တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်နေ

သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag

ငလျင်ကြောင့် လူထောင်ချီ ဘေးသင့်နေချိန် နယ်စပ်မှတဆင့်ဝင်ရောက်လာသော တရုတ်ကြက်နီခြေ အဖွဲ့ယာဉ်တန်း ပစ်ခတ်ခံရခြင်းမှာ မဟုတ်မမှန်ကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖြန့်ချိခဲ့ပြီး DVB သတင်းဌာနမှ ရေးသားဖော်ပြထားခဲ့သော “ငလျင်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ဖို့လာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းယာဉ်တန်း ပစ်ခတ်ခံရ” ဆိုသည့် အကြောင်းအရာကို မဟုတ်မမှန်သတင်းအမှားဟု ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိပြီး ထပ်ဆင့်ဖော်ပြ
သူများလည်း ရှိသည်။

သတင်းအမှားလင့်ခ် – https://archive.ph/XZ3hu

စစ်ကောင်စီဝါဒဖြန့် ချန်နယ်မှ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် MPA တို့၏ အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်သောအခါ သတင်းအမှားဖြစ်နေကြောင်း တွေ့ရသည်။

သတင်းစစ်ဆေး တွေ့ရှိချက်

အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ထွက်ခွာလာသည့် ကြက်ခြေနီအဖွဲ့ယာဉ်တန်းကို ပစ်ခတ်မိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂ ရက်နေ့က ဝန်ခံပြောကြားလိုက်သည်။

အဆိုပါယာဉ်တန်းသည် ဧပြီ ၁ ရက် ည ၉ နာရီခွဲခန့်က သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နှင့် ၉ မိုင်ခန့်အကွာ မန္တလေး-ပြင်ဦးလွင်-လာရှိုးလမ်းပေါ်ရှိ အုမ္မတီးရွာအနီးတွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

TNLA ထုတ်ပြန်ချက် – https://archive.ph/s9OQa

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုခဲ့သော ပြောကြားချက်များကို အောက်ပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Myanmar Now – https://shorturl.at/aHz6U

DVB – https://www.facebook.com/reel/676721385035572

BBC Burmese – https://shorturl.at/UzeQ6

တရုတ်နယ်စပ်မှ မန္တလေးကို ဝင်ရောက်ရန် ကြိုးစားနေသည့် တရုတ်ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီတပ်က ပစ်ခတ်သတိပေးခဲ့သည်နောက်တွင် မြန်မာငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရေးလမ်းကြောင်းများအား လုံခြုံရေးမြန်မာဘက်က ဘက်အသီးသီးကို တိုက်တွန်းထားကြောင်း တရုတ်ဘက်က ပြောလာသည်။

BBC Burmese – https://rb.gy/c5bu1k

သုံးသပ်ချက်

ငလျင်ကြောင့် လူထောင်ချီ ဘေးသင့်နေချိန် နယ်စပ်မှတဆင့်ဝင်ရောက်လာသော တရုတ်ကြက်နီခြေ အဖွဲ့ယာဉ်တန်း ပစ်ခတ်ခံရခြင်းမှာ မှန်ကန်သည်။ သို့သော် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ စစ်ကောင်စီ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် အဆိုပါသတင်းကို မဟုတ်မမှန် သတင်းအမှားဟု တန်ပြန်ဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများ၊ သတင်းအချက်အလက် မီဒီယာများ၌ သွားရောက် ဖတ်ရှု့ကြဖို့ တိုက်တွန်းပါသည်။

သတင်းတု၊သတင်းမှား ဖြစ်သည်ဟု သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့် သတင်းဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ၊ သတင်းအချက်အလက်စစ်ဆေးခြင်း (Fact Checking) ပြုလုပ်ပေးသည့် သတင်းဌာန၊ အဖွဲ့ အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

MFCN အဖွဲ့ဝင်များ၏ အချက်အလက် စစ်ဆေးထားသော အချက်အလက်စစ်ဆေးခြင်း သတင်းများကိုလည်း အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag တို့ပူးပေါင်းစစ်ဆေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...