ငြိမ်းချမ်းသည့် ပအိုဝ်းဒေသကို PNLA ကဖျက်ဆီးလိုက်သဖြင့် လူမှုအဖွဲ့အစည်းပေါင်း (၁၉၄) ဖွဲ့ ကန့်ကွက်ရှုတ်ချ ထုတ်ပြန်ချက်အတု

ငြိမ်းချမ်းသည့် ပအိုဝ်းဒေသကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLA/PNLO က အာဏာရှင်တိုက်ခိုက်ရန်အကြောင်းပြပြီး ဖျက်ဆီးလိုက်သဖြင့် လှုမှုအဖွဲ့အစည်းပေါင်း (၁၉၄) ဖွဲ့က ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်ချက်အတု ဖြန့်ချိနေသည်။

လူမှုကွန်ရက် Facebook ဖြစ်သည့် Pa-Oh ပအိုဝ်း Page မှ “လူမှုအဖွဲ့အစည်းများက ပအိုဝ်းအမျိုးသား လွတ်မြောက်အဖွဲ့ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ” ဟု ဆိုကာ ထုတ်ပြန်ချက်စာတစ်စောင်နှင့်အတူ လူမှုအဖွဲ့အစည်းပေါင်း (၁၉၄) ၏ အမည်ကို ထည့်သွင်းရေးသားဖြန့်ချိထားလျက်ရှိသည်။

မူရင်းလင့် – https://archive.ph/p5JB9

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြလုပ်ခဲ့သည်။

PNLA/ PNLO အဖွဲ့ကို ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခံရသည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပအိုဝ်းလူငယ်အစည်းအရုံး Pa-O Youth Organization ထံသို့ သျှမ်းသံတော်ဆင့်က မေးမြန်းခဲ့ရာမှာ အဆိုပါထုတ်ပြန်ချက် မဟုတ်မမှန်ကြောင်း၊ လုပ်ကြံဖန်းတီး သတင်းတုဖြစ်ကြောင်း ပြောသည်။

ဖော်ပြထားသော ထုတ်ပြန်ချက်ထဲ၌ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) အပါအဝင် တစ်နိုင်ငံလုံးသော လှုမှုအဖွဲ့အစည်းများ၏ အမည်များအား သဘောထားဆန္ဒ (လုံးဝ) တောင်းခံခြင်းမရှိပဲ အလွဲသုံးစားလုပ်ပြီး ယူသုံးထားသည်ဟု ဆိုသည်။

မူရင်းလင့် – https://shorturl.at/DEJLV

ထို့အတူ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN) ကလည်း အဆိုပါထုတ်ပြန်ချက်စာစောင်နှင့်ပတ်သက်၍ မဟုတ်မမှန်၊ သတင်းတုဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။

“သတင်းတွေကို ချက်ချင်းမယုံဖို့၊ ပြည်သူတွေ အနေနဲ့ သတိကြီးကြီးရှိဖို့လိုအပ်တယ်။ အခုက လူထုအထင်မှားအောင် ၊ သွေးခွဲအောင်လုပ်နေတာ တိုင်းရင်းသားအချင်းချင်းကြားကို သွေးခွဲနေတဲ့သဘော၊ တော်လှန်ရေးအဖွဲ့နဲ့ လူမှု အဖွဲ့အစည်းကြားသွေးခွဲအောင်ပြုလုပ်နေတာပဲ” ဟု SWAN တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ဖော်ပြချက်ထဲ၌ မိမိသဘောထားဆန္ဒမပါပဲ အဖွဲ့အစည်းအမည်ဖော်ပြခံရသည့် သက်ဆိုင်ရာအဖွဲ့အစည်း၏ ပုဂ္ဂိုလ်အသီးသီးကလည်း အဆိုပါပိုစ့်အောက်မှာပင် “ကန့်ကွက်တဲ့အဖွဲ့ စာရင်းကငါတို့အဖွဲ့ပါနေတယ်၊ သိတောင်မသိ လိုက်ဘူး”၊ “ကိုယ့်အဖွဲ့တွေပါနေဦးမယ် ကြည့်ကြဦး၊ တွေ့ရာနံမည်တွေကောက်ထည့်ထားပုံရ တယ်” စသည့်ဖြင့် ဝေဖန်ထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်အဖွဲ့ PNLA/PNLO ကို ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ အတုဖြစ်ပြီး၊ အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် အင်အားစုများနှင့် ပြည်သူများအကြား ယုံကြည်မှု လျော့ကျစေရန်၊ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထိုနည်းတူ မတ်လပိုင်းတွင်လည်း ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများကို PNLA မှ မီးရှို့ခဲ့ကြောင်း ဝန်ခံထားသည်ဟု ထုတ်ပြန်စာစောင်အတု ဖြန့်ချိခဲ့ဖူးသည်။ ယင်းထုတ်ပြန်စာစောင်အတုကို သျှမ်းသံတော်ဆင့်မှ စီစစ်ထားသည်၊ အောင်ကလင့်တစ်ခုကို နှိပ်ပါ။

ထုတ်ပြန်ချက်စာစောင်အတု- https://shorturl.at/chM15

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...