“စစ်အာဏာရှင်စနစ်ဆိုးဆိုတဲ့ ရောဂါဆိုးကြီးအတွက်ကို အခုကျနော်တို့ ဆေးကြမ်းကြီး သောက်နေတာ။”

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဇန်နဝါရီလ ၂၁ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)၏ ယာဉ်ကြောင်းကို ပိတ်ဆို့ ဟန့်တားခြင်းကြောင့် စစ်ကောင်စီ စစ်တပ်နှင့်ပူးပေါင်းထားသော အသွင်ပြောင်းပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ထို့နောက် PNLO ဗဟိုဌာနချုပ်ရှိရာ ဆီဆိုင်မြို့နယ်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုချိန်မှစပြီး ဟိုပုံးမှ ဆီဆိုင်သို့ စစ်မီးကူးလာပြီး ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်း၊ တရားရုံး၊ ထွေအုပ်ရုံးတို့ကို PNLA နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများက ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

PNLA ၏ မဟာမိတ် တော်လှန်ရေး အင်အားစုထဲတွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC လည်း ပါဝင်နေသည်။ PNFC ၏ ဥက္ကဌ ခွန်မြင့်ထွန်းသည် ယခင်က ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တွင်လည်း ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံအပြီးတွင် ဖွဲ့စည်းခဲ့သည်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တော်လှန်ကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် ပါဝင်သွားမည်ဟု ကြေညာထားသည်။

စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လေကြောင်းဖြင့် တိုက်ခိုက်နေသည့်အပြင် ၎င်းတို့လက်အောက်ရှိသည့် ပအိုဝ်းပြည်သူ့စစ် PNO ကို လူသစ်စုဆောင်ခိုင်းစေပြီး လက်နက်များ တပ်ဆင်ပေးနေသည်။

လက်ရှိအခြေအနေများနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို သျှမ်းသံတောင်ဆင့်က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ တိုက်ပွဲထဲမှာ စစ်ကောင်စီနဲ့အတူ ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ PNO ကလည်း ပူးပေါင်း ပါဝင်တိုက်ခိုက်နေတယ်။ အခုလို ပအိုဝ်းအချင်းချင်းကြား ပဋိက္ခတွေ ဖြစ်လာရတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ ဘာပြောချင်ပါသလဲ။

ဖြေ။ ။အဓိကကျတော့ ကျနော်တို့ ပအိုဝ်းအချင်းချင်း တိုက်ကြတယ်ဆိုတာထက် ပအိုဝ်းအချင်းချင်းကြား တိုက်တာနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်တာနဲ့ မတူပါဘူး။ ပြီးခဲ့တဲ့ ကျနော်တို့ သမိုင်းစစ်ရဲ့ခေတ်ကာလမှာ ပအိုဝ်းမှာအယူဝါဒ ပေါ်မူတည်ပြီး ကွဲပြားခဲ့တယ်။

လူတန်းစားအရေး။ အဲ့တုန်းကတော့ ပြည်သူ့ဒီမိုကရေစီ ဝါဒကို လက်ခံတဲ့ ရလပ (ခေါ်) ပအိုဝ်းအမည်အဖွဲ့နဲ့ နောက်တစ်ခါ အမျိုးသားရေးဝါဒကို လက်ခံတဲ့ ကျနော်တို့ ပအိုဝ်းဖြူလို့ခေါ်တဲ့ PNO ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ အရပ်ခေါ် အဖြူအဖွဲ့နဲ့ ဦးတာကလယ် ဦးဆောင်တဲ့ အရပ်ခေါ် ပအိုဝ်းနီ ရလလဖနဲ့ တိုက်ကြတယ်။ တိုက်ကြတော့ ပအိုဝ်းတွေအချင်းချင်းကြားမှာ အယူဝါဒပေါ်မှာ အခြေခံပြီးတော့ ပအိုဝ်းအချင်းချင်းကြားမှာ ဆိုတာထက် ပအိုဝ်းခေါင်းဆောင်အချင်းချင်းကြားမှာ အဲ့ဒီလိုအယူဝါဒ မတူတဲ့ အခြေခံကနေ ပြီးတော့မှ ပအိုဝ်းအချင်းချင်းကြား တိုက်ပွဲဖြစ်ခဲ့တယ်။

