Wednesday, January 28, 2026

စစ်အာဏာရှင်အမြစ်ပြတ် ဆက်လက်ချီတက်မည်ဟု PNLAပြော

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်ချီ တက်သွားမည်ဟု PNLA ကပြောဆိုလိုက်သည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ၎င်းတို့လက်လွတ်ဆုံးရှုံးရသည့် မြို့များ၊ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေး သဘောထားဖြင့် တိုက်ခိုက်ဖျက်ဆီးနေကြောင်း ယမန်နေ့ (ဇန်နဝါရီလ ၃ ရက်) မှာ PNLAကထုတ်ပြန်ခဲ့သည်။

“အခုကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်။ မူကော၊ ပေါ်လစီကော ကျနော်တို့ဘုံသဘောထားတူတူနဲ့ ရှေ့ဆက်တက်မယ်” ဟု PNLA ၏ တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်မှစ၍ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA မှ ထိန်းချုပ်နိုင်ကြောင်း ကြေညာပြီးနောက် စစ်ကောင်စီသည် ၎င်းတို့ လွက်လွတ်ဆုံးရှုံးရသည့် နေရာများကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်လုပ်နေလျက် ရှိကြောင်း ဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်များဖြင့် ပစ်ခတ်၊ ဗုံးကြဲမှု ပြုလုပ်သောကြောင့် ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထား ကိုးကွယ်သည့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကျောင်းကြီး ပျက်စီးသွားကြောင်း ရေးသားဖော်ပြထားသည်။

“သူတို့က ပြည်သူလူထုကို အမြင်မှားအောင် လုပ်တာ။ နင်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြောင့် ခံရတာ။ ငါတို့က ဖျက်ဆီးတာမဟုတ်ပါဘူးဆိုပြီး ကျနော်တို့နဲ့ ပြည်သူလူထုကို သွေးခွဲအောင် လုပ်ဆောင်နေတာ” ဟု PNLA ၏ တပ်ဖွဲ့ဝင်တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ဆီဆိုင်မြို့ကို PNLA မှထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ပအိုဝ်းမြို့များ၊ ရွာများကို အလုံးစုံ ဖျက်စီးပစ်ရေးသဘောထားဖြင့် တိုက်ခိုက်ဖျက်စီးခြင်းကြောင့် ဘုန်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနှင့် မိဘပြည်သူများ၏ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

သျှမ်းသံတောင်ဆင့်မှ သီးခြားကောက်ယူထားသည့် စာရင်းမှတ်တမ်းများအရ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာအစုအဖွဲ့များ၊ မိဘပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး သက်ဆိုင်ရာက ကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင်ကြရန် PNLA မှတိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...