Tuesday, January 27, 2026

ဝါဒဖြန့်

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်နေသည့် စစ်တပ်

သျှမ်းပြည် တောင်ပိုင်းရှိ ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံများက တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်ပေးသကဲ့သို့ တိုင်းရင်းသား အချင်းချင်းအထင်မှားပြီး ရန်ပွားအောင် သွေးခွဲရန်တိုက်ပေးနေခြင်း ဖြစ်သည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင် ဆန္ဒပြရန် သျှမ်းပြည်...

PNLA စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို အတုလို့ သတင်းအမှားဖြန့်

စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ဟာ အတုဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ Fact Check အမည်ခံ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ဇွန်လ...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ် အများအပြားကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော Myanmar National Post မှ မေလ ၂၉ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပြီး နေအိမ်မီးလောင်နေသည့် ရုပ်သံဖိုင်များနှင့်အတူ...

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု စစ်လော်ဘီက ဝါဒဖြန့်

သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ‌ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။ မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ‌...

တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်နေ

သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag ငလျင်ကြောင့် လူထောင်ချီ ဘေးသင့်နေချိန် နယ်စပ်မှတဆင့်ဝင်ရောက်လာသော တရုတ်ကြက်နီခြေ အဖွဲ့ယာဉ်တန်း ပစ်ခတ်ခံရခြင်းမှာ မဟုတ်မမှန်ကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖြန့်ချိခဲ့ပြီး DVB သတင်းဌာနမှ ရေးသားဖော်ပြထားခဲ့သော “ငလျင်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ဖို့လာတဲ့...

ထိုင်းတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးက ထောက်ပို့လုပ်နေသော မြန်မာ CDM ဖြစ်ကြောင်း စစ်လော်ဘီသတင်းအမှားဖြန့်

ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “ဖောင်းကားစားဖိုးကဲကြီး” ချန်နယ်လ်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ၎င်းက “ထိုင်းမှာထမင်းစားဖို့ အပြာရှင်ရှင်ကားတွေ ရိုက်ကူးပြီး တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရန်...

TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေဟု စစ်လော်ဘီများကဝါဒဖြန့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည်ဟုဆိုပြီး စစ်လော်ဘီချန်နယ်များက ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုဘက်မှာ အရှင်ဖမ်းမိတဲ့ TNLA အဖွဲ့ဝင် ၂...

ရုပ်သံဖိုင်ဟောင်းသုံးပြီး TNLA မှခေါင်းဆောင်ပိုင်းတစ်ဦးသေဆုံးသယောင် ဝါဒဖြန့်

ရုပ်သံဖိုင်အဟောင်းကိုအသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးသွားသကဲ့သို့ ရေးသား၍ Tik Tok ရုပ်သံဖိုင်တစ်ခုကို ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် U Kyaw Soe Oo ချန်နယ်လ်မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...

တိုင်းရင်းသားလက်နက်ကိုင် ပဋိက္ခကြားက စစ်ကောင်စီဝါဒဖြန့်နှင့် Page အတု

သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက နယ်မြေများကြောင့် အချင်းချင်းကြားအငြင်းပွားနေစဉ် စစ်တပ်ဝါဒဖြန့်ချယ်နယ်များအပါအဝင် Page အတုများက ထိုလက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိက္ခကြီးထွားလာစေရန် နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်နေ လျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း လှုမှုကွန်စာမျက်နှာပေါ်မှာ SSPP Info ပုံစံတူ Page အတုဖြင့် နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သည့် TNLA...

Latest news