ထိုင်းတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးက ထောက်ပို့လုပ်နေသော မြန်မာ CDM ဖြစ်ကြောင်း စစ်လော်ဘီသတင်းအမှားဖြန့်

ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “ဖောင်းကားစားဖိုးကဲကြီး” ချန်နယ်လ်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။


၎င်းက “ထိုင်းမှာထမင်းစားဖို့ အပြာရှင်ရှင်ကားတွေ ရိုက်ကူးပြီး တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရန် တစ်လကို မြန်မာငွေ သိန်း ၄၀၀ လောက်ရနေတဲ့ ပြည်ပေး CDM တစ်ဦးအား ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ ဝင်ရောက်စည်းနင်းခဲ့ရာ လိင်တု သုံးချောင်း၊ ဝက်ဝံရုပ်တစ်ခု၊ ဖုန်းနဲ့ ကင်မရာ ၂ လုံး၊ ချောဆီ ၃ ဘူး၊ ကွန်ဒုံး ၁၈ ခု သိမ်းဆည်းရမိ” ဟုလည်း (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။


ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိသည်။


ထို့အပြင် နာမည်ဆိုးနှင့် ကျော်ကြားပြီးသား စစ်ကောင်စီထောက်ခံ ဝါဒဖြန့်ချန်နယ်လ်များဖြစ်သည့် Ko Thet ၊ Ko Chit (MDY)၊ ကိုမောင်းနှင်နှင့် ရွှေနေကြာ ချန်နယ်လ်များကလည်း ဖြန့်ချိထားသည်။


မူရင်းလင့်ခ် – https://archive.ph/3AHF2


ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/eGkBH , https://archive.ph/GQbUq


သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့်အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ယင်းအကြောင်းအရာသည် မှားယွင်းနေသည်။


သတင်း စစ်ဆေးတွေ့ရှိချက်


ထိုင်းသတင်းဌာနဖြစ်သည့် Khaosod သတင်း၏ ဖော်ပြချက်အရ – ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်၊
Chatuchak မြို့နယ်၊ Soi Suea Ya တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် Ms. Sasithorn ဆိုသူ ထိုင်းအမျိုးသမီးတစ်ဦးကို ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သည့် ၄ နှစ်ကတည်းက သူမ၏ Only Fans ပလပ်ဖောင်းမှတစ်ဆင့် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးဖြန့်ချိခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု Khaosod သတင်းက ဖော်ပြသည်။


Kဒhaosod – https://shorturl.at/FrnFt


Khaosod English – https://shorturl.at/790cy


ထို့ပြင် ထိုအမျိုးသမီးတစ်ဦးသည် လူမှုကွန်ယက်တွင် Fan Group ဖွဲ့ထားပြီး တစ်ဦးလျှင် မန်ဘာကြေး ၄၉၉ ဘတ်ယူကြောင်း၊ သီးသန့် တောင်းဆိုမှုများအတွက် ဘတ် ၁,၅၀၀ ယူကြောင်း၊ တစ်လလျှင် ဝင်ငွေ ဘတ် ၅၀,၀၀၀ ခန့်ရရှိကြောင်း Thaipolice သတင်းကလည်း ထိုင်းဘာသာဖြင့်ဖော်ပြထားသည်။


Thaipolice – https://shorturl.at/Dgd5y


သုံးသပ်ချက်


ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ဖြစ်စဉ် မှန်ကန်သည်။
သို့သော် ဖမ်းဆီးခံရသူမှာ တော်လှန်ရေးအတွက် ထောက်ပို့လုပ်ပေးနေသော မြန်မာ CDM တစ်ဦးဖြစ်သည်ဆိုသည့် အကြောင်းအရာက မှားယွင်းနေသည်။


သတင်းအမှားဖြန့်ချိသူတွေက ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်ကိုအခြေခံပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးက ညစ်ညမ်းရုပ်ရှင် ရိုက်ကူးနေသယောင် ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...