နှစ်ထပ်ကွင်း စစ်မှုထမ်းစနစ်နှင့် ငွေညှစ်မှုကြောင့် သျှမ်းတောင်ဒေသခံများ လူမှုဘဝ ပြိုလဲလုနီးဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းသာမက ပအိုဝ်းပြည်သူ့စစ် (PNO) ၏ လူသစ်စုဆောင်းမှုနှင့် ဆက်ကြေးကောက်ခံမှုများကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းကျေးရွာအုပ်စုနှင့် တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုတို့တွင် ယခု (ဖေဖော်ဝါရီလ) လဆန်းမှ စတင်ပြီး စစ်မှုထမ်းကြေး၊ ဆက်ကြေးနှင့် လူသစ်စုဆောင်းရန်အတွက် စစ်ကော်မရှင်နှင့် ၎င်း၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)က ငွေကြေးကောက်ခံနေကြောင်း ပုံးအင်းကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်ကတော့ ပြည်သူ့စစ်ရှိလို့ဆိုပြီး မကောက်ဘူး။ အခုလထဲမှာမှ လူစားထိုးဖို့ဆိုပြီး စကောက်တာ။ လူမသွားနိုင်ရင် လူငှားခဆိုပြီး သိန်းနဲ့ချီ ပေးရတယ်” ဟု ပုံးအင်းကျေးရွာအုပ်စုမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်း၏ ပြောပြချက်အရ နမ့်တဘက်ချောင်း အရှေ့ဘက်ကမ်းရှိ ပုံးအင်းကျေးရွာအုပ်စုတွင် စစ်မှုထမ်းရန်အတွက် လူ (၁၁) ဦးရှိကာ ၎င်းတို့ကိုလူအစားထိုးရန်အတွက် တစ်အိမ်ထောင်လျှင် ၂၀,၀၀၀ ကျပ်အထိ ကောက်ခံနေကြောင်း ဆိုသည်။

လက်ရှိ ပုံးအင်းဒေသရှိ ကျေးရွာများတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းကြေးအပြင် ပအိုဝ်းပြည်သူ့စစ် (PNO) ၏ ဆက်ကြေးပါ ထည့်ပေးနေရကြောင်း ဒေသခံများက ပြောသည်။

တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းစာရင်းမှ လွတ်မြောက်ရန် ပအိုဝ်းပြည်သူ့စစ် (PNO) ထဲသို့ ဝင်ရောက်ကြသော်လည်း လက်တွေ့တွင် PNO က ၎င်းတို့ကို ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် နားဟီးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“PNO ထဲဝင်ရင်လည်း ရှေ့တန်းသွားရတာပဲ။ အခု မောက်မယ်ဘက်ကို စစ်ကြောင်းထိုးနေတာ။ တချို့ရွာတွေဆို အယောက် (၃၀) သွားတာ (၁) ယောက်ပဲ ပြန်လာနိုင်တယ်။ သတင်းကတော့ အပြင်မထွက်ဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

အဆိုပါစွပ်စွဲချက်များနှင့် ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဗိုလ်မှူး သန်းကြွယ်က “အဓိကတော့ စစ်မှုထမ်းခေါ်တာ မဟုတ်ဘူး၊ ကိုယ့်ရွာကိုယ်စောင့်ဖို့ သင်တန်းပေးတာပဲ။ သင်တန်းပြီးရင် ကိုယ့်ရွာကိုယ် ပြန်နေတာပါ။ သူခိုးဓားပြရန်က ကာကွယ်ဖို့ ကိုယ်ခံပညာတတ်ထားတာ မမှားပါဘူး” ဟု ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် သင်တန်းများကို ၄၅ ရက်မှ ၆ လအထိ ပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် သင်တန်းပေးစရာ မရှိတော့ကြောင်း ၎င်းက ဆိုသည်။

သို့သော် ပုံးအင်းကျေးရွာတွင် လုံခြုံရေးအကြောင်းပြ၍ ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဒေသခံများထံ ခြောက်လတစ်ကြိမ် ဆက်ကြေးကောက်ခံမှုများရှိနေပြီး ညဘက်အပြင်ထွက်ပါက ပေါ်တာဆွဲခံရနိုင်ကြောင်း ခြိမ်းခြောက်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့သော အခြေအနေများကြောင့် ပအိုဝ်းနှင့် ရှမ်းလူငယ်အများအပြားလည်း ဒေသတွင်းမှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

လူငယ်များ ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် နှစ်စဉ်ကျင်းပဲလေ့ရှိသော မွေတော်ကက္ကူဘုရားပွဲနှင့် အခြားပွဲတော်များတွင် ကပြဖျော်ဖြေမည့် လူငယ်များမရှိတော့သဖြင့် လူငှား၍ ကပြခိုင်းနေရသည့်အထိ လူမှုအသိုင်းအဝိုင်း ပြိုကွဲစပြုနေကြောင်း ဒေသခံများက ပြောသည်။

“အခုက သျှမ်းလူငယ်တွေတင် မဟုတ်ဘူး၊ ပအိုဝ်းလူငယ်တွေလည်း အကုန်ထွက်ပြေးနေကြရတာ။ ကက္ကူဘုရားပွဲမှာရော၊ ပအိုဝ်းအမျိုးသားနေ့မှာရော သွားကမယ့် လူငယ်တွေ မရှိတော့ဘူး။ ဒါကြောင့် လူငှားပြီးတော့မှ ကခိုင်းနေရတယ်” ဟု နားဟီးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်း ခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ကာ အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် မပြည့်မီအထိ သတ်မှတ်ထားပြီး အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားသည်။

စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်သား ၅,၀၀၀ နှုန်းဖြင့် ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ စစ်မှုထမ်း အပတ်စဉ် ၂၀ ကြိမ် ဖွင့်လှစ်ထားပြီး ဖြစ်သည်။ အဆိုပါ ကိန်းဂဏန်းအတိုင်းသာဆိုလျှင် စစ်တပ်က ၂ နှစ်အတွင်း စစ်သားသစ် ၁၀၀,၀၀၀ (တစ်သိန်း) စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...