သျှမ်းတောင် ၂ လကြာတိုက်ပွဲ စစ်ကောင်စီတပ်က ဒရုန်းကိုပိုအသုံးပြုလာ

သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝေဟင်မှ တိုက်လေယာဉ်အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ သိသိသာသာပိုလုပ်လာနေကြောင်း စုံစမ်းသိရသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်အင်းအားစုတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်မှ လက်နက်ကြီး၊ ဝေဟင်မှ တိုက်လေယာဉ်နှင့် ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ယမန်နေ့ မတ်လ ၁၉ ရက်မှစပြီး ဆီဆိုင်မြို့တွင် နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဆက်လက်ဖြစ်နေခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန်ဗုံးကြဲခဲ့ကြောင်း ဆီဆိုင်မြို့ခံတဦးက ပြောသည်။

“မနေ့ညက ဆီဆိုင်မှာလေယာဉ်နဲ့ လာကြဲတာ ၁ နာရီလောက်ကြာတယ်။ တော်တော်ပြင်းပြင်းတယ်။ လေယာဉ် သက်တမ်းကြဲလာတဲ့တစ်လျှောက် မနေ့ညကတော့ အပြင်းဆုံးပဲ။ ဒီနေ့လည်း မနက် ၆ နာရီလောက်ကစပြီး အခုထိတိုက်ပွဲဖြစ်နေတုန်းပဲ။ အခုဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်ထဲက စာသင်ကျောင်းတွေ မီးလောင်နေတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ တိုက်ပွဲသည် မြေပြင်မှ အပြန်အလှန်ပစ်ခတ်သည်ထက် ဝေဟင်မှ လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန် နေပြီး တိုက်ပွဲကြား မသက်ဆိုင်သည့် ဒေသခံနေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများပါ ထိခိုက်မှုများ လာနေကြောင်း ဆိုသည်။

ထို့ပြင် စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်များမှ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်မှာ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်ဖြင့် တိုက်ခိုက်ခြင်းအပါအဝင် ဒရုန်းဖြင့် ကင်းထောင်၍ တန်ပြန် တိုက်ခိုက်နေကြောင်း ဝါဒဖြန့်ချိနေလျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်တွင် ကျောက္ကချားရွာအတွင်း လှုပ်ရှားနေသည့် PNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ ထိခိုက်ကျဆုံးမှုများခဲ့ကြောင်း ရေးသားဖြန့်ချိထားသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ PNLA ၏ပြန်ကြားရေးထံသို့ ဆက်သွယ်မေးမြန်းရာ လက်တလောတွင် အကြောင်းမပြန်သေးပေ။

ဇန်ဝါရီလ ၂၁ ရက်မှ မတ်လ ၁၆ ရက်အထိ ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၄၂၅ ကြိမ်အထက်နှင့် လက်နက်ကြီးပစ်ခတ်မှု ၂,၁၂၀ ကြိမ်အထက် ပြုလုပ်ခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သျှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က လက်ရှိသျှမ်းတောင် တိုက်ပွဲမှာ လူအင်အားချွေသာနိုင်ရေးအတွက် အသုံးပြုနေသည်ဟု ဆီဆိုင်မြို့စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“အခုက သူတို့အဓိက လေကြောင်းနဲ့ ဒရုန်းကိုပဲ အားကိုးနိုင်တော့တာက ပြီးခဲ့တဲ့တိုက်ပွဲမှာ အထိနာခဲ့တာ။ လက်ရှိ မြေပြင်တိုက်ပွဲမှာလည်း သူတို့အထိနာနေတယ်၊ သူတို့လူတွေ အကျဆုံးများနေတယ်။ ဒါကြောင့် လေကြောင်းကို အားကိုးတာပေါ့။ ဒါပေမဲ့ လေကြောင်းရန်က မလွယ်ဘူး၊ ပေါင် ၅၀၀ တစ်လုံးကြဲရင် တော်တော်လေးထိတယ်” ဟု ၎င်းကပြောသည်။

ထို့အတူ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် ပူးပေါင်းတော်လှန်ရေးအင်းအားစု တပ်ဖွဲ့ဘက် ကလည်း ဒရုန်းကိုအသုံးပြုပြီး ဖေဖော်ဝါရီလ ၁၉ ရက်က ဆိုက်ခေါင်ကျေးရွာနှင့် လွယ်ပွတ်ကျေးရွာကြားရှိ ပြည်သူ့စစ် PNO တပ်စွဲနေရာကို ကြချခဲ့ရာ PNO တပ်ဖွဲ့ဝင် နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများကြောင့် သျှမ်းတောင်တွင် ၂ နှစ်လနီးပါးကြာ ကလေးနှင့်အမျိုးသမီးအပါအဝင် အရပ်သား သေဆုံးမှု ၅၀ ခန့်နှင့် ထိခိုက်ဒဏ်ရာရမှု ၆၄ ဦးအထိ မြင့်တက်လာနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...