အခုကအဲ့ဒါ မဟုတ်ပါဘူး။ ကျနော်တို့ ဒီ PNOက အရင်တုန်းက တော်လှန်ရေးတပ်ဖွဲ့ဖြစ်ခဲ့တယ်။ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့ကနေ နောက်ဆုံးမှာ အတင်းအကြပ်ပြည်သူ့စစ် အသွင်ပြောင်းခံရတယ်။ လုပ်ချင်စိတ်ဖြစ်စေ၊ မလုပ်ချင်စိတ်ဖြစ်စေ ပြည်သူ့စစ်ကို အသွင်ပြောင်းထားတော့ စစ်ကောင်စီရဲ့ အယူဝါဒရေးရာအရလည်း မဟုတ်ဘူး။ သူတို့ဘဝက ပြည်သူ့စစ်ဘဝရောက်နေရတဲ့အတွက် စစ်တပ်ခိုင်းတာ လုပ်နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုကျနော်တို့ တိုက်တာ စစ်အာဏာရှင်စနစ်ကို တိုက်တယ်။ ကျနော်တို့ PNO ကို တိုက်တာမဟုတ်ဘူး။ ပအိုဝ်းပြည်သူကို တိုက်တာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို တိုက်တာဖြစ်တယ်။ အဲ့ဒါစစ်ဏာရှင် စနစ်ထဲမှာ တိုက်နေတဲ့ဟာကို ပအိုဝ်းအချင်းချင်းကြား တိုက်တယ်လို့ ဒီလိုတော့ တံဆိပ်ကပ်လို့မရဘူး ထင်ပါတယ်။

မေး။ ။နောက်ပြီး စစ်ကောင်စီကနေ လက်နက်ထုတ်ပေးပြီး ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ကနေ သူတို့ထိန်းချုပ်တဲ့ နယ်မြေ ထဲမှာ လက်နက်တပ်ဆင်တယ်၊ စစ်သားလုပ်ခိုင်းတယ်ဆိုတာ သိရပါတယ်။ ဒီအပေါ်မှာကော ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ အခု စစ်ကောင်စီကတော့ သူရဲ့ စစ်ကောင်စီနဲ့စစ်အုပ်စုအတွက် သူတို့ရဲ့ အကျိုးစီးပွားတွေ ကာကွယ်ဖို့ အတွက် ဘယ်သူ့ကိုမဆိုသူတို့ကတော့ ဒါကတော့ အသုံးချမှာ ဖြစ်ပါတယ်။ အခုဆိုရင် ပအိုဝ်းပြည်သူတွေကိုဘဲ လက်ကိုင်တုတ်တွေနဲ့ အသုံးချတာ မဟုတ်ဘူး။ ပအိုဝ်းပြည်သူတွေကို လူသားဒိုင်းတွေနဲ့ကော အသုံးချတာမကပါဘူး။ အခုဆိုရင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ ထုတ်ဆင့်ပြီးတော့ ပအိုဝ်းရယ်မဟုတ်ဘူး။ တပြည်လုံးမှာရှိတဲ့ လူငယ်၊ လူရွယ်တွေကို သူတို့အကျိုးစီးပွားတွေကာကွယ်ခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကိုထုတ်ပြန်ပြီး ခိုင်းနေတာ ဖြစ်ပါတယ်။ ဒါကတော့ စစ်အာဏာရှင်ရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။

မေး။ ။အခုတိုက်ပွဲက ဆီဆိုင်နဲ့ ဟိုပုံးကြားမှာရှိတဲ့ မြို့နဲ့ကျေးရွာတွေမှာ ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်နဲ့ ဒေသခံတွေဘက် အထိခိုက်နည်းအောင် ဘယ်လိုစီမံကြိုးစားနေရလဲ။ နောက်ပြီးတော့ ပြည်သူလူထုအနေနဲ့ကော ဘယ်လို ပြင်ဆင် ဆောက်ရွက်ဖို့ လိုအပ်ပါသလဲဆိုတာ ပြောပြပေးပါဦးဗျ။

