Tuesday, January 27, 2026

ရုပ်သံဖိုင်ဟောင်းသုံးပြီး TNLA မှခေါင်းဆောင်ပိုင်းတစ်ဦးသေဆုံးသယောင် ဝါဒဖြန့်

ရုပ်သံဖိုင်အဟောင်းကိုအသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးသွားသကဲ့သို့ ရေးသား၍ Tik Tok ရုပ်သံဖိုင်တစ်ခုကို ဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် U Kyaw Soe Oo ချန်နယ်လ်မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “တင်နီလာအေး ခေါင်းကြီးပိုင်းမုသွားပြီ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၃,၀၀၀ ကျော်ရှိပြီး U Kyaw Soe Oo ချန်နယ်လ်အပြင် အခြားသော စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်များကလည်း ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.md/6cfo1

ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/8jJe1

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် မှားယွင်းနေသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ရုပ်သံဖိုင်တွင်ပါရှိသော TNLA ခေါင်းဆောင်ပိုင်းတစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၂၈ ရက်တွင် ရောဂါနှင့် လွတ်မြောက်နယ်မြေ၌ ကွယ်လွန်သွားခဲ့ကြောင်း ရွှေဖီမြေသတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ထိုခေါင်းဆောင်ပိုင်းတစ်ဦးသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ စီးပွားရေးဌာနမှ ဌာနမှူး ဗိုလ်မှူးတားဆငည်းဇား (ခေါ်) မိုင်းနိုင်သန်းထွန်းဖြစ်ပြီး၊ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ၂၀၂၂ ခုနှစ်အထိ စစ်ဦးစီးချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရွှေဖီမြေသတင်းက ဖော်ပြသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ ဗဟိုကော်မတီအဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှ ကွယ်လွန်သွားခဲ့သည့်အချိန်ထိ စီးပွားရေး ဌာနမှူးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်းဆိုသည်။

မူရင်းလင့်ခ် -https://archive.ph/pLMUY

ဆက်စပ်ဖတ်ရှု့ရန် – https://archive.ph/20wz0

ကွယ်လွန်သွားသည့် ဗိုလ်မှူး တားဆငည်းဇား (ခေါ်) မိုင်းနိုင်သန်းထွန်း၏ စျာပနအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ၂၀၂၃ နိုဝင်ဘာ ၂၉ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA ကလည်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက် – https://t.me/taangtv2023/597

၂၀၂၄ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြသော မဇ္စျိမသတင်းဌာနတွင်လည်း “TNLA ခေါင်းဆောင်ပိုင်းတွေ တိုက်ပွဲအတွင်း သေဆုံးသယောင် ဖြန့်ဝေနေတဲ့ သတင်းအမှား”ဆိုပြီး ဖော်ပြထားသည်။

မဇ္စျိမ – https://bur.mizzima.com/2023/12/02/8348

သုံးသပ်ချက်

TNLA ၏ စီးပွားရေးဌာနမှူး ဗိုလ်မှူးတားဆငည်းဇား (ခေါ်) မိုင်းနိုင်သန်းထွန်း ကွယ်လွန်သွားကြောင်း မှန်ကန်သည်။ သို့သော် ကွယ်လွန်သွားအချိန်သည် ယခုရက်ပိုင်းအတွင်း မဟုတ်ဘဲ ပြီးခဲ့သည် ၂၀၂၃ နိုဝင်ဘာလ ၂၈ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်သည်။

သတင်းအမှားဖြန့်ချိသူတွေက ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး ယခုရက်ပိုင်းအတွင်းမှ TNLA ခေါင်းဆောင်ပိုင်း တစ်ဦးကွယ်လွန်သွားသယောင် ရေးသားကာ ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...