သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။

၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ စံဖူးကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့် ထိတွေ့တိုက်ပွဲမှစတင်ပြီး သျှမ်းတောင်ဒေသ အသီးသီး၌ တိုက်ပွဲဧရိယာ တဖြည်းဖြည်းကျယ်ပြန့်လာခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ထိုတိုက်ပွဲအတွင်း ပြည်သူအများစုမှာ စစ်ကောင်စီ၏ သတ်ဖြတ်ခံရခြင်းကြောင့် အများဆုံးထိခိုက် သေဆုံးရပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ၂၂ ရာခိုင်နှုန်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ၁၆ ရာခိုင်နှုန်းရှိကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်ထုတ် ပအိုဝ်းလူငယ်အစည်းအရုံး၏ အစီရင်ခံစာ၌ ဖော်ပြသည်။

သေဆုံးမှုတွင် ကျား ၈၉ ဦး၊ မ ၁၆ ဦး၊ ကလေး ၁၆ ဦးနှင့် (ကျား၊မ) အတည်မပြုနိုင်သည့် ပြည်သူ ၆ ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာမှုတွင်မှု ကျား ၉၀ ဦး၊ မ ၃၉ ဦး၊ ကလေး ၂၆ ဦးနှင့် (ကျား-မ)အတည်မပြုနိုင်သည့် ပြည်သူ ၃၄ ဦးပါဝင်ထားကြောင်း ဖော်ပြထားသည်။

သျှမ်းတောင်တိုက်ပွဲအတွင်း မီးရှို့ခံရသည့်နေအိမ်များ

“၂၀၂၄ ခုနှစ်အတွင်း လူအခွင့်အရေးချိုးဖောက်မှု အတော်မြင့်တက်လာတာ ငြင်းလို့မရပါဘူး။ ဒီမတိုင်ခင်က မူးယစ်ဆေးဝါးအမှု၊ မြေယာအမှု၊ ဆပ်ကြေးအမှုကို တွေ့ရပေမယ့် ၂၀၂၂ နောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အစအနဖျောက်မှု၊ လေကြောင်းလက်နက်ကြီးကြောင့် သေဆုံးမှု၊ နေအိမ်မီးရှို့ခံရမှု စသဖြင့် များစွာမြင့်တက်လာတွေ့ရတယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ဦးက ပြောသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA မှ တပ်သားအသစ် စုဆောင်းမှု လူဦးရေ စုစုပေါင်း ၅၀,၀၀၀ (ငါးသောင်း) ထက်မနည်းရှိပြီး အများစုမှာ အရပ်သားများဖြစ်ကြကြောင်း ဆိုသည်။

ပအိုဝ်းပြည်သူ့စစ် PNA မှ တပ်သားအသစ် စုဆောင်းရာမှာ စစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ၎င်းတို့တပ်ထဲ ဝင်ပါက စစ်ကောင်စီတပ်ထံသို့ စစ်မှုထမ်းမရကြောင်း၊ မိမိကျေးရွာနှင့် နယ်မြေဒေသကို ကာကွယ်ရန်သာ ဖြစ်ကြောင်းနှင့် ရှေ့တန်းထွက်ရန် မလိုအပ်ကြောင်း စသဖြင့် ပြည်သူများကို စည်းရုံးခဲ့သည်ဟုဆိုသည်။

သျှမ်းတောင် စစ်ရှောင်များ

သို့ရာတွင် PNA တပ်ထဲသို့ ဝင်ရောက်သွားသည့် လူငယ်အများစုမှာ စစ်သင်တန်းကို အကြာဆုံးကာလ ၁ လသာတက်ရပြီး နောက်ပိုင်းတွင် (၁၅) ရက်သင်တန်း၊ (၁၀) ရက်သင်တန်း၊ (၃) ရက်သင်တန်းပေးကာ ရှေ့တန်းသို့ ပို့ဆောင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇန်နဝါရီ ၉ ရက်တွင် ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာအနီးရှိ PNO တပ်စခန်းကို ကရင်နီ တော်လှန်းရေးတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ အသက် (၁၃) နှင့် (၁၄) နှစ်အရွယ် ကလေးစစ်သား နှစ် ဦးနှင့်အတူ စစ်သုံ့ပန်း ၁၀ ဦးကို ကရင်နီတော်လှန်းတပ်ပေါင်းစုဘက်က ဖမ်းဆီးရမိသည်။

“၂၀၂၅ သျှမ်းတောင် တိုက်ပွဲအခြေအနေက ပင်လောင်မြို့နယ်၊ ညောင်ရွှေမြို့နယ်မှာ စစ်ရေးတင်းမာနေတယ်။ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်” ဟု ခွန်ဦးက ထပ်လောင်းပြောသည်။

လက်ရှိ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဖက်လုံး စစ်အင်အားဖြည့်တင်းနေသလို စစ်ရေးပြင်ဆင်မှုများ အားကောင်းနေကြသည်ကို တွေ့ရကြောင်းဆိုသည်။

သျှမ်းပြည်တောင်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲကြား စစ်ရေးတင်းမာမှု မြင့်တက်လာသည်နှင့်အမျှ စစ်ဘေးရှောင် စုစုပေါင်း ၆၅,၀၀၀ (ခြောင်းသောင်းခွဲ) အတွက် အရေးပေါ်လိုအပ်ချက်များလည်း ပိုမိုမြှင့်မားလာနေကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...