ရုပ်သံဖိုင်ဟောင်းသုံးပြီး TNLA မှခေါင်းဆောင်ပိုင်းတစ်ဦးသေဆုံးသယောင် ဝါဒဖြန့်

ရုပ်သံဖိုင်အဟောင်းကိုအသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးသွားသကဲ့သို့ ရေးသား၍ Tik Tok ရုပ်သံဖိုင်တစ်ခုကို ဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် U Kyaw Soe Oo ချန်နယ်လ်မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “တင်နီလာအေး ခေါင်းကြီးပိုင်းမုသွားပြီ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၃,၀၀၀ ကျော်ရှိပြီး U Kyaw Soe Oo ချန်နယ်လ်အပြင် အခြားသော စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်များကလည်း ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.md/6cfo1

ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/8jJe1

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် မှားယွင်းနေသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ရုပ်သံဖိုင်တွင်ပါရှိသော TNLA ခေါင်းဆောင်ပိုင်းတစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၂၈ ရက်တွင် ရောဂါနှင့် လွတ်မြောက်နယ်မြေ၌ ကွယ်လွန်သွားခဲ့ကြောင်း ရွှေဖီမြေသတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ထိုခေါင်းဆောင်ပိုင်းတစ်ဦးသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ စီးပွားရေးဌာနမှ ဌာနမှူး ဗိုလ်မှူးတားဆငည်းဇား (ခေါ်) မိုင်းနိုင်သန်းထွန်းဖြစ်ပြီး၊ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ၂၀၂၂ ခုနှစ်အထိ စစ်ဦးစီးချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရွှေဖီမြေသတင်းက ဖော်ပြသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ ဗဟိုကော်မတီအဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှ ကွယ်လွန်သွားခဲ့သည့်အချိန်ထိ စီးပွားရေး ဌာနမှူးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်းဆိုသည်။

မူရင်းလင့်ခ် -https://archive.ph/pLMUY

ဆက်စပ်ဖတ်ရှု့ရန် – https://archive.ph/20wz0

ကွယ်လွန်သွားသည့် ဗိုလ်မှူး တားဆငည်းဇား (ခေါ်) မိုင်းနိုင်သန်းထွန်း၏ စျာပနအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ၂၀၂၃ နိုဝင်ဘာ ၂၉ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA ကလည်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက် – https://t.me/taangtv2023/597

၂၀၂၄ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြသော မဇ္စျိမသတင်းဌာနတွင်လည်း “TNLA ခေါင်းဆောင်ပိုင်းတွေ တိုက်ပွဲအတွင်း သေဆုံးသယောင် ဖြန့်ဝေနေတဲ့ သတင်းအမှား”ဆိုပြီး ဖော်ပြထားသည်။

မဇ္စျိမ – https://bur.mizzima.com/2023/12/02/8348

သုံးသပ်ချက်

TNLA ၏ စီးပွားရေးဌာနမှူး ဗိုလ်မှူးတားဆငည်းဇား (ခေါ်) မိုင်းနိုင်သန်းထွန်း ကွယ်လွန်သွားကြောင်း မှန်ကန်သည်။ သို့သော် ကွယ်လွန်သွားအချိန်သည် ယခုရက်ပိုင်းအတွင်း မဟုတ်ဘဲ ပြီးခဲ့သည် ၂၀၂၃ နိုဝင်ဘာလ ၂၈ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်သည်။

သတင်းအမှားဖြန့်ချိသူတွေက ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး ယခုရက်ပိုင်းအတွင်းမှ TNLA ခေါင်းဆောင်ပိုင်း တစ်ဦးကွယ်လွန်သွားသယောင် ရေးသားကာ ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...