မဲနယ်တောင်ဒေသတွင် မြေပြို၊ရေကြီး နေအိမ်အများပြားပျက်စီး၊ ထိခိုက်သေဆုံးသူ (၂၀)ဦးရှိ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ရေကြီး၊ မြေပြိုမှုကြောင့် နေအိမ်အများပြားပျက်စီးခဲ့ပြီး၊ ထိခိုက်သေဆုံးသူ (၂၀) ဦးခန့်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) နေ့ကစပြီး မဲနယ်တောင်ဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီး၊ မြေပြိုမှုဖြစ်ကာ စံဖူးကျေးရွာအုပ်စုတွင် နေအိမ်(၈၀)နီးပါးပျက်စီးပြီး သေဆုံးသူ (၁၉)ဦး ရှိကြောင်းသိရသည်။

စံဖူးကျေးရွာအုပ်စုတွင် ကျောက္ကချား၊လုံးဟီ;၊တလျနွိုး၊နောင်စုံ၊ ဗန်းစောက်၊ထမ်းအယ်နှင့် လုဲင်းကင် ဟူ၍ ကျေးရွာ (၇)ရွာရှိသည်။

မဲနယ်တောင်ဒေသတွင် မြေပြို၊ရေကြီး နေအိမ်အများပြားပျက်စီး၊ ထိခိုက်သေဆုံးသူ (၂၀)ဦးရှိကြောင်း

“ညသန်းခေါင် မှာ ရေက ရုတ်တရက်ကြီးလာတော့ စံဖူးမှာဆို မိသားစု ၆ယောက်လုံးရေထဲ မျောပါသွားပြီးဆုံးသွားတယ်။ အရင်က မိုးကြီးပြီး ချောင်းရေပြည့်တာပဲရှိတာ။ ဒီလောက်ထိ မြေပြို ရေကြီးတဲ့အထိတော့မကြုံဖူးဘူး။ ချောင်းဘေးက အိမ်တွေဆို အကုန်ပါကုန်တယ်။”ဟု စံဖူးဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကျချောင်းရေကြောင့် ရွှံ့မြေ၊ သစ်တုံးနှင့် ကျောက်တုံးများသည် ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများကို ဖုံးလွှမ်းကာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်မရတော့မည်ကို စိုးရိမ်ကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

စငေါဝ်းကျေးရွာအုပ်စုအတွင်းရှိ နမ်းဟူး၊တဖူးကဲင်းလုဲင်းလောင်း၊ ယုတ်ပေ;၊နှင့် ပင်လျမ်း ကျေးရွာဘက်တွင် နေအိမ် ( ၄၀) နီးပါး ပျက်စီးခဲ့ပြီး သေဆုံးသူတစ်ဦးရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် မြေပြိုမှုကြောင့် လမ်းများပိတ်ဆို့နေပြီး သွားရေးလာရေးအတွက် ခက်ခဲမှုကြောင့် အလှူရှင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ လာရောက်မှုနည်းပါးကြောင်း သိရသည်။

မဲနယ်တောင်ဒေသတွင် မြေပြို၊ရေကြီး နေအိမ်အများပြားပျက်စီး၊ ထိခိုက်သေဆုံးသူ (၂၀)ဦးရှိကြောင်း

“လောဆယ်တော့ ကယ်ဆယ်ရေးတွေ သိပ်မရောက်နေသေးဘူး။ မြေပြိုတော့ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းဘူး။” ဟု မဲနယ်တောင် ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ယနေ့ (စက်တင်ဘာ ၁၆)ရက် နံနက်ပိုင်းတွင် ရေကြီးမြေပြိုသည့် မဲနယ်တောင်ကို ဒရုန်းဖြင့် ဓာတ်ပုံလာရိုက်သဖြင့် ဝမ်းသာနေရကြောင်းလည်း ၎င်းအမျိုးသမီးက ဆိုသည်။

လက်ရှိမဲနယ်တောင်ဒေသတွင် စစ်မှုထမ်းဥပဒေထွက်ပြီးနောက်ပိုင်း လူငယ်အများစုမှာ ပြည်ပရောက်ကုန်တာကြောင့် ကျေးရွာများတွင် သက်ကြီးရွယ်အိုများသာ ကျန်တာကြောင့် ပို၍စိတ်ပူကြောင်း ထပ်လောင်းပြောသည်။

မဲနယ်တောင်ဒေသတွင် ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာအလှူရှင် များစွာလိုအပ်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...