဒဏ်ရာ

ထိုကိစ္စကြောင့် ဘထူးမှ အခဲမကြေဘဲ ရန်ငြိုးထာပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

“အခုဟာက ဘယ်လိုဖြေရှင်းပေးရမလဲမသိဘူး။ ရွာမှာ သဘာဝဘေးက တမျိုး ဒီပြဿနာက တမျိုးဆိုတော့ ကျနော်လည်း ခေါင်းရှုပ်နေပြီ။ တစ်ရွာတည်းသားချင်းဆိုတော့ ဘယ်လိုလုပ်ရမလဲမသိဘူး။” ဟု ဟိုပုံးမြို့ ဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။

လက်နက်အားကိုးပြီး လုပ်ချင်တိုင်း လုပ်နေသည့်ပုံစံဖြစ်နေကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ စစ်မှုထမ်းကောက်ယူနေပြီး၊ PNO တပ်ဖွဲ့သို့ ဝင်ရောက်သွားသည့် လူအများစုသည် အလုပ်အကိုင်မဲ့သူများနှင့် စဥ်းစားတွေးခေါ်မှုမရှိများသဖြင့် ရှေ့ဆက်ပြီး လက်နက်ဖြင့် အနိုင်ကျင့်မှုများဖြစ်လာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောသည်။

PNO တပ်သားပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့် ဦးညို

“လူရမ်းကား ဘိန်းစားတွေကို လက်နက်တွေ ပေးအပ်တာဟာ တော်တော်ကို ဦးနှောက် စဉ်းစားဉာဏ် မရှိတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမဲနယ်တောင် ဒေသသည် သဘာဝဘေးနှင့် စစ်ဘေးဒဏ်ကြောင့် နေအိမ်နှင့်လမ်းများပျက်စီးနေကာ ယခုထိ စားနပ်ရိက္ခာပို့ဆောင်ရန် အတွက် အခက်အခဲများဖြစ်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...