စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု စစ်လော်ဘီက ဝါဒဖြန့်

သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ‌ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။

မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ‌ ( ၂၈ ) ရက်နေ့က ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ တစ်ထောင်နှစ်ရာကျော်ရှိနေတာကို တွေ့ရှိရပါတယ်။

သတင်းအမှားအကြောင်းအရာ အပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

မူရင်းသတင်းအမှားလင့်ခ် – https://t.me/shwenaykyar/96928

အဲ့ဒီ ထုတ်ပြန်ချက် အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FMနဲ့ သျှမ်းသံတော်ဆင့်တို့ရဲ့ အချက်အလက်စစ်ဆေးသူတွေက ပူးပေါင်း စစ်ဆေးကြည်တဲ့အခါ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်နေကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာသတင်းဌာနဖြစ်တဲ့ Karenni People’s Voice သတင်းဌာနမှာတော့ “ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၃၆)နှစ်အရွယ် အမျိုးသား (၁)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားတဲ့ အကြောင်း၊ ဧပြီလ (၂၇)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်အချိန်တွင် မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂)တပ်ကနေ မိုးဗြဲမြို့အနီးသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာနေ ဦးလိ သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးကပြောတဲ့ အကြောင်း၊ စစ်ကောင်စီက ဧပြီလ (၂၇)ရက်နေ့တွင် မိုးဗြဲအနီးကို လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက တူညီစွာ​ ပြောဆိုတဲ့ အကြောင်း”စတာတွေကို သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/1LgvkUbxru/

နောက်ထပ်ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ကန္တရဝတီတိုင်း(မ်) သတင်းဌာနမှာတော့ “
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့က ကျေးရွာတစ်ရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တဲ့ အကြောင်း၊ သေဆုံးခဲ့သူမှာ အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသားဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်ခဲ့တဲ့အကြောင်း၊ လတ်တလောမှာလည်း မိုးဗြဲမြို့အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားရှိရာအရပ်ကို စစ်ကောင်စီ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့ အကြောင်း” တွေကိုသတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/1CHnaHE4CL/

နောက်ထပ် သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနမှာတော့ လက်ရှိမိုးဗြဲမြိုဲ့ရဲ့ အခြေအနေကို သတင်းမှာ ဖော်ပြထားပါတယ်။

“ ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။မနေ့ ဧပြီ ၂၇ ရက်ကစပြီး မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၂၂ တပ်ကနေ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ မိုးဗြဲမြို့ကို ထိုးစစ် ဆင်လာပြီး ဒီနေ့ ဧပြီ ၂၈ ရက်အထိ တိုက်ပွဲ ပြင်းထန်နေတယ်” လို့ မိုးဗြဲရဲ့ လက်ရှိအခြေအနေကို သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို မူရင်းသတင်းလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအပြည့်အစုံ လင့် – https://www.facebook.com/share/p/16RwU4EaNY/

မိုးဗြဲတိုက်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့ အခါမှာတော့ “ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီအင်အား အလုံးအရင်းထိုးလာ‌တော့ စစ်ကောင်စီ အများကြီး ထိခိုက်ထားတယ်လို့ သိရတယ်။ အတိအကျ မသိတဲ့အပြင် နယ်‌မြေရှင်းလင်း‌ရေးလည်း လုပ်လို့မရဘူး။ စစ်ကောင်စီဘက်က ခန့်မှန်းအရတော့ ထိခိုက်သေဆုံးသူ ၁၅ ဦးနဲ့ အထက်မှာရှိမယ်” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မိုးဗြဲမြို့မှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက်၊ သတင်းမီဒီယာဌာနက တင်ပြထားတဲ့သတင်းတွေကို သတင်းအမှားဖြစ်ကြောင်း ရေးသားထားသည့်အကြောင်းက ပြည်သူတွေ သတင်းမီဒီယာအပေါ် ထင်ယောင်ထင်မှားဖြစ်အောင် အချက်အလက်အကြောင်းအရာမှားများနဲ့ တန်ပြန်ဝါဒဖြန့်ချိနေတာကိုတွေ့ရပါတယ်။

စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေတဲ့ သတင်းတွေကို အလွယ်တကူမယုံကြဖို့နဲ့ စိတ်ချပြီးယုံကြည်ရတဲ့ သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FM၊ The Red Flag တို့ ပူးပေါင်းရေးသားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...