Tuesday, January 27, 2026

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ စစ်မှုထမ်းရမည်ဟု ညွှန်ကြားခဲ့ကြောင်း၊ ပြည်ပရောက်နေလျှင် ငွေကျပ် (၄သိန်း) ပေးဆောင်ရမည်ဖြစ်ပြီး ကျောင်းတက်နေသူဖြစ်လျှင် စစ်မှုထမ်းစရာမလိုကြောင်း PNOမှ အစည်းဝေးတွင် ပြောခဲ့ကြောင်း သိရသည်။

ထိုစစ်မှုထမ်းအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို နံပါတ်စဉ်အလိုက် စာရင်းကောက်ယူထားပြီး အလှည့်ကျသူများသည် ဟိုနား ကျေးရွာတွင် စစ်သင်တန်း သွားတက်ရမည် ဖြစ်ကြောင်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကတော့ နှစ်ယောက်နှုန်းပဲ သွားရတယ်။ ဒီတစ်ခါ ငါးယောက်သွားရမှာ။ စစ်သင်တန်းကို ၁၅ ရက်သွားတက်ပြီး ပြန်လာရတယ်။ စစ်သင်တန်းမှာ အခြေခံ လိုအပ်တာတွေကို ရက်ပိုင်းသင်ပြီး ပေးပြန်တယ်။ နောက်လိုအပ်ရင်တော့ ထပ်ခေါ်မလားတော့မသိဘူး။သင်တန်းဆင်းပြီးတော့ အခုပေးပြန်တယ်။”ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ထို့အပြင် စစ်မှုထမ်းစာရင်းပါသူများ ပြည်ပရောက်နေလျှင် နံပါတ်စဉ်အလိုက် အလှည့်ကျပါက မိမိအလှည့်ရောက်လျှင် ငွေကျပ် (၄သိန်း) ပေးဆောင်ရမည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်၏ စစ်မှုထမ်းကြေး ထည့်ရသည့်အပြင် PNAပြည်သူ့စစ်အတွက် ကျည်ဆံဖိုးပါ ငွေကျပ် (၅သောင်း)ကို ထည့်နေရသည်မှာ ၂နှစ်နီးပါးရှိပြီဖြစ်ကြောင်း အသက် (၃၀)ဝန်းကျင် အဆိုပါ အမျိုးသားက ဆက်ပြောသည်။

“စစ်ကော်မရှင်အတွက်နဲ့ PNA ရဲ့ ကျည်ဆံဖိုးထည့်နေရတာကတော့ ကြာပြီပဲ။ PNAအတွက် စစ်မှုထမ်းကြေးက သပ်သပ်ထည့်ရတယ်။ကိုယ့်မှာ မရှိလဲ သူတို့အတွက် မရ ရအောင် ရှာထည့်ရတာပေါ့။လွန်ဆန်လို့မှ မရပဲဟာ။”ဟု ဆိုသည်။

ဆက်လက်ပြီး စံဖူးကျေးရွာအုပ်စု၊ စငေါကျေးရွာအုပ်စုတွင်လည်း ယမနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အစည်းဝေးပြုလုပ်ခဲ့ပြီး စစ်မှုထမ်းရန်အတွက် ထပ်မံခေါ်ယူကာ တစ်ရွာလျှင် နှစ်ယောက်နှုန်းသွားရမည်ဖြစ်ကြောင်း အသက် ၄၀ ဝန်းကျင် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ညက အစည်းဝေးလုပ်တယ်။ စစ်မှုထမ်းဖို့ လူပြန်ခေါ်တာ။ ကျောင်းတက်နေတဲ့ သူကမပါဘူး။ ဘွဲ့ရပြီးရင်တော့ စစ်မှုပြန်ထမ်းရမှာပေါ့လေ။ သူတို့က ပိုက်ဆံထည့်ရုံနဲ့ မရတော့ဘူး တစ်ရွာနှစ်ယောက်နှုန်းနဲ့ ထပ်ခေါ်တာ။ မဖြစ်မနေ သွားရတော့မဲ့ အနေထားမှာရှိတယ်။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တွင်လည်း ဟိုပုံးမြို့နယ် ဟိုနားကျေးရွာအနီးမှ စစ်တပ်လေ့ကျင့်ရေးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် PNAပြည်သူ့စစ်တပ်များက ညအချိန်၌ လက်နက်များပစ်ခတ်လေ့ကျင့် နေမှုများကြောင့် အနီးအနားတွင် နေထိုင်နေသော ပြည်သူများမှ တိုက်ပွဲဖြစ်သည်အထင်နှင့် စိုးရိမ်ထိပ်လန့်မှုများ ကြုံခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...