ဆီဆိုင်မြို့ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၊  ဒေသခံများ ထပ်မံထွက်ပြေး

သျှမ်းပြည် ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA တို့အကြား တိုက်ပွဲပြင်းထန် လာမည်ကိုစိုးရိမ်၍ ဒေသခံများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီလ ၃၀ ရက်)မှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြား ပိတ်မိနေကြသည့် ဒေသခံများသည် တိုက်ပွဲပြင်းထန် လာနိုင်သည့် အခြေအနေများကြောင့် မိမိပိုင်ဆိုင်ထားသော ပစ္စည်းဥစ္စာများကို သိမ်းဆည်းပြီး ၃ ရက်အတွင်း ထွက်ပြေးတိမ်းရှောင်ကြရန် အချင်းချင်းအသိပေးနေကြောင်း ဆီဆိုင်မြို့ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“အခုမြို့ပေါ်မှာတော့ ပစ္စည်းတွေသိမ်းပြီး ထပ်ပြေးနေတယ်။ တိုက်ပွဲပြင်းလာနိုင်လို့ မနေ့က စပြီး ၃ ရက်အတွင်း ပြေးရမယ်လို့ ပြောတယ်။ အချင်းအချင်းဖုန်းဆက်ပြီး ပြောလာကြတာ။ အခုကျမတို့လည်း ပစ္စည်းသိမ်းပြီး ပြေးနေပြီ။ ဘယ်ပြေးရမှန်းမသိ” ဟု ဆီဆိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ဆီဆိုင်မြို့ပေါ်နှင့် လွိုင်ကော်-ဆီဆိုင်ကြား ကျေးရွာများရှိ ဒေသခံများသည် ရက်သတ္တပတ် ၁ ပတ်ကျော်ကြာ တိုက်ပွဲကြား ပိတ်မိနေလျက်ရှိသည်။ 

ယခုကဲ့သို့ တိုက်ပွဲပြင်းထန် လာနိုင်သည့် အခြေအနေကြောင့် ၃ ရက်အတွင်း ထွက်ပြေးရမည်ဆိုသည့်အခါတွင် မနှိင်မနင်းပစ္စည်းများကို သယ်ယူရသည့်အတွက် အခက်အခဲရှိနေကြောင်း ဆီဆိုင်မြို့နယ် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး က ထပ်လောင်းပြောသည်။ 

“အခုကဓာတ်ဆီ၊ ဒီဇယ်လည်း မရှိ။ ရှိတဲ့ဟာလည်း ရေသန့်ဘူးသေးသေးလေးပဲ ရှိတယ်။ ပစ္စည်းတွေ အများကြီးပဲ ဘယ်လိုသယ်ရမှန်းမသိဘူး။ တချို ့သယ်နိုင်တဲ့သူတွေတော့ တောင်ကြီးကိုပြေးတယ်။ ကျောက်တလုံးဘက်ကို ပြေးတယ်။ စည်နေတာမှ ပွဲလိုပဲ” ဟု၎င်းက ဆက်လက် ပြောသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၁ ရက်)မှစ၍ ဆီဆိုင်မြို့နယ် နော်ထော်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ဖြစ်စဉ်အပြီး ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်ရပြီး ဖြစ်သကဲ့သို့ ယခုတစ်ခါ မြို့ပေါ်ထိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်သည့်အထိ တိုက်ပွဲပြင်းထန်လာသောကြောင့် စစ်ဘေးရှောင်အပါအဝင် ဒေသခံလူဦးရေ စုစုပေါင်း ၁ သောင်းကျော် ထွက်ပြေးနေရပြီ ဖြစ်ကြောင်းသိရသည်။

အလားတူ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နေ့လည် ၂ နာရီဝန်းကျင်မှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပေါ်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိကြောင်း လူမှုကယ်ဆယ်ရေး တစ်ဦးက ပြောသည်။

“ဒီနေ့လည်ပိုင်းလောက်က တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ အခုတိုက်ပွဲကြား ပိတ်မိနေတဲ့ သူတွေလည်း ထပ်ထွက် လာတယ်။ အန္တရာယ်ကြားထဲကပဲ တိုက်ပွဲဘယ်ချိန်ဖြစ်မယ်၊ အမြှောက်က ဘယ်ချိန်ဖြစ်မယ်၊ လေယာဉ် ဘယ်ချိန်ကြဲမယ် ဆိုတာ မသိရတဲ့အတွက် အသိစိတ်ကဦးဆောင်ပြီး ဘေးကင်းရွှေ့နေကြရတယ်” ဟု လူမှုကယ်ဆယ်ရေးတစ်ဦးက ပြောသည်။ 

ထို့အပြင် မိဘပြည်သူများအနေဖြင့် မလိုလားသည့် ထိခိုက်မှုများ မဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းများ ပြန်သယ်ယူခြင်းများ မပြုလုပ်ကြသေးရန်နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် PNLA မှ ယမန်နေ့ ၂၉ ရက်က တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...