PNLA စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို အတုလို့ သတင်းအမှားဖြန့်

စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ဟာ အတုဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။

Fact Check အမည်ခံ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ဇွန်လ ၁ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး“ထင်ယောင်ထင်မှားဖြစ်အောင် စစ်ကောင်စီ ယူနီဖောင်းကိုဝတ်ဆင်ပြီး တမင်လုပ်ကြံ ဇာတ်လမ်းဆင်ထားတဲ့ ရုပ်သံဖိုင်အတုပါ” (မူရင်းအတိုင်း) ဆိုပြီး ရေးသားဖြန့်ချိခဲ့ပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၆၀,၀၀၀ ကျော်ရှိခဲ့ပြီးတော့ အခြားစစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေကလည်း ထပ်ဆင့်ဖော်ပြထားပါတယ်။

မူရင်းဖော်ပြချက် လင့်ခ် – http://archive.today/sZrBb

အဲ့ဒီရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နဲ့ လဂွန်းအိမ်တို့က စစ်ဆေးကြည့်ရာမှာ ရုပ်သံဖိုင်က ဖြစ်စဉ်ဟာ မှန်ကန်နေကြောင်း စိစစ်တွေ့ရှိခဲ့ပါတယ်။

သတင်းစိစစ်တွေ့ရှိချက်

စစ်ဆေးတွေ့ရှိချက်အရ ရုပ်သံဖိုင်ထဲမှာ ပါရှိတဲ့ စစ်သုံ့ပန်း ၄ ဦးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးခံရတဲ့ PNLA တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

PNLA ထုတ်ပြန်ချက် – https://shorturl.at/LaWKY

ဖမ်းဆီးခံထားရတဲ့ ရဲဘော် ငါးဦးရဲ့ ဓါတ်ပုံနဲ့ ယခု ထွက်ပေါ်နေတဲ့ ဗီဒီယိုကို တိုက်ဆိုင်စစ်ဆေး ကြည့်ရာမှာ – ဝတ်ဆင်ထားကြတဲ့ ယူနီဖောင်း စိမ်းနုရောင်၊ ဒီဂျစ်တယ် ပြောက်ကျားကွက်၊ စိမ်းရင့်ရောင်၊ ပျောက်ကြားကွက်၊ တူညီနေသလို စီးထားတဲ့ ဖိနပ်အရောင်၊ ရဲဘော် ၄ ဦးရဲ့ အရပ်အမောင်း စသည့် အချက်များလည်း တူညီနေတာ တွေ့ရတာကြောင့် မှန်ကန်ကြောင်း အတည်ပြု နိုင်ခဲ့ပါတယ်။

(စစ်ဆေးအတည်ပြုချက်ကို ပုံမှာကြည့်ပါ။)

အဲ့အပြင် လွတ်လပ်တဲ့ သတင်းဌာနတွေဖြစ်တဲ့ ခမ်းသားငေါဝ်း, ဖက်ဒရယ် FM, DVB နဲ့ People Spring တို့ကလည်း အတည်ပြု ဖော်ပြထားကြပါတယ်။

ဖမ်းဆီးခံရတဲ့ PNLA ရဲဘော် ၅ ဦးအနက် ၄ ဦးကို ပစ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်ကို ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်သား စစ်သုံ့ပန်းတစ်ဦးရဲ့ ဖုန်းထဲကနေ သိမ်းဆည်းရရှိ ခဲ့တာဖြစ်ကြောင်း၊ ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ဦးအနက် ၄ ဦးကို လက်ပြန်ကြိုးတုတ်ကာ သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပြီး တဦးကို အခြား တနေရာမှာ သတ်ဖြတ်ခဲ့တာလို့ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီ စစ်သုံ့ပန်း က ထွက်ဆိုထားကြောင်း PNLA ကို ကိုးကားပြီး သတင်း မီဒိယာတွေက တင်ဆက်ထားပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ ရဲဘော်များမှာ PNLA မှ ခွန်ကျပ် – ဒုဗိုလ် ၊ ခွန်မွေး – တပ်စိပ်မှူး ၊ ခွန်ထွန်းငွေ – ဒုတပ် စိပ်မှူး၊ ခွန်ဦး – ရဲဘော် တို့ဖြစ်ကြောင်း PNLA ရဲ့ ပြောဆိုချက်အရ ခမ်းသားငေါင်းက ဖော်ပြထားပါတယ်။

သတင်းမီဒီယာ လင့်ခ့်များ –

ခမ်းသားငေါဝ်း – https://shorturl.at/OfJt2
ဖက်ဒရယ် FM – https://shorturl.at/mYPiw
DVB – https://www.dvb.no/post/707785
People Spring – https://www.facebook.com/share/p/19Q66aZXi4/


အဲ့ဒီ ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာမှာ ဂျပန် သတင်းဌာန တခုကလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။

သတင်းလင့်ခ် – https://news.yahoo.co.jp/…/0783deeab1ef44a3f1d2cfdbd819…


လူ့အခွင့်ရေး ချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေး အတည်ပြု ပေးနေတဲ့ TNISO ကလည်း ယခု ဖြစ်စဉ် ဗီဒီယိုကို စစ်ဆေးအတည်ပြု ထားတာကို တွေ့ရပါတယ်။

TNISO – https://www.facebook.com/share/p/1AzG3HHrTE/

သုံးသပ်ချက်

လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်များနဲ့ စီစစ်အတည်ပြုချက်များအရ စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ပစ်ခတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်က ဖြစ်စဉ်ဟာ မှန်ကန်နေတာကို တွေ့ရပါတယ်။

Factcheck အမည်ခံ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်က ဖော်ပြထားတဲ့ “ထင်ယောင်ထင်မှား ဖြစ်အောင် စကစ ယူနီဖောင်းကို ဝတ်ဆင်ပြီး တမင် လုပ်ကြံဇတ်လမ်း ဆင်ထားတဲ့ Video အတုပါ” ဆိုတဲ့အချက်က ဝါဒဖြန့် ဖော်ပြနေတဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ၎င်းတို့ အပေါင်းအပါတွေက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်နိုင်ဖို့ ထင်ယောင်ထင်မှား ဖြစ်အောင် စစ်တပ်လော်ဘီ ချိန်နယ်တွေက မကြာခဏ ဝါဒဖြန့် ဖော်ပြနေကြတာ ဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့်/ လဂွန်းအိမ်/ The Red Flag တို့ ပူးပေါင်းစိစစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...