စစ်အာဏာရှင်အမြစ်ပြတ် ဆက်လက်ချီတက်မည်ဟု PNLAပြော

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်ချီ တက်သွားမည်ဟု PNLA ကပြောဆိုလိုက်သည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ၎င်းတို့လက်လွတ်ဆုံးရှုံးရသည့် မြို့များ၊ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေး သဘောထားဖြင့် တိုက်ခိုက်ဖျက်ဆီးနေကြောင်း ယမန်နေ့ (ဇန်နဝါရီလ ၃ ရက်) မှာ PNLAကထုတ်ပြန်ခဲ့သည်။

“အခုကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်။ မူကော၊ ပေါ်လစီကော ကျနော်တို့ဘုံသဘောထားတူတူနဲ့ ရှေ့ဆက်တက်မယ်” ဟု PNLA ၏ တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်မှစ၍ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA မှ ထိန်းချုပ်နိုင်ကြောင်း ကြေညာပြီးနောက် စစ်ကောင်စီသည် ၎င်းတို့ လွက်လွတ်ဆုံးရှုံးရသည့် နေရာများကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်လုပ်နေလျက် ရှိကြောင်း ဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်များဖြင့် ပစ်ခတ်၊ ဗုံးကြဲမှု ပြုလုပ်သောကြောင့် ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထား ကိုးကွယ်သည့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကျောင်းကြီး ပျက်စီးသွားကြောင်း ရေးသားဖော်ပြထားသည်။

“သူတို့က ပြည်သူလူထုကို အမြင်မှားအောင် လုပ်တာ။ နင်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြောင့် ခံရတာ။ ငါတို့က ဖျက်ဆီးတာမဟုတ်ပါဘူးဆိုပြီး ကျနော်တို့နဲ့ ပြည်သူလူထုကို သွေးခွဲအောင် လုပ်ဆောင်နေတာ” ဟု PNLA ၏ တပ်ဖွဲ့ဝင်တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ဆီဆိုင်မြို့ကို PNLA မှထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ပအိုဝ်းမြို့များ၊ ရွာများကို အလုံးစုံ ဖျက်စီးပစ်ရေးသဘောထားဖြင့် တိုက်ခိုက်ဖျက်စီးခြင်းကြောင့် ဘုန်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနှင့် မိဘပြည်သူများ၏ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

သျှမ်းသံတောင်ဆင့်မှ သီးခြားကောက်ယူထားသည့် စာရင်းမှတ်တမ်းများအရ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာအစုအဖွဲ့များ၊ မိဘပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး သက်ဆိုင်ရာက ကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင်ကြရန် PNLA မှတိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...