မဲနယ်တောင် ဒေသခံများ တိုက်ပွဲကြားနေရပ်ပြန်ရ

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးရွာမှ ထွက်ပြေးတိမ်းရှောင်ရသူများသည် တိုက်ပွဲကြား စိုးရိမ်ပူပန်မှုဖြင့် နေရပ်ပြန်နေကြကြောင်း စုံစမ်းသိရသည်။

ဟိုပုံးနှင့် ဆီဆိုင်ကြားရှိ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဟိုပုံးမြို့ပေါ်တွင်လည်း တိုက်ပွဲများ ကူးစက် ဖြစ်ပွားလာနိုင်သည့်အတွက် ဟိုပုံးမြို့ မဲနယ်တောင်ဒေသ စံဖူးရွာက စစ်ရှောင်များမှာ လုံခြုံရေးအရ စိတ်ချရမှုမရှိသေးသော်လည်းနေရပ်ကို ပြန်နေကြကြောင်း ထပ်မံသိရှိရသည်။

“ ရွာက အေးချမ်းတယ်။ လုံခြုံတယ်လို့တော့ မဟုတ်ဘူး။ ဆီဆိုင်မှာလည်း တိုက်ပွဲဖြစ်တော့ ကျမတို့ အခုက ဟိုပုံးမြို့မှာ ရှောင်နေပေမယ့် ရောက်လာနိုင်တယ်လေ။ မတတ်နိုင်ဘူး။ ရှောင်စရာ နေရာလည်းမ ရှိတော့ဘူး။ ကြောက်ကြောက်နဲ့ ရွာကို ပြန်ရတာပေါ့။” လို့ စံဖူးရွာ ဒေသခံ အမျိုးသမီးက ပြောသည်။

ထို့အပြင် စစ်ရှောင်ချိန် အဝတ်တထည်၊ ကိုယ်တခုဖြင့် အရေးပေါ် တိမ်းရှောင်လာခဲ့ကြသည့်အတွက် စားသောက်နေထိုင်ရန် ခက်ခဲလာ၍ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရှိရသည်။

“ဘာမှမပါလာပဲ ထွက်လာတော့ ကြာတော့ တောင့်မခံနိုင်တော့ဘူး၊ စားစရာကအစ သောက်ရေအဆုံး စောင်လည်းမရှိ၊ တောထဲတောင်ထဲ သွားရှောင်တဲ့သူတွေဆိုလည်း ခြင်ကိုက်တာကတစ်မျိုးနဲ့၊ ဒီအခြေအနေမှာ အိမ်အရမ်းပြန်ချင်ကြတာတော့ မဟုတ်ဘူး၊ ရွေးချယ်စရာမရှိတော့လို့သာ အိမ်ပြန်ဖို့ ဆုံးဖြတ်ကြတာ”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးမှ ပြောသည်။

စစ်ရှောင်ပြီးနောက် နေရပ်ကို ပြန်ရောက်လာခဲ့သော်လည်း “ ညဖက်လည်း စိတ်ချ လက်ချ မအိပ်ရဲဘူး။ နားစွင့်ထားရတယ်။ သွားလာ ဂရုစိုက်ရတယ် အကုန်လုံးကို သတိထားကိုင်တွယ်ရတယ်”လို့ ၎င်းအမျိုးသမီးက ထပ်မံပြောသည်။

လက်ရှိအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းရှိ ဆီဆိုင်မြို့နယ်တွင် PNLA၊ SSPP၊ KNDF၊ PDF မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ PNOပူးပေါင်းတပ်များတို့ကြား တိုက်ပွဲများ ဖြစ်သည့်နေသည့် အပြင် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထု တစ်ရပ်လုံးလိုလားတောင်းတသည့် ဖက်ဒရယ်ဒီမိုကရေစီကို‌ ဖော်ဆောင်နိုင်သည့်အထိ ဘဝတူ ညီနောင်မဟာမိတ်များနှင့်အတူ တော်လှန်ရေး ဆင်နွဲသွားမည်ဟု PNLO က ယမန်နေ့ (ဇန်နဝါရီ ၂၇)ရက်တွင် ကြေညာလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင်လည်း စစ်ကောင်စီ၊ PNOပူးပေါင်းပြီး PNLAနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ နေအိမ် ၂၇ လုံးကျော် မီးလောင်ပျက်ဆီးပြီး ဒေသခံများ တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

#လွိုင်ကော် #တိုက်ပွဲ #စစ်ကောင်စီ #ဒရုန်း #ဗုံးကြဲချ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...