ဖြေ။ ။ဟုတ်ကဲ့။ အခုကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စရပ်တွေကတော့ မဖြစ်ချင်ဘဲနဲ့ ဖြစ်နေရတဲ့ကိစ္စတွေ ဖြစ်တယ်။ တကယ်ပြောရင်တော့ ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ဆိုးဆိုတဲ့ ရောဂါဆိုးကြီးအတွက်ကို အခုကျနော်တို့ ဆေးကြမ်းကြီး သောက်နေတာ။ ဆေးကြမ်းကြီး သောက်နေရတဲ့အချိန်မှာဘဲ သောက်ချင်သည်ဖြစ်စေ၊ မသောက်ချင်သည် ဖြစ်စေ သောက်နေရတာပဲ။ ကျနော်တို့အနေနဲ့ကတော့ မူချမှတ်ထားပါတယ်။ မိမိတို့ကို မိမိတို့ကာကွယ်ဖို့နဲ့ ပအိုဝ်းအပါအဝင် တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ရုံမှတစ်ပါး၊ ပအိုဝ်းအချင်းချင်းကြားမှာ ဖြစ်စေ၊ ပအိုဝ်းနဲ့ အခြားသောညီနောင်တိုင်းရင်းသားအကြားမှာ ဖြစ်စေ ပဋိက္ခမဖြစ်ဖို့ကို ကျနော်တို့အတတ်နိုင်ဆုံး ရှောင်ရှားမယ်။ ပြဿနာဖြစ်လာရင်လည်း ကျနော်တို့ငြိမ်းချမ်းစွာ ဆွေးနွေးမယ်ဆိုတဲ့ မူကိုတော့ ကျနော်တို့ လက်ကိုင်ထားပါတယ်။

ဒါကျနော်တို့ အခြေခံအကျဆုံးတော့ မူကိုလက်ကိုင်ထားပါတယ်။ အဲ့ဒီမှာမှ ခဏလို စစ်ကောင်စီ အမိန့်သော်လည်းကောင်း၊ စစ်ကောင်စီဘက်ကနေပြီးတော့ ပါဝင်တိုက်ခိုက်လာတဲ့သူတွေကျတော့လည်း ကျနော်တို့ခွဲခြားစိတ်ဖြာလို့မရဘူး။ အတတ်နိုင်ဆုံးတော့ အဲ့ဒီမူကိုကျနော်တို့ ချမှတ်ထားပါတယ်။ ဒီနေ့ဒီချိန်မှာတော့ ပြည်သူလူထုတွေအနေနဲ့ မဖြစ်စေချင်တဲ့ ကိစ္စတွေ ဖြစ်နေတဲ့အခါမှာ ဒီအန္တရာယ်တွေ အတတ်နိုင်ဆုံး အန္တရာယ်မဖြစ်အောင် ရှောင်ရှားကြဖို့နဲ့ ဒီနေရာမှာလည်း ကျနော်တို့ နိုင်ငံတကာအပါအဝင် ကျနော်တို့အားလုံးကလည်း ပြည်သူလူထုတွေအနေနဲ့လည်း ပြည်သူမှ ပြည်သူသို့ လူထုအချင်းချင်း ကူညီကြဖို့၊ နိုင်ငံတကာကလည်း နိုင်ငံရေးအရကော၊ လူသားချင်းစာနာမှု အကူညီတွေကော ဆောင်ရွက်ပေးဖို့ကိုတော့ မေတ္တာရပ်ခံထားသလို ဒါတွေလည်း ကျနော်တို့လုပ်နေပါတယ်။

မေး။ ။နောက်ဆုံးအနေနဲ့ ခွန်မြင့်ထွန်းအနေနဲ့ ဘာများ ဆက်လက်ဖြည့်စွတ်ချင်တာရှိပါသလဲ ဗျ။

ဖြေ။ ။ကျနော်တို့အဓိက သတိထားထိန်းသိမ်းနေတာက စစ်ကောင်စီကတော့ ကျနော်တို့ပြည်သူလူထုကို လက်ကိုင်တုတ်တွေ၊ လူသားဒိုင်းတွေ အသုံးချသလို တစ်ဖက်မှာလည်း အခြားသောလူမျိုးများနဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိက္ခဖြစ်အောင် ထောင်ချောက်ပေါင်းများစွာနဲ့ လုပ်ဆောင်နေတယ်။ အဲ့ဒီထောင်ချောက်ပေါင်းများစွာနဲ့ လုပ်နေတာကိုတော့ ကျနော်တို့ ပြည်သူလူထုဘက်ကကော၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ ဘက်ကကော ဒါတွေသိရှိပြီးတော့မှ ရှောင်ရှားနိုင်ဖို့ ကတော့ အဓိကကျတဲ့အချက်ